Pages
Home
Music
Sunday, February 7, 2010
ဂျိမ်းကင်မရွန်နဲ့ ဇနီးဟောင်းဖြစ်သူ အော်စကာဆုအတွက်လျှာထားခံရ
February 2, 2010
ဆုလျှာထားခံရသည့် ပယ်နီလိုပီခရုဇ်၊ဆန်ဒရာဘူလောခ်၊မော်ဂန်ဖရီးမန်း
ဒါရိုက်တာ ဂျိမ်းကင်မရွန် ရိုက်ကူးသည့် Avatar ဇာတ်ကားသည် အကောင်းဆုံးဇာတ်ကား
ဆုအပါအ၀င် ဆု၉ဆုလျှာထားခံရသည်။ယနေ့  ဘီဗာလီဟီလ်းတွင် ကျင်းပသော အော်စကာ
ဆုအတွက် လျှာထားခံရသည့် ဇာတ်ကားများကို သတင်းထုတ်ပြန်ရာတွင် အမျိုးသမီး ဒါရိုက်
တာ ကတ်သရင်း ဘီဂယ်လို ရိုက်ကူးသည့် The Hurt Locker ဇာတ်ကားမှာလည်း အကောင်း
ဆုံးဇာတ်ကားဆု အကောင်းဆုံးဒါရိုက်တာဆုအပါအ၀င်ဆု ပေါင်းခုနှစ်ဆုလျှာထားခံရသည်။
The Hurt Locker ဇာတ်ကားကိုရိုက်ကူးခဲ့သည့် ဒါရိုက်တာ ကတ်သရင်း ဘီဂယ်လိုမှာ
ကမ္ဘာ့ဝင်ငွေအကောင်းဆုံးရုပ်ရှင်ကား နှစ်ကား ဖြစ်သည့် Titanic နှင့် ယခု ရုံတင်ပြသနေ
ဆဲ ဇာတ်ကားဖြစ်သည့် Avatar ဇာတ်ကားများကို ဖန်တီးခဲ့သည့် ဒါရိုက်တာ ဂျိမ်းစ်ကင်မရွန်
၏ ဇနီးဟောင်း ဖြစ်သည်။
ကတ်သရင်း ဘီဂယ်လိုသည် အကောင်းဆုံးဒါရိုက်တာ ဆုအဖြစ်အောက်စကာဆုလျှာထားခံရ
သည့်  အမျိုးသမီးများတွင် စတ္ထမြောက် ဖြစ်သည်။ယခင်က The Piano ဇာတ်ကားဖြင့် ဂျိမ်း
ချပီယွန် နှင့် Lost in Translation ဇာတ်ကားဖြင့် ဆိုဖီယာကော်ပိုလာတို့ မှာလည်းဆုလျှာထားခံရသည်။
The Hurt Locker ဇာတ်ကားသည် အီရတ်ရောက်အလွတ်သတင်းထောက် တစ်ဦး နှင့်
ဗုံးရှာဖွေရေး အဖွဲ့ အကြောင်းကို ဂျော်ဒန် နိုင်ငံတွင် ရိုက်ကူးထားသော ဇာတ်ကားဖြစ်သည်။
ကတ်သရင်းသည် ၁၉၉၁ ခုနှစ်က ကီရ်နူရိဗ် နှင့် ပက်ထရစ်ဆွေဇီ ပါဝင်သည့် Point Break
ဇာတ်ကားကို ရိုက်ကူးခဲ့ဖူးပြီး ၂၀၀၃ ခုနှစ်က K19 : Widow Maker ဇာတ်ကားကို ရိုက်
ကူးခဲ့သည်။The Hurt Locker ဇာတ်ကားမှ မင်းသား ဂျရမီ ရီနာ မှာ လည်း အကောင်းဆုံး
မင်းသားဆု လျှာထားခံရသည်။
၂၀၀၇ ခုနှစ် မြန်မာ နိုင်ငံတွင်း ဖြစ်ပွားခဲ့သည့် ပြည်သူလူအုံကြွမှုတွင် အာဏာရှင် အစိုးရက
အကြမ်းဖက် ဖြိုခွဲခဲ့သည့် အကြောင်းကို လှို့ ဝှက် ရိုက်ကူးတင်ဆက်ထားသည့် Burma VJမှတ်
တမ်းရုပ်ရှင်မှာ လည်း အကောင်းဆုံးမှတ်တမ်းရုပ်ရှင် ဆုရရှိခဲ့သည်။
freedomnewsgroup မှကူးယူဖော်ပြပါတယ်
Newer Post
Older Post