Pages

Monday, January 18, 2010

ဆူနာမီ ဖြစ်ပေါ်နိုင်သည့် ငလျင်ကြီးတစ်ခု အင်ဒိုနီးရှားတွင် လှုပ်ရန်ရှိ





18/Jan/2010



      ဆူနာမီ ရေလှိုင်းကြီးများ ဖြစ်ပေါ်၍ ၂၀၀၄ ခုနှစ် အာချေး ငလျင်ကဲ့သို့ လူ

အမြောက်အမြားသေစေနိုင်သော ငလျင်ကြီးတစ်ခုသည် မကြာမီအချိန်အတွင်း

အင်ဒိုနီးရှားနိုင်ငံ ဆူမားတြားကျွန်း အနီးတွင် လှုပ်ခတ်နိုင်သည်ဟု မြောက်အိုင်

ယာလန်နိုင်ငံ အာစတာတက္ကသိုလ်မှ ပါမောက္ခ ဂျွန်မက်ကလော့စကီးနှင့် အဖွဲ့

ကကြိုတင်ဟောကိန်းထုတ်ခဲ့သည် ၎င်းပါမောက္ခသည် ၂၀၀၅ ခုနှစ်ဆူမားတြား

ငလျင်ကြီးကို နှစ်ပတ်ခန့်ကြိုတင်၍ခန့်မှန်းပြောဆိုခဲ့သူဖြစ်သည်။ကမ္ဘာပေါ်တွင်

ကြောက်စရာအကောင်းဆုံး ငလျင်ဇုံဖြစ်သော Sunda Trench အပိုင်းတွင် ရာ

စုနှစ် နှစ်ခုကတည်းက အင်အားများစုစည်းနေခဲ့ရာ ယခုအခါ စိုးရိမ်ဖွယ်အခြေ

အနေသို့ ရောက်ရှိနေပြီဟု ၎င်းက ပြောဆိုသည်။ ၎င်းဇုံသည် ဆူမားတြားကမ်း

ခြေနှင့် အပြိုင်တည်ရှိ၍ မန်တာဝီကျွန်းများနှင့် ဆက်စပ်နေသဖြင့်၎င်းဒေသကို

မန်တာဝီအကွက်ဟု အမည်မှည့် ခေါ်ထားသည်။ ၎င်းငလျင်၏ အင်အားသည်

၈.၅ ခန့်ရှိနိုင်၍ ငလျင်ကြောပေါ်တွင် ရှိနေသော လူဦးရေ  ၈၅၀၀၀၀ နေထိုင်

သည့် ပဒန်းမြို့အတွက် အထူးပင်စိုးရိမ်စရာအခြေအနေဖြစ်သည်။

(အေအက်ဖ်ပီ)