ကာလီဖိုးနီးယားဒေသတ၀ှမ်းတွင် ဗုဒ္ဓဟူးနေ့က အားပြင်း မုန်တိုင်းတစ်ခု
ဝင်ရောက်မွှေနှောက်နေသဖြင့် ရေကြီးရေလျှံခြင်းနှင့် မြေပြိုကျခြင်းတို့ဘေးမှ
ကင်းဝေးစေရန်အတွက် ဒေသခံရာပေါင်းများစွာအား ဘေးလွတ်ရာသို့ ရှောင်
ပြေးကြရန် အမိန့်ထုတ်ပြန်ထားသည်။ယမန်နှစ်ကတောမီးများလောင်ကျွမ်းခဲ့
သဖြင့် သီးနှံစိုက်ခင်းများ ပြုန်းတီးလျက်ရှိသော ထိုဒေသတွင်တတိယအကြိမ်
မြောက် ၀င်ရောက်လာသော ယခုမုန်တိုင်းကြောင့်တချို့ဒေသများတွင်မိုးရေ
ချိန် ၁၀ လက်မခန့် ထိ တက်လာနိုင်သည်။ လော့အိန်ဂျလိစ်ဒေသတွင်မြေပြို
ကျမှုများဖြစ်ပေါ်လာနိုင်၍အိမ်ပေါင်း၇၅၀ခန့်အားဘေးလွတ်ရာသို့ရွှေ့ပြောင်း
ကြရန် အမိန့်ထုတ်ပြန်ထားသည်။ဆိုးဝါးသောရာသီဥတုကြောင့် Oakland မှ
Sacramento သို့ပျံသန်းသွားသောခရီးသည်တင်လေယာဉ်နှစ်စီးသည်မိုးကြိုး
ထိမှန်မှုကြောင့် ၀န်ထမ်းတစ်ဦး လက်မောင်းတွင် နာကျင်ဒဏ်ရာရ၍ ဆေးရုံ
သို့တင်ပို့ထားရသည်။ (အေအက်ဖ်ပီ)
|