ဘတ်ဖဲးလိုးရှိ မြန်မာ့ဒီမိုကရေစီအင်အားစုများက စုပေါင်းပြီး တိုက်ပွဲဝင်ခွပ်ဒေါင်းအလံတော်ကို ဘတ်ဖဲးလိုးမြို့၏ ကျက်သရေဆောင် မြို့တော်ခမ်းမအရှေ့တွင် အလံတော်လွှင့်တင်ခြင်း အခမ်းအနားဖြင့် ကျင်းပ ပြုလုပ်ခဲ့ပါသည်။ ဘတ်ဖဲးလိုးမြို့၏မြို့တော်ကောင်စီမှာ အထက်ဖေါ်ပြပါ အစဉ်တွက် Burma Flag Day ဟု ဂုဏ်ပြုကြေညာ သတ်မှတ်ပေးခဲ့ပါသည်။ နအဖ၏ ၂၀၁၀ ရွေးကောက်ပွဲအား ဆန့်ကျင်ပွဲ၊စစ်အာဏာသိမ်း(၂၂)နှစ်မြောက်ကို ဆန်ကျင်ပွဲ၊ (၃)နှစ်မြောက် ရွှေဝါရောင်တော်လှန်ရေးနေ့ အထိမ်းအမှတ်ပွဲ၊ (၂၂)နှစ်မြောက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တည်ထောင်ခဲ့သော နှစ်ပတ်လည်နေ့ကို အသိအမှတ်ပြု ဂုဏ်ပြုပွဲ နှင့် အမေရိကန်အစိုးရမှ မြန်မာစစ်အစိုးရအား စစ်ရာဇ၀တ်မှုများဖြင့် တရားစွဲဆိုရန်တောင်းဆိုမှုကို ထောက်ခံပွဲတို့ကို အခမ်းအနားတို့ကိုပါပြုလုပ်ခဲ့ပါသည်။
more photo