Pages

Saturday, January 30, 2010

တိုက်ခိုက်ရေး ဂျက်လေယာဉ်သစ် ရုရှားနိုင်ငံ ထုတ်လုပ်

30/Jan/2010
      ရုရှားနိုင်ငံသည် ဟောင်းနွမ်းနေသော စစ်လက်နက်ပစ္စည်းများကို အစားထိုး

ရန်ရည်ရွယ်၍  ၄င်း၏ ရေဒါ ရှောင်ကွင်းနိုင်သော တိုက်ခိုက်ရေး ဂျက် လေယာဉ်

ဆူခွိုင် T-50 ကို ယမန်နေ့က ထုတ်ဖော်ပြသခဲ့သည်။ ၄င်းလေယာဉ်ကိုအိန္ဒိယနိုင်

ငံ ပညာရှင်များနှင့် ပူးပေါင်း၍ စမ်းသပ် တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။ စီးပွားဖြစ်

အများအပြားထုတ်လုပ်မှုကို သက္ကရာဇ် ၂၀၁၅ ခုတွင် ပြုလုပ်မည် ဖြစ်သည်။ ၄င်း

လေယာဉ်သည်အမေရိကန်၏ F-22 နှင့်ယှဉ်ပြိုင်နိုင်မည်ဖြစ်သည်။၎င်းလေယာဉ်

ကြောင့် နိုင်ငံ၏  ကာကွယ်ရေးအင်အား တောင့်တင်းလာမည့်အပြင် ကမ္ဘာ့ လေ

ယာဉ်ဈေးကွက်တွင် များစွာ ရောင်းချရမည် ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော်

ထုတ်လုပ်မှုစရိတ် များစွာသက်သာသောကြောင့်ဖြစ်သည်။ ၄င်းလေယာဉ်သည်

ပျံသန်းနေစဉ် ဆီဖြည့်ပေးနိုင်သည့် အမျိုးအစားဖြစ်သည်။
(ဘီဘီစီ)