Pages

Friday, December 11, 2009

စကားလုံးတွေမှာ အားရှိတယ်

အသက်ပြည့်ပြီဆိုတာနဲ့ လုပ်ချင်ချင် မလုပ်ချင်ချင် အမေရိကားမှာတော့ မဝင်မနေရ စစ်ထဲ ဝင်ရတာပါပဲ။ အခုလည်း သူက ဘာမှ ဖြစ်ဖြစ်မြောက်မြောက် ကျောင်းတုန်းက ဖြစ်မြောက်ခဲ့တဲ့ ကောင် မဟုတ်။ သူ့ထက် ဖြစ်မြောက်တဲ့ သူငယ်ချင်းတွေကတော့ ကျောင်းက ဘတ်စကတ်ဘော ၊ ရပ်ဂဘီ စတဲ့ ကျောင်းအားကစားတွေမှာ အစွမ်းပြနိုင်တော့ အားကစားထူးချွန်မှု နဲ့ စစ်ထဲ ဝင်ခွင့်ကနေ ကင်းလွတ်ခွင့်ရကြတယ်။

သူကတော့ ဘာအားကစားမှလည်း မဖြစ်မြောက် ၊ ကျွမ်းကျင်တာလည်း မရှိသေးသလို ၊ မိမိရဲ့ ရည်မှန်းချက် ရည်ရွယ်ချက် ဘာလဲဆိုတာကိုလဲ မိမိဖာသာတောင်မှ မိမိ မရှိ။ မဖြစ်မနေမို့သာ စစ်ထဲ ဝင်လာတယ်။ ဘာစိတ်ဓါတ်မှလည်း မပါလာ။

ဒီလိုနဲ့ပဲ စစ်မှုထမ်းရမယ် ဆိုတဲ့ ၂ နှစ်တာ ကာလကို သူဖြတ်သန်းမယ်လို့ စဉ်းစားထားတယ်။ လေ့ကျင့်ချိန်လေ့ကျင့်လိုက်မယ်။ နားချိန်နားမယ်။ စစ်မှု သက်တမ်းကုန်ရင် သူ ဒီစစ်တပ်ကို “ တာ့တာ ” ပြမယ်။ ဒီလိုပဲ သူစဉ်းစားပြီး ဘာမှ ရည်ရွယ်ချက်မရှိပဲ ဒီစစ်တပ်ထဲမှာ သူဖြတ်သန်တယ်။

တစ်နေ့တော့ သူတို့ စစ်တပ်တစ်ခုလုံး လှုပ်လှုပ်ရှားရှား လေ့ကျင့်ပြင်ဆင်နေကြတယ်။ ဘာလို့လဲ ဆိုတော့ သူတို့ စစ်တပ်ထဲကို သမ္မတကြီး ကိုယ်တိုင် ကြွရောက်ပြီး အားပေးစကား မိန့်ခွန်းပြောကြားမယ်တဲ့။ ဘာတွေ ပြောမှာလဲ မသိပေမဲ့ သူ စိတ်လည်း မဝင်စားပါ။ သို့သော် တစ်တပ်လုံးနဲ့ သက်ဆိုင်တာ ဆိုတော့ သမ္မတကြီးလာရင် အားလုံးအဆင်ပြေအောင် လေ့ကျင့်ကြတယ်။ ပြင်ဆင်ကြတယ်။

ဒါနဲ့ သမ္မတကြီး လာတဲ့နေ့ကို ရောက်လာတယ်။ သမ္မတကြီးက သူတို့ စစ်တပ်ကို အိပ်ယာတွေက အစ လိုက်ပြီး စစ်ဆေးတယ်။ နောက် သူတို့ ကို မိန့်ခွန်းပြောမယ် ဆိုပြီး လူတွေကို စုရုံးတော့ သူ အံ့သြသွားတယ်။ သမ္မတကြီး မိန့်ခွန်းပြောမဲ့နေရာက စင်မြင့်ပေါ်မဟုတ်ဘူး။ သူတို့စစ်တပ်ရဲ့ စစ်တန်းလျား အဆောင်ရှေ့မှာပဲ ဒီအတိုင်း သူတို့က မြေပြင်မှာ ရပ်နေပြီး သမ္မတကြီးက အဆောင်ကော်ရစ်တာပေါ်ကနေ ပြောတာ. .။

သူတို့ကို စစ်သားတစ်ယောက်မှာ ရှိသင့်တဲ့ စိတ်ဓါတ် ၊ စစ်သားတစ်ယောက်မှာ ရှိသင့်တဲ့ အရည်အသွေး ဒါတွေကို ခပ်တိုတိုပဲ ပြောသွားတယ်။ ဒါတွေ တကယ်ကို သူ့စိတ်ထဲမှာ ဘာမှ မမှတ်မိလိုက်ပါ။ သို့သော် သူ့စိတ်ထဲမှာ မှတ်မှတ်ရရ ရှိသွားတာလေး တစ်ခုတော့ ရှိတယ်။ ဒီစကားလေးကို သမ္မတကြီးက မိန့်ခွန်းနောက်ဆုံးမှာ ချုပ်ပြောလိုက်တာပါ.။ စကားလေး တစ်ခွန်းတည်းပါပဲ။ ဒါပေမဲ့ ဒီတစ်ခွန်းတည်းနဲ့တင် ကျွန်တော့်ဘဝ အတွက် ပြည့်စုံပါတယ်။

သမ္မတကြီး မိန့်ခွန်းချွေသွားတဲ့ နောက်ဆုံးပိတ် နိဂုံးစကားလေးက

“ လူဆိုတာ ရောက်ရာ နေရာမှာ တိုးတတ်အောင်တော့ ကြိုးစားနေရတာပဲ။ ဒီမှာ ရည်မှန်းချက်လေးနဲ့ ကြိုးစား ၊ နောင်တစ်နေ့ ဒီစစ်တပ်ထဲမှာ သမ္မတ ဖြစ်လာမဲ့သူ မပါဘူး လို့ ဘယ်သူ ပြောနိုင်လဲ .။ ဟုတ်တယ် မဟုတ်လား။ ”

ဒါလေးပါပဲ။ ဒါပေမဲ့ ဒီစကားလေးနဲ့ပဲ ၊ ဒီစကားလေးကို ပဲ အကြိမ်ကြိမ်ကြားယောင်ပြီး ကျွန်တော် သမ္မတကြီး ပြောသလို အခု သမ္မတကြီး မိန့်ခွန်းပြောသွားတဲ့ အတိုင်း “ ဒီစစ်တပ်ထဲကနေ နောင်တစ်နေ့ သမ္မတ ဖြစ်လာအောင် ကြိုးစားခဲ့တာပါ။ ”

ဒီလူငယ်လေးကတော့ နောင်အခါမှာ အမေရိကန်ပြည်ထောင်စုမှာ တကယ်ကို သမ္မတ ဖြစ်လာခဲ့ပြီး သမ္မတတွေထဲမှာ ပြည်သူအချစ်ဆုံး နဲ့ အချောဆုံး လို့ ပြောကြတဲ့ သမ္မတ “ ဘီလ်ကလင်တန် ” ပါပဲ.။

source ; THE BEST ADVICE I EVER HAD
ကိုဇော် ခံစားတင်ပြသည်။
http://zaw357.multiply.com