Pages

Wednesday, January 20, 2010

ဂျပန်လေကြောင်းသည် အင်္ဂါနေ့က အကြွေး ၂၆ ဘီလီယံဖြင့် လူမွဲစာ ရင်း ကြေငြာလိုက်ပြီဖြစ်သည်။





ဂျပန် လေကြောင်းလိုင်း လူမွဲ အဖြစ်ခံယူ

20/Jan/2010



        ဂျပန်နိုင်ငံ၏ အကြီးမားဆုံးသော ကော်ပိုရေးရှင်း အဖွဲ့အစည်းကြီး တစ်ခု

ဖြစ်သည့် ဂျပန်လေကြောင်းသည် အင်္ဂါနေ့က အကြွေး ၂၆ ဘီလီယံဖြင့် လူမွဲစာ

ရင်း ကြေငြာလိုက်ပြီဖြစ်သည်။ လူမွဲစာရင်း ခံယူနေစဉ်အတွင်း ခရီးစဉ်များပုံမှန်

ပြေးဆွဲနေမည်ဟု ဆိုသည်။အာရှ၏အကြီးဆုံးသောလေကြောင်းလိုင်းကြီးသည်

နှစ်စဉ် ခရီးသည် သန်း ၅၀ ခန့်အား သယ်ယူ ပို့ဆောင်ပေးလျက်ရှိပြီ ယခုအခါ

လူမွဲစာရင်း ခံယူလိုက်သောကြောင့် အလုပ်သမားဦးရေ ၃၀% အားလျှော့ချ၍

အစိုးရထောက်ပံစရိတ် ဒေါ်လာ ၁၀ ဘီလီယံနှင့် သုံးနှစ်တာကာလအတွင်း အ

ရေးပေါ်ချေးငွေများအား ရယူခံစားခွင့် ရှိပြီဖြစ်သည်။ဂျပန်လေကြောင်းလိုင်း၏

စီမံ ခန့်ခွဲမှုများသည်  လွန်ခဲ့သော နှစ်များအတွင်း  All Nippon  လေကြောင်း

လိုင်းထက်ပင် ဆိုးဝါးလာခဲ့သည်။ အင်္ဂါနေ့က ထိုလေကြောင်းလိုင်း၏ ရှယ်ယာ

ဈေးသည်သုံးယမ်အထိကျဆင်းသွားခဲ့သည်။ဂျပန်လေကြောင်းလိုင်း၏ စတော့

များအား ဖေဖော်ဝါလ ၂၀ ရက်နေ့ပတ်ဝန်းကျင်တွင် တိုကျိုစေတာ့ အိတ်ချိန်း

ဈေးကွက်စာရင်းများမှ ဖယ်ရှားပစ်မည် ဖြစ်သည်။ အကြွေး ၂၆ ဘီလီယံနီးပါး

ဖြင့် လူမွဲအဖြစ် ခံယူခဲ့သော ဂျပန် လေကြောင်းလိုင်းအဖွဲ့သည် ဂျပန်နိုင်ငံ၏

စီးပွားရေးမပြေမလည်ဖြစ်စေခြင်း၏အဓိကတရားခံတစ်ဦးဖြစ်လာခဲ့လေသည်။

မတ်လ ကုန်ဆုံးသော ဘဏ္ဍာရေး နှစ်အတွင်းတွင် ထိုလေကြောင်းလိုင်း၏ အ

သားတင်လုပ်ငန်း အရှုံးသည် ၂.၉ ဘီလီယံရှိမည်ဟု ခန့်မှန်းရသည်။ ကြွေးရှင်

များမှ ယမ် ၇၃၀ ဘီလီယံအား လျော်ပေးမည်ဖြစ်သည်။ (အေအက်ဖ်ပီ)