Pages

Wednesday, January 27, 2010

အက်ပလ်က မိုဘိုင်းဖုန်းဆက်သွယ်၍ရသည့် အိုင်ပက် အိတ်ဆောင်ကွန်ပျူတာကို ဈေးကွက်တွင် ဖြန့်

ကာလီဖိုးနီးယား၊အိုင်ပေါ့ အိတ်ဆောင် တေးသီချင်းဖွင့်စက် ဖြင့် နိုင်ငံတကာ Gadget ဈေးကွက်၏ ရှစ်ဆယ်ရာခိုင်နှုန်းကို စိုးမိုးထား နိုင်ခဲ့သည့် အက်ပဲလ် ကွန်ပျူတာ(ဥာဏ်ရည်တုစက်) ကုမ္ပဏီက iPad အမည်ရှိ လက်ဖ၀ါးသာသာ အရွယ်ကွန်ပျူတာ လေးကို ယနေ့ ဈေးကွက်တွင် ထုတ်ဝေဖြန့် ချိလိုက်ပြီ ဖြစ်ကြောင်း အက်ပဲလ် ၏အမှုဆောင် အရာရှိချုပ် ဖြစ်သူ စတိဗ် ဂျောဘ်က က ယနေ့ ထုတ်ဖော်ပြောဆိုလိုက်သည်။
ဈေးကွက်တွင် ယနေ့ စတင်ရောင်းချနေပြီ ဖြစ်သည့် iPad သည် လက်မ၀က် အရွယ်ခန့် ထူပြီး 9.7 လက်မအရှည်ရှိသည်။၁၆ ဂီဂါဘိုက် သိုလှောင်နိုင်သည့် iPad မှာ ၄၉၉ ဒေါ်လာ
ကျသင့်မည် ဖြစ်ပြီး ၃၂ ဂီဂါဘိုက် နှင့် ၆၄ ဂီဂါဘိုက်တို့ မှာ ၅၉၉ နှင့် ၆၉၉ ဒေါ်လာကျသင့်မည်ဖြစ်သည်။
အိုက်ပက်သည် Bluetooth နှင့် WiFi စနစ်များပါဝင်မည်ဖြစ်ပြီး ခောတ်သစ် ကွန်ပျူတာများ၏ လုပ်ဆောင်မှုစနစ်အားလုံးပါဝင်မည်ဖြစ်သည်။အိုင်ပက်သည်အမေရိကန်တွင်AT&Tတယ်လီဖုန်းလိုင်းနှင့်ဆက်သွယ်၍ မိုဘိုင်း ဖုန်းဆက်သွယ်ပြောဆိုမှု စနစ်အားတပ်ဆင်၍ အသုံးပြုနိုင်မည်ဖြစ်သည်။