Pages

Friday, December 11, 2009

တစ်နှစ်ပတ်လုံး ပိုက်ဆံတပြားမှ မသုံးခဲ့သူ



လူတစ်ယောက် တစ်နှစ်တိတိ အသက်ရှင်လှုပ်ရှားသွားလာချိန်မှာ ပိုက်ဆံ တစ်ပြားမှ မကုန်ဘဲ ပျော်ရွင် နေနိုင်ခဲ့တယ်လို့ ပြောပြခဲ့ပါတယ်။ ထိုကဲ့သို့လည်း ထပ်လုပ်သွားအုံးမှာဖြစ်ပါတ ယ်။ အသက် ၃၂ နှစ်ရှိပြီးဖြစ်တဲ့ မာ့ခ်ဘိုရာလ် ဟာ လွန်ခဲ့တဲ့ ၁၂ လ အတွင်း အမှန်တကယ်ကို ပိုက်ဆံတပြားမှမကုန်ခဲ့ဘဲ Timsbury ရှိတဲ့ နေအိမ်ကဲ့သို့ ချက်ပြုတ်အိပ်နေနိုင်ရန် စီမံထားသောယာဉ် ထဲမှာ နေခဲ့ပါတယ်။ သူ့ရဲ့ ကိုယ်ပိုင် သစ်ပင်၊ သီးပင်များကို ဖြစ်ထွန်းစေကာ သူများလွင့်ပစ်ထားတဲ့ အမှိုက်သရိုက်အစုတ်ပလုပ် တွေကို ပြန်လည်ပြီးအသုံးပြုနေခဲ့ပါတယ်။ ပိုက်ဆံတစ်ပြားတောင် မသုံးခဲ့ဘဲ ပျော်ရွှင်တဲ့လူတစ်ယောက်ဖြစ်ခဲ့တ ယ်လို့ ဘိုရာလ် ကပြောပါတယ်။ ရှေ့ဆက်ပြီးတော့လဲ ထိုကဲ့သို့ပိုက်ဆံ တပြားမှမကုန်တဲ့

ဘဝမျိုးအတိုင်းနေသွားအုံးမယ်လို့  ပြောပြခဲ့ပါတယ်။ သူဟာ ဘယ်နေရာသွားသွား စက်ဘီးနဲ့သွားပါတယ်။ ဖုန်းကိုလည်း သူကမခေါ်ဘဲ သူများခေါ်မှသာ နားထောင်ပါတယ်။ လျှပ်စစ်မီးအတွက် ဆိုလာစွမ်းအင်ကို အသုံးပြုပြီး ရေချိုးလို့ သွားတိုက်ရင်တောင် ကင်းမွန် ဟာရဲ့ အရိုးနဲ့ပြုလုပ်ထားတဲ့ သွားပွတ်တံနှင့်တိုက်ပါတယ် ။ အဝတ်အစားကိုတော့ အမှိုက်ပုံးတွေ ထဲကရယူသလို Freecycle ဝဘ်ဆိုက် ထဲကနေ ရှာပါတယ်။ မစ္စတာဘိုရာလ် ဟာ အိုင်ယာလန်ဖွားတစ်ယောက်ဖြစ်ပြီး စီးပွားရေပညာနဲ့ ဘွဲ့ရထားတဲ့သူတစ်ယောက်ဖြစ် ပြီး အရင်က စီးပွားရေးသမားတစ်ယောက်ဖြစ်ပါတယ်။ အင်တာနက်အသုံးပြုတဲ့အခါမှာ လည်း နေရောင်ခြည်စွမ်းအင်နဲ့ အသုံးပြုတဲ့ ကွန်ပြုတာကို wi-fi (အင်တာနက်လိုင်းရှိတဲ့နေရာတွေမှာ ဝါယာကြိုးမရှိဘဲ အခမဲ့သုံးလို့ရတဲ့စနစ်) နှင့်သုံးပါတယ်။ အလုပ်ကတော့ စိုက်ပျိုးမွေးမြူရေး ခြံတစ်ခုမှာ လုပ်ပါတယ်။ ကျွန်တော်ဘဝမှာ ဒီနှစ်က အပျော်ရွင်ဆုံးဖြစ်ပါတယ်။ ရှေ့ဆက်ပြီးတော့လည်းဒါမျိုးဆက်ေ နဖို့ ရည်ရွယ်ထားပါတယ် လို့ ဘိုရာလ် ကပြောပါတယ်။ ဒီဘဝလေးဟာ တကယ့်ကိုယ် လွတ်မြောက်မှု့ရှိတဲ့ဘဝလေး တစ်ခုဘဲဖြစ်ပါတယ်။ ခက်ခဲမှု့လေးတွေရှိပါတယ် ဒါပေမဲ့ ဘဏ်အကောင့်အတွက်၊ အသုံးစရိတ် ဘေလ် ပြီးတော့ နာရီပေါင်းများစွာ ကားလမ်းပိတ်ဆို့မှု့တွေမှာ တော့ ကျွန်တော်မပျော်ပါဘူး။ ဒီလို ဘဝဟာ အလွန်ကောင်းတဲ့ဘဝလေးဖြစ်တယ်လို့ ကျွန်တော်အာမခံပါတယ်။ မည်သူမဆိုလဲလိုက်လုပ်နီုင်ပါတယ် ။ ထို့ကဲ့သို့ ပိုက်ဆံဘယ်လိုချွေတာသုံးပြီးနေရ မယ်ဆိုတာ ကိုလည်း သူရဲ့ဘလော့ခ် နှင့် Freeskilling တို့မှာ သင်ကြားသွားမယ်လို့သိရပါတယ်။

** အားကျလိုက်တာနော် .. အဲ့လိုလေး မသုံးပဲနေနိုင်ရင် တော်တော်စုမိမယ် ခုတော့ .... ***
credit: လမ်းသရဲမလေးlimk