Pages

Friday, October 22, 2010

Galactic Crossing ဖြစ်မယ့် ၂၀၁၂ တွင် နေပြည်တော်ဒေသတခုလုံးရေအောက်ရောက်နိုင်

 

Galactic Crossing ဖြစ်မယ့် ၂၀၁၂

၂၀၁၂ မှာကြုံတွေ့နိုင်တဲ့ ပြဿနာ
၂၀၁၂ မှာ ကမ္ဘာကြီးပျက်တော့မယ်လို့ Dooms Day ရုပ်ရှင်ကားကြီးမှာ ရိုက်ပြထားလို့ လူတွေအများကတော့ ထိတ်လန့် နေကြပါတယ်။ မာယာလူမျိုးတို့ရဲ့ ၂၀၁၂ မှာ ကုန်ဆုံးတော့မယ့် ပက္ခဒိန်ရဲ့အလိုအရ ပြောဆိုနေကြတာဖြစ်ပါတယ်။ ဒါပေမယ့် ခက်တာတစ်ခုကတော့ ၂၀၁၂ မှာ သိပ္ပံအလိုအရကလည်း ဖြစ်လာနိုင်တာတွေကလည်းရှိနေပြီး တိုက်ဆိုင် နေလေတော့ ၂၀၁၂ မှာ ကမ္ဘာကြီးပျက်တော့မယ်ဆိုတဲ့ ပြဿနာဟာ ကာတွန်းရုပ်တွေနဲ့လူတွေနဲ့ရောနေတဲ့ ရုပ်ရှင်ကြည့်ရသလို အားလုံးဟုတ်သလားဆိုတော့လည်း မဟုတ်ပါဘူး။ ဒီလိုဆို အားလုံးမဟုတ်တာတွေလား ဆိုပြန်တော့ လည်း မဟုတ်ပြန်ပေဘူးပေါ့ဗျာ။
သိပ္ပံဆိုင်ရာ နက္ခတ်ပညာရပ်ရဲ့အဆိုအရ ၂၀၁၂ မှာ Galactic Crossing ဖြစ်ပါလိမ့်မယ်တဲ့။ ဆိုလိုတာကတော့ ၂၀၁၂ မှာ နေစကြာဝဠာကြီးဟာ နဂါးငွေ့တန်း(Galaxy)ကိုဖြတ်ပါလိမ့်မယ်တဲ့။ နှစ်ပေါင်း(၆၄)သန်းကြာမှ တစ်ကြိမ်ဖြတ်တဲ့ကိစ္စပါ။ ခက်တာက နောက်ဆုံးဖြတ်ခဲ့တဲ့အချိန်ကစပြီး ဘယ်အချိန်မှာ နှစ်ပေါင်း(၆၄)သန်းပြည့်မှာလည်းဆိုတော့ ၂၀၁၂ မှာပါတဲ့။ ဒီတော့ နေတို့၊ကမ္ဘာတို့အပါအ၀င်ဖြစ်နေတဲ့ နေစကြာဝဠာကြီးဟာ နဂါးငွေ့တန်းကိုဖြတ်တော့ ဘာတွေဖြစ်လာနိုင် သလည်း ? ။ ဒါက စိတ်ဝင်စားစရာ မေးခွန်းဖြစ်ပါတယ်။
ဒီမေးခွန်းကိုဖြေဖို့ နဂါးငွေ့တန်းဆိုတာဘယ်လိုဟာမျိုးလည်းဆိုတာ အရင် သိဖို့လိုလာပါတယ်။ သိပ္ပံရဲကအဆိုအရက တော့ နဂါးငွေ့တန်းဆိုတာ ဂြိုဟ်တွေ၊ ကြယ်တွေ၊ ဥက္ကာပျံတွေ၊ Meteoirds, Asteroids တွေ၊ ကော့စမစ်ရောင်ခြည်တွေ၊ အလွန်ထူထပ်စုစည်းနေတဲ့ ကြီးမားလှတဲ့ ဒြဗ်ထုနယ်ပယ်အစုအဝေးကြီးကိုခေါ်တာဖြစ်ပါတယ်။ ဒိတော့ နေစကြာဝဠာကြီး က ဒီနယ်ပယ်ကြီးကိုဖြတ်မယ်ဆိုရင် အများဆုံးဖြစ်လာနိုင်တာတွေကတော့
(၁) ဂြိုဟ်အသစ်တွေ၊ ကြယ်အသစ်တွေ ထပ်တွေ့လာမယ်။
(၂) အခြားဂြိုဟ်တစ်ခုခုနဲ့တိုက်မိခိုက်မိလာနိုင်တယ်။
(၃) နေတို့၊ကမ္ဘာတို့အပေါ်မှာ ဒြဗ်ဆွဲအားတွေ တိုးလာမယ်။
အလွန်အားကောင်းတဲ့အဝေးကြည့်မှန်ပြောင်းတွေတီထွင်လာနိုင်တာရဲ့ကျေးဇူးကြောင့် အခု ၂၀၀၉ အနှောင်းပိုင်းကစပြီး ၂၀၁၀လက်ရှိကာလအထိ  ဂြိုဟ်အသစ်(၅)လုံးကို ၂၀၁၀ နှစ်အဆန်းပိုင်းက နာဆာအဖွဲ့ကြီးကတွေ့ခဲ့ကြတယ်။ ကမ္ဘထက်ပိုကြီးတဲ့ ဂြိုဟ်အသစ်တွေ၊ အင်္ဂါဂြိုဟ်နဲ့စနေဂြိုဟ်တို့ပေါ်မှာရေရှိတဲ့အထောက်အထားတွေ၊ ကြယ်အသစ်တွေ စတွေ့လာကြပါတယ်။ ၂၀၀၉ အဗနှာင်းပိုင်းမှာလည်း ကမ္ဘာနဲ့အလှမ်းဝေးတဲ အာကာသဟင်းလင်းပြင်မှာ ဂြိုဟ်နှစ်ခု တိုက်မိကြတာကိုလည်း တွေ့မြင်ခဲ့ကြရပါတယ်။ 
ဒြဗ်ဆွဲအားတွေတိုးလာတာနဲ့ပတ်သက်ပြီး ဖြစ်လာနိုင်တာတွေကတော့ နေမင်းကြီးဟာ ပိုမိုလှုပ်ရှားမှုတွေတိုးလာနိုင်ပြီး၊ ကမ္ဘာကြီးအနေနဲ့ကတော့ အပေါ်ယံကမြေသားလွှာတွေ ပိုမိုလှုပ်ရှားမှုတွေများလာနိုင်တယ်လို့ သိပ္ပံပညာရှင်တွေက ယူဆကြတာဘဲဖြစ်ပါတယ်။  ၂၀၁၀ နှစ်ဆန်းပိုင်းမှာ နေကနေ စွမ်းအင်တွေအများကြီးထွက်နေတဲ့ နေရာ(၅)နေရာကိုတွေ့ခဲ့ကြရပြန်ပါတယ်။ နေရဲ့အပေါ်မှာ ပေါက်ကွဲမှုတွေ၊ ဖြာထွက်မှုတွေနဲ့ နေမင်းကြီးဟာ အခု ၂၀၀၉-၂၀၁၀ အတွင်းမှာ ထူးထူးခြားခြား လှုပ်ရှားမှုတွေ(Activities)တွေများနေတာကို တွေ့ရှိခဲ့ကြရပါတယ်။ ကမ္ဘာကြီးရဲ့ဖွဲ့စည်းပုံဟာ သိကြတဲ့အတိုင်း အပေါ်ယံအလွှာဆိုတာက လိမ္မော်သီးတစ်လုံးလို အပေါ်ယံအလွှာကအခွံလိုဖြစ်နေလေတော့ ဆွဲအားများ လာရင် ကမ္ဘာရဲ့အပေါ်ကအုပ်ထားတဲ့ မြေသားလွှာ(Plates) တွေဟာ ရွေ့လျားလာနိုင်ပါတယ်။ ဒါဆိုရင် မြေငလျင် လှုပ်ရှားမှုတွေတိုးလာနိုင်ပါတယ်။ အဲဒီမှာ လှုပ်တဲ့ငလျင်ဟာ ပင်လယ်ရေအောင်ငလျင်(maritime earthquake)တွေ ဖြစ်နေမယ်ဆိုရင်တော့  ဆူနာမီလိုရေလွှမ်းမိုးမှုတွေကလည်း ဖြစ်လာပါတော့မယ်။ ဒြဗ်ဆွဲအားတိုးလာမှုကြောင့် နောက်ထပ်ဖြစ်လာနိုင်တာတစ်ခုကတော့ ကမ္ဘာ့သံလိုက်ဝင်ရိုးစွန်းတွေ ရွေ့လျှား (Pole Shift)လာနိုင်တာပါဘဲ။ ကမ္ဘာကြီးရဲ့အတိတ်သမိုင်းမှာ သံလိုက်ဝင်ရိုးစွန်းတွေ ရွေ့လျှားခဲ့ဘူးတဲ့သမိုင်းတွေရှိခဲ့ဘူးပါတယ်။ ကမ္ဘာ့သံလိုက် မြောက်ဝင်ရိုးစွန်းဟာ လက်ရှိမှာ ကနေဒါနိုင်ငံရဲ့ Baffin Bay ထဲမှာတည်ရျိနေပါတယ်။ အဲဒီဝင်ရိုးစွန်းဟာ အရှေ့ဖက်ကို တစ်နှစ်(၄၀)ကီလိုမီတာနှုန်းလောက်နဲ့တဖြည်းဖြည်းချင်းရွေ့နေပါတယ်။ ဆယ်စုနှစ်အတန်ကြာရင် အာရှတိုက်အလယ်မှာ ရှိတဲ့ ဆိုက်ဘေးရီးယားကုန်းမြေ(Siberian Land) ဆီကိုရောက်လာလိမ့်မယ်လို သိပ္ပံပညာရှင်များကတွက်ဆ ထားကြ ပါတယ်။ နောက်ဆယ်စုနှစ်အတော်အတန်ကြာတဲ့အခါမှာတော့ ကမ္ဘာ့သံလိုက်မြောက်ဝင်ရိုးစွန်းဟာ ပစိဖိတ်သမုဒ္ဒယာရဲ့ အလယ် အီကွေတာရပ်ဝန်းမှာတည်ရှိနေတဲ့ ဖီဂျီကျွန်းကိုရောက်ရှိသွားပါလိမ့်မယ်လို့ဆိုပါတယ်။ ဒါဆိုရင်တော့ သံလိုက်မြောက်ဝင်ရိုးစွန်းဟာ ကမ္ဘာ့ပထ၀ီဝင်မြောက်ဝင်ရီုးစွန်းအရပ်ကနေ အီကွေတာအရပ်ဆီကို ပြောင်းရွှေ့သွားတာ ဖြစ်လို့ ကမ္ဘာကြီးပေါ်မှာ ပြဿနာတွေအများကြီးရှုတ်ထွေးလာနိုင်ပါတယ်။ ပထမဆုံးဖြစ်လာမှာကတော့ ကမ္ဘာ့သံလိုက် စက်ကွင်းအားလမ်းတွေအပြောင်းအရွှေ့တွေဖြစ်လာကြပြီး၊ သဘာဝချင်း ဆန့်ကျင်ဖက်ဖြစ်ကြတဲ့ သံလိုက်မြောင်ဝင်ရိုး အားလမ်းကြောင်းတွေနဲ့ တောင်ဝင်ရိုးအားလမ်းကြောင်းတွေ ရောထွေးကုန်ကြမှာဖြစ်ပါတယ်။ အားလမ်းကြောင်း လားရာဆန့်ကျင်ဖက်ဖြစ်ကြတဲ့ တောင်ဝင်ရိုးအားလမ်းတွေနဲ့ မြောက်ဝင်ရိုးအားလမ်းကြောင်းတွေရောထွေးကုန်လို့ ထိပ်တိုက်ဆန့်ကျင်ဖက်သက်ရောက်မှုတွေဖြစ်လာရင် တစ်ခုကိုတစ်ခု ချေဖျက်ကုန်ကြပြီး၊ တစ်ချိန်မှာ ကမ္ဘာ့သံလိုက် စက်တွင်းကြီးဟာ သုညစက်ကွင်းပြင်းအား(Zero Magnetic Field) ဖြစ်သွားပါ လိမ့်မယ်။ အဲဒါဆိုရင်တော့ ငမ္ဘာကြီးဟာ ဒုက္ခတွေပင်လယ်ဝေကုန်တော့မှာဖြစ်ပါတယ်။ ဘာပြုလို့လည်းဆိုတော့ ကမ္ဘာ့သံလိုက်အားလမ်းတွေဟာ ကမ္ဘာကြီးကို နေရောင်ခြည်ထဲမျာပါလာတဲ့ စွမ်းအင်မြင့်ရောင်ခြည်လှိုင်းတွေစ်ြတဲ့ ခရမ်းလွန်ရောင်ခြည်၊ အနီအောက်ရောသ်ခြည်၊ X ရောင်ခြည်၊ ဂါမာရောင်ခြည် စတဲ့ပြင်းထန်ပြီးလူတွေကို အန္တရာယ် ပေးနိုင်တဲ့ရောင်ခြည်တွေ ကမ္ဘာပေါ်ကိုမကျရောက် နိုင်အောင်အကာအကွယ်ပေးထားလို့ဖြစ်ပါတယ်။ အကြောင်းကတော့ နေရောင်ခြည်ထဲမျောရောပါလာတဲ့ စွမ်းအင်မြင့် ရောင်ခြည်တွေဟာ လျပ်စစ်သံလိုက်လှိုင်းတွေဖြစ်ကြလို့ ကမ္ဘာဆီကိုဝင်လာရာမှာ ကမ္ဘာ့သံလိုက်အားလမ်းတွေနဲ့ အပြန်အလှန်အကျိုးသက်ရောက်မှု(Interaction)တွေဖြစ်ကုန်ကြပြီး ကမ္ဘာမှဝေးရာလမ်းကြောင်းကို ကမ္ဘာ့သံလိုက် အားလမ်းတွေက လမ်းကြောင်းလွှဲပေးလိုက်ကြတာဖြစ်ပါတယ်။ တကယ်လို့သာ ကမ္ဘာ့သံလိုက်ဝင်ရိုးစွန်းတွေရွေ့ကုန်လို့ ကမ္ဘာ့သံလိုက်အားလမ်းတွေပျောက်ကွယ်သွားကြမယ်ဆိုရင် စွမ်းအားမြင့်ရောင်ခြည်တွေဟာ ကမ္ဘာပေါ်ကို အဆီးအတားမဲ့ ၀င်ရောက်လာကြတော့မှာဖြစ်ပါတယ်။ ဒါဆိုရင်တော့ လူသားတွေအ ပါ် မှာ ထိခိုက်မှုတွေရှိလာတော့မျာဖြစ်ပါတယ်။ ဒါးတွေကတော့ (၁) အရေပြားကင်ဆာရောဂါ၊ (၂) မျက်စိအမြင်အာရုံ ပျက်ပြားစေသောရောဂါ နဲ့ (၃) သားသမီး မရနိုင်တော့တဲ့ရောဂါ စတာတွေဘဲဖြစ်ပါတယ်။ ကမ္ဘာ့သံလိုက်စက်ကွင်း ပျက်ပြားသွားမှုကြောင့် နောက်ထပ်အရေးကြီးတဲ့ ဖြစ်လာနိုင်တာတစ်ခုကတော့ လျပ်စစ်သံလိုက်လှိုင်းတွေကို အသုံးပြု နေကြရတဲ့ ကမ္ဘာ့ဆက်သွယ်ရေးစံနစ်တွေအားလုံး ပျက်ပြားသွားနိုင်တာဖြစ်ပါတယ်။ ကောင်းကင်ဆက်သွယ်ရေးစံနစ်တွေ ပျက်ပြားသွားတာနဲ့ ဂြိုဟ်တုဆက်သွယ်ရေး စံနစ်တွေ၊ အသံလွှင့်ဆက်သွယ်ရေးစံနစ်တွေ လေယာဉ်ပျံသန်းမှုတွေ၊ တယ်လိဖုန်းဆက်သွယ်မှုတွေ၊ အသံလွှင့် လုပ်ငန်းတွေ၊ အင်တာနက်စံနစ်တွေ၊ အားလုံးပျက်စီးသွားပါလိမ့်မယ်။ ဒါတွေ ကတော့ ၂၀၁၂ မှာဖြစ်တော့မယ့် Galactic Crossing ကြောင့် ဖြစ်လာနိုင်တဲ့ သိပ္ပံပညာရှင်များတွေးပူနေကြတဲ့ ၂၀၁၂ ပြဿနာတွေဘဲဖြစ်ပါတယ်။

စစ်ခွေးတွေကကတနာရီမိုင် ၆၀ တဲ့ တကယ်တိုက်တာတနာရီ မိုင် ၁၂၀ ကျောက်ဖြူတမြို့ လုံးရေအောက်ရောက်

Category 4 Cyclone Giri hits Burma, NASA satellite sees heavy rainfall

October 22, 2010 Category 4 Cyclone Giri hits Burma, NASA satellite sees heavy rainfallEnlarge

This TRMM rainfall rate image captured on Oct. 21 at 1534 UTC (11:34 a.m. EDT) shows moderate to heavy rain showers were surrounding Cyclone Giri's partially-formed eye. Red indicates heavy rainfall at more than 2 inches per hour. The yellow and green areas indicate moderate rainfall between .78 to 1.57 inches per hour. Credit: NASA/SSAI, Hal Pierce
Tropical Storm 04B grew quickly into powerful Cyclone Giri and was making landfall in Burma today as a powerful Category Four Cyclone on the Saffir-Simpson scale. NASA's TRMM satellite noticed that the storm contained some heavy rainfall in addition to the powerful winds.
72 Hour Emergency Kits - Stay Safe 72 Hours After Disaster Buy Directly from the Manufacturer. - www.QuakeKare.com
Giri is the second tropical cyclone of 2010 to form in the Bay of Bengal and was seen by the Measuring Mission (TRMM) satellite. Cyclone Giri was seen clearly by the twice on Oct. 21. The first good view was at 1534 UTC (11:34 a.m. EDT) when TRMM data showed a very well organized storm with heavy rainfall south of Giri's partially formed eye. The heaviest rainfall was falling at about 2 inches per hour, south of Giri's eye. The rainfall analysis was done at NASA's Goddard Space Flight Center, Greenbelt, Md.
The second TRMM orbit at 2347 UTC (7:47 p.m. EDT) captured Giri's rainfall when the wind speeds had increased to 85 knots (98 mph) making it a category two tropical cyclone on the Saffir-Simpson scale. The second TRMM image showed that Giri had developed a closed eye surrounded by powerful thunderstorms dropping heavy rainfall. Cyclone Giri then intensified to a category four tropical cyclone with wind speeds estimated at 125 knots (~144mph) before striking Burma's west coast in the middle of the morning.
On Oct. 22 at 1500 UTC (11 a.m. EDT) Cyclone Giri had near 135 knots (155 mph) and was weakening as it continued to move inland. Giri's center was about 180 nautical miles south-southeast of Chittagong, Bangladesh near 20.1 North and 93.7 East. It was moving north-northeast at 10 mph.
also indicated that as Giri was making landfall, that it had a well-defined eye about 20 nautical miles wide. High waves, coastal erosion, severe winds of Category four hurricane force and very heavy rainfall are all being experienced along coastal areas of Hunters Bay and Combermere Bay. As Giri moves inland over the rugged terrain of Myanmar it will rapidly weaken and drop large amounts of rain.
Provided by NASA's Goddard Space Flight Center (news : web)

မုန်တိုင်းသတင်းအမှန် မရမှုကြောင့် ကျောက်ဖြူဒေသခံတို့ ကြိုတင်ပြင်ဆင်မှု မလုပ်နိုင်


တနာရီ မိုင် ၁၂၀ နီးပါးရှိတဲ့ လေတိုက်နှုန်းနဲ့ ရခိုင်ကမ်းရိုးတန်းကို တိုက်ခတ်ခဲ့တဲ့ ဂီရိ မုန်တိုင်းကြောင့် ကျောက်ဖြူမြို့နယ်မှာ လူပေါင်း ၅,၀၀၀ ကျော် အိုးအိမ်တွေကို စွန့်ခွာပြီး ဘုန်းကြီးကျောင်းတွေနဲ့ စာသင်ကျောင်းတွေမှာ ခိုလှုံနေရပါတယ်။ မုန်တိုင်းလာမယ့် အချိန်တုန်းက သတင်းမှန် မရခဲ့တဲ့အတွက် ကြိုတင် ပြင်ဆင်တာမျိုး မလုပ်နိုင်ခဲ့ဘူးလို့ ဒေသခံတွေက ပြောပါတယ်။ အပြည့်အစုံကို မသိင်္ဂီထိုက်က တင်ပြပေးထားပါတယ်။
တနာရီ လေတိုက်နှုန်း မိုင် ၁၂၀ လောက်ရှိတဲ့ ဂီရိမုန်တိုင်းဟာ ကျောက်ဖြူမြို့နယ် အပါအ၀င် ရခိုင်ပြည်နယ် မြို့နယ်အချို့ကို ပြီးခဲ့တဲ့ သောကြာနေ့ညက စပြီး ၀င်ရောက်ခဲ့ပါတယ်။ မိုးလေ၀သဌာနက ဂီရိမုန်တိုင်းဟာ တနာရီ ရေပြင် မြေပြင်လေ မိုင် ၅၀ အထိ တိုက်ခတ်နိုင်တယ်လို့ သတင်းထုတ်ပြန်ခဲ့တာပါ။ ဒါနဲ့ပတ်သက်ပြီး ကျောက်ဖြူဒေသခံ ရှေ့နေကြီး ဦဘရှင်က အခုလို ပြောပြပါတယ်။
“ရေဒီယိုက ကြားနေတဲ့ သတင်းတွေပေါ့၊ ၅၀၊ ၆၀ ဆိုတာ။ ၅၀၊ ၆၀ ဆိုတော့ ဒီကလူတွေက ခေတ်စကားနဲ့ပြောရင် ပျင်းတောင် ပျင်းသေးတယ်ပေါ့။ ၁၂၀ လောက် တိုက်လိုက်တော့ ဒီမှာ ခံလိုက်ရတာပေါ့။”
ကျောက်ဖြူ ဒေသခံတွေကတော့ မုန်တိုင်းက တနာရီ မိုင် ၅၀၊ ၆၀ လောက်ပဲ တိုက်မယ်လို့ သတင်းတွေ ရထားတဲ့အတွက် ကြိုတင် ပြင်ဆင်နိုင်ခဲ့ခြင်း မရှိဘူးလို့ သိရပါတယ်။
“ကြိုတင်ပြင်ဆင်ဖို့ ဆိုတာက ဦးလေးတို့က မိုင် ၆၀ ပတ်ဝန်းကျင်လောက်ပဲ တိုက်မယ်လို့ သိနေကြတာကိုး။ မိုင် ၆၀ ပတ်ဝန်းကျင်လောက်ပဲ တိုက်မယ်လို့ သိနေကြတော့ ဒီကလူတွေက မိုင် ၆၀၊ ၇၀ လောက်ကို ဒီကအိမ်တွေက သိပ်ပြီး မမှုဘူးလေ။ ခံနိုင်ရည်ရှိအောင် ဆောက်ထားကြတာ။ တကယ်တိုက်တဲ့အခါ မိုင် ၁၂၀ လောက်အထိ တိုက်သွားတော့ အဲဒီမှာလည်း တမျိုးပေါ့လေ။”
အခုတော့ မုန်တိုင်းပြီးသွားပေမဲ့ မုန်တိုင်း ဒီရေကြောင့် အိုးအိမ်တွေ ရေနစ် ဆုံးရှုံးရတဲ့ ကျောက်ဖြူမြို့နယ် ဒေသခံ ၅,၀၀၀ ကျော်လောက် ဘုန်းကြီးကျောင်းတွေနဲ့ စာသင်ကျောင်းတွေမှာ ခိုလှုံနေကြရတယ်လို့ ဦးဘရှင်က ပြောပါတယ်။
“ဒုက္ခသည်တွေ ထွက်ပြေးပြီး ရောက်လာတာက ဘုန်းကြီးကျောင်းတွေ၊ စာသင်ကျောင်းတွေမှာ ရောက်နေကြတယ်။ သံဖြူကျောင်း ဘုန်းကြီးကျောင်းမှာ ဒုက္ခသည် ၈၀၀ ကျော်လောက် ရှိတယ်။ မူလာဒွာရ ဘုန်းကြီးကျောင်းမှာ ဒုက္ခသည် ၇၀ လောက်ရှိတယ်။ မူလာရာမ ဘုန်းကြီးကျောင်းမှာ ဒုက္ခသည် ၂၀၀ ကျော်လောက်ရှိတယ်။ အစိုးရ အထက်တန်းကျောင်း အထက ၂ မှာ ဒုက္ခသည် ၁,၅၀၀ လောက်ရှိတယ်။ စိန်ပန်းဆရာတော် ကျောင်းမှာ ဒုက္ခသည် ၁၀၀ လောက်ရှိတယ်။
“ဘုရားကြီးကျောင်း ဘုန်းကြီးကျောင်းမှာ ဒုက္ခသည် ၅၀ ကျော်လောက် ရောက်နေတယ်။ အလက ၄ မှာ ၁၀၀ နီးပါးလောက် ရောက်နေတယ်။ ကရင်တော အမကမှာ လူ ၁၀၀ လောက်ရှိတယ်။ ပရဟိတ ဆရာတော်ကျောင်းမှာ ၇၀ လောက် စာရင်းရထားပါတယ်။ ကလပါတောင် မူလတန်းကျောင်းမှာ ၁၁၀၊ သိမ်တောင်ကျောင်း ဘုန်းကြီးကျောင်းမှာ လူ ၆၀ လောက် ရှိပါတယ်။ နောက် အထက ၁ မှာ မိသားစု ၅၀ လောက် ရှိပါတယ်။ ပြင်မူမှော်ဆိုတဲ့ ရေမြုပ်နေတဲ့ရွာမှာ ဒုက္ခသည်က ၈၀၀ လောက်ရှိတယ်။”
တနာရီ မိုင် ၁၂၀ ကျော် တိုက်ခတ်ခဲ့တဲ့ မုန်တိုင်းကြောင့် ပင်လယ်ဒီရေ မြင့်တက်ပြီး ကျောက်ဖြူမြို့ကို ပတ်ထားတဲ့ တာဘောင် ကျိုးကျခဲ့တဲ့အတွက် အခုလို ရေဘေးဒဏ်ကို ပိုခံနေကြရတာပါ။ အခု ရေဘေးဒုက္ခသည်တွေကိုတော့ ဒေသခံ အလှူရှင်တွေက တတ်နိုင်သလောက် ကူညီပေးနေကြပါတယ်။
“မြို့ပတ်ထားတဲ့တာဘောင် ကျိုးသွားတော့ တာဘောင်ကိုကျော်ပြီး ရေကြီးတဲ့အခါ ရေ၀င်သွားတယ်။ ဒီရေက ပြန်မထွက်နိုင်တော့ဘူး။ အဲဒီရပ်ကွက်တွေမှာ ရေပြန်ကျတဲ့ အချိန်ဆိုတာ ရေက အလကားတော့ မကျဘူး။ ရေကို တနည်းနည်းနဲ့ ပြန်ထုတ်နိုင်ရမယ်။ အဓိက အချက်ကတော့ ကျောက်ဖြူမြို့ကို ပတ်ပတ်လည် ဆည်ထားတဲ့ တာဘောင်၊ အဲဒီတာဘောင် ကျိုးသွားတာကို ပြန်လုပ်နိုင်ဖို့ အရေးကြီးတယ်။ တာဘောင်ဆိုတာက ဆည်မြောင်းဦးစီးဌာန ပိုင်တဲ့ဟာ။ ဆည်မြောင်းဦးစီးဌာနက လုပ်မှရမှာ။ ဦးလေးတို့ လုပ်လို့မရဘူး။”
မုန်တိုင်းနဲ့ ပတ်သက်ပြီး သတင်းအမှန် မရခဲ့တဲ့အတွက် ၂၀၀၈ ခုနှစ်ကလည်း နာဂစ်မုန်တိုင်းကြောင့် ဧရာဝတီတိုင်းမှာ လူပေါင်း သိန်းချီ အသက်ဆုံးရှုံးခဲ့ရပါတယ်။
ဒီသောကြာနေ့က ရခိုင်ပြည်နယ်မှာ စတင် ၀င်ရောက်ခဲ့တဲ့ ဂီရိ ဆိုင်ကလုံး မုန်တိုင်းကြောင့် ပျက်စီးသေဆုံးမှု စာရင်းတွေကို မြန်မာနိုင်ငံ ကြက်ခြေနီအဖွဲ့က ကောက်ယူနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ နိုင်ငံတကာ ကြက်ခြေနီနဲ့ လခြမ်းနီ အဖွဲ့ကြီးရဲ့ တနင်္ဂနွေနေ့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
လူဦးရေ ၂၀၀,၀၀၀ နီးပါး နေထိုင်တဲ့ ကျောက်ဖြူမြို့က အိမ်ခြေ ၇၅% ထဲက တချို့တ၀က် ပျက်စီးမှုရှိပြီး အိမ်ခြေ ၁,၀၀၀ လောက်ရှိတဲ့ ရွာ ၅ ရွာမှာ နေထိုင်သူ ၄,၅၀၀ လောက်က မုန်တိုင်းဒဏ်ကို ကြီးကြီးမားမား ခံစားခဲ့ရတယ်လို့ ဆိုပါတယ်။
ကူညီကယ်ဆယ်ရေးအတွက် တနင်္ဂနွေ၊ တနင်္လာနေ့တွေမှာ လေကြောင်းနဲ့ ရေကြောင်းကနေ သွားရောက်ဖို့ ရှိတယ်လို့လည်း ဖော်ပြထားပါတယ်။

ဆိုင်ကလုန်းမုန်တိုင်း ဂီရိ ပိုမိုအားကောင်းလာ၊ နာဂစ်မုန်တိုင်းနီးပါး အားကောင်းလာနိုင်သဖြင့် ကယ်ဆယ်ရေးအစီအစဉ်များ စတင်လုပ်ဆောင်သင့်

ဆိုင်ကလုန်းမုန်တိုင်း ဂီရိ ပိုမိုအားကောင်းလာ၊ နာဂစ်မုန်တိုင်းနီးပါး အားကောင်းလာနိုင်သဖြင့် ကယ်ဆယ်ရေးအစီအစဉ်များ စတင်လုပ်ဆောင်သင့် PDF Print E-mail
 Giri
    ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသော ဆိုင်ကလုန်းမုန် တိုင်းဂီရိသည် လက်ရှိတွင် အနီရောင်အဆင့်ကို ရောက်ရှိလာပြီး ပိုမိုအားကောင်းလာနိုင်ကြောင်း သတင်းရရှိပါသည်။
    အဆိုပါ ဆိုင်ကလုန်းမုန်တိုင်းသည်    အောက်တိုဘာလ ၂၂ ရက်နေ့ မြန်မာစံတော်ချိန် နံနက် ၆ နာရီ အချိန် တိုင်းထွာချက်များအရ ကျောက်ဖြူမြို့၏ အနောက်တောင်ဘက် မိုင် ၁၁၀ ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပြီး ယနေ့နံနက်မှ နောက် ၁၈ နာရီအတွင်း ရခိုင်ကမ်းရိုးတန်းဒေသကို ကျောက်ဖြူမြို့နှင့် စစ်တွေမြို့အကြားမှ ဖြတ်ကျော်ဝင်ရောက်မည်ဟု ခန့်မှန်းထားကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

    ဆိုင်ကလုန်းဂီရိသည် Category ၁ အဖြစ် အားကောင်းသွားပြီး မြန်မာနိုင်ငံအနောက်ဘက် ကမ်းရိုးတန်းကို ဦးတည်နေကာ တစ်နာရီ ၈၁ မိုင်နှုန်းအထိ အားကောင်းခဲ့ပြီး အောက်တိုဘာလ ၂၂ ရက်နေ့ ညနေပိုင်းတွင် စစ်တွေမြို့အနီး ကမ်းရိုးတန်းကို ၀င်ရောက်တိုက်ခတ်ပြီး တစ်နာရီ ၉၁ မိုင် (၁၄၈ ကီလိုမီတာ)အထိအင်အားပြင်းလာနိုင်သည်ဟု အမေရိကန်နိုင်ငံ မုန်တိုင်းသတိပေးရေးစင်တာမှ ထုတ်ပြန်ထားပါသည်။

    လက်ရှိအနေအထားထက် ပိုမိုအားကောင်းလာပါက နာဂစ်မုန်တိုင်းနီးပါး အားကောင်း လာနိုင်ဖွယ်ရာရှိသဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများကို ယခုကတည်းက စတင်လုပ်ဆောင်သင့်ကြောင်းလည်း ခန့်မှန်းပြောကြားမှုများ အရသိရသည်။
   မြန်မာနိုင်ငံတွင် တိုက်ခတ်ခဲ့သော နာဂစ်မုန်တိုင်းသည် ကုန်းမြေကို ၀င်ရောက်မတိုက်ခတ်မီ ၂၀၀၈ ခုနှစ် မေလ ၁ ရက်နေ့တွင် Category ၂ ရှိခဲ့ပြီး နောက်တစ်ရက်တွင် Category ၄ အဆင့်ဖြင့် ၀င်ရောက်ခဲ့ကြောင်း၊ ယခုမုန်တိုင်းမှာ ကုန်းမြေ မ၀င်ရောက်မီ Category ၁ ဖြစ်နေပြီး ပိုမိုအားကောင်းလာနိုင်သဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများကိုပြင်ဆင်သင့်ပြီဖြစ်ကြောင်းလည်း သိရှိရသည်။

   

Thursday, October 21, 2010

Activists to Hold Global Actions Against Military Elections in Burma

Activists to Hold Global Actions Against Military Elections in Burma

By Burma Partnership | October 20, 2010 Burma Groups and Supporters Show their Support for the People of Burma’s Resistance
In the final two weeks before the military regime’s elections, Burma’s exiles and their supporters will be holding a series of actions around the world to show their solidarity with the people of Burma and their resistance against the elections.
Burma’s military regime has been using any possible means to ensure their victory in the 7 November elections. Using state resources, the regime-backed Union Solidarity and Development Party (USDP) has employed intimidation and bribery to buy votes and sideline independent political parties and candidates. The regime, their hand-picked Election Commission and the USDP have deprived the people of the basic characteristics of a truly democratic election: freedoms of expression, assembly and association.
Despite the military regime’s severe restrictions, the people of Burma have demonstrated their opposition to the elections in various ways. The National League for Democracy has been traveling across the country, building public support for the boycott of the polls. Activists in ethnic areas have posted flyers in public places with the words “2010 Elections” crossed out, also urging people to “Boycott the Elections.” Generation Wave activists in Rangoon put up posters emblazoned with Daw Aung San Suu Kyi’s quote, “You have the right not to vote.” Monks have also been stamping money and distributing flyers opposing the elections in their alms bowls. The regime has responded with threats and crackdowns; in September, six university students were arrested for passing out leaflets calling for a boycott.
These two weeks of actions will be visual expressions of support for those who continue to strive for genuine democracy in Burma, even in the face of imprisonment and torture under the military regime. The actions will also include calls for national governments to refuse to recognize the results of these elections.
Video and photos from the global actions will be uploaded to an online file sharing site. Please contact us for more information about how to access this multimedia content.
Manila, Philippines:
Demonstration at the Philippine Department of Foreign Affairs on 22 October @ 10:00
Contact: Gani or Lyn at 63 911 0205 or 63 435 2900.
Seoul, Korea:
  • Demonstration at SPDC Embassy on 24 October @ 11:00
  • Press Conference on 26 October @ 12:00
Contact: Nay Tun Naing at naing8888@yahoo.com or +82 10 8962 3414
Tokyo, Japan:
  • Demonstration at UN Building on 20 October @ 15:00–16:30
  • March from Mikawadai Park to Hibiya Park on 27 October @ 14:00–16:00
  • Demonstration at SPDC Embassy on 6 November @ 15:00–17:00 and 7 November @ 9:00–16:00
Contact:
Than Swe (Election Boycott Committee – EBC) +81 90 4964 9718
Phone Hlaing (EBC) +81 90 5318 5054
Mai Kyaw Oo (EBC) +81 90 9831 7192
Arata Kumazawa (Amnesty International-Japan) +81 90 7182 5594

Paris, France: Demonstration on Sunday, 7 November @ 3pm
Contact: Isabelle Dubuis at info_birmanie@yahoo.fr or +33 01 46 33 41 62
Stockholm, Sweden: Demonstration on Sunday, 7 November @ 2 pm
Contact: Karin Valtersson, info@burmakommitten.org or +46 70 615 61 62
United States: Demonstrations will be held in several cities as well as on more than a dozen university campuses over the coming three weeks.
Contact: Nyi Nyi Aung at freeburma18@gmail.com or +1 703 731 1167
(For University events) Myra Dahgaypaw at myradah@uscampaignforburma.org
Events will also be held in Hong Kong, India and Malaysia.
Online: Individuals can also take action online by sending photo and written messages to the people of Burma, or by writing to their national government or local representative.
Learn more about these online actions and the solidarity events here.
For more information, contact:
For interviews – Khin Ohmar, Coordinator – khinohmar@burmapartnership.org or +66 (0)818840772
For logistical information – Jessica Stevens, Media and Communications Officer – jessica@burmapartnership.org or +66 (0)884307032

ရခိုင်ကမ်းရိုးတန်းကို မုန်တိုင်းငယ် ၃၆ နာရီအတွင်း ၀င်နိုင်ချေရှိ

  22 Oct 2010 | 9:24 AM

ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်း ရပ်ဝန်းဟာ ပိုမိုအားကောင်းလာပြီး ဒီနေ့မနက်မှာ မုန်တိုင်းငယ် အဆင့်ကို ရောက်ရှိလာပြီ ဖြစ်ပါတယ်။ ဒီမုန်တိုင်းငယ်ဟာ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ အနောက်တောင်ဘက် မိုင် ၁၈၀ အကွာ ပင်လယ်ပြင်မှာ ဗဟိုပြု ပိုမိုအားကောင်းလာပြီး ဒီနေ့ မွန်းတည့်ကနေ နောက် ၃၆ နာရီအတွင်း ရခိုင်ကမ်းရိုးတန်းဘက်ကို ၀င်ရောက်နိုင်တဲ့ အခြေအနေ ရှိနေတယ်လို့ မိုးလေ၀သနဲ့ ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက သတင်းထုတ်ပြန်ပါတယ်။
အရင်ရက်တွေက ရခိုင်ကမ်းလွန် ပင်လယ်ပြင် အနီးမှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်း ရပ်ဝန်းဟာ ဒီကနေ့ မနက်ခင်းမှာ ပိုမို အားကောင်းလာပြီးတဲ့နောက် မုန်တိုင်းငယ် အဆင့်ကို ကူးပြောင်းသွားပြီ ဖြစ်ပါတယ်။
နေပြည်တော်မှာ အခြေစိုက်တဲ့ မိုးလေ၀သနဲ့ ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနရဲ့ ဒီနေ့မနက် တိုင်းထွာချက်ကိုတော့ တာဝန်ရှိသူ တယောက်က အခုလို ပြောပါတယ်။
“ကျမတို့ နောက်ဆုံးထုတ်ထားတဲ့ဟာ ၁၀ နာရီ ထုတ်ပြန်ချက်ပေါ့နော်။ ယနေ့ မြန်မာစံတော်ချိန် ၉ နာရီ ၃၀ အချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်နေခဲ့သော မုန်တိုင်းငယ်သည် သိသိသာသာ ရွေ့လျားခြင်း မရှိဘဲ ကျောက်ဖြူမြို့၏ အနောက်တောင်ဘက် မိုင် ၁၈၀ ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။ မုန်တိုင်းငယ်သည် ပိုမိုအားကောင်းလာနိုင်ပြီး ယနေ့မွန်းတည့်မှ နောက် ၃၆ နာရီအတွင်း ရခိုင်ကမ်းရိုးတန်းကို စစ်တွေမြို့နှင့် ကျောက်ဖြူမြို့ အနီးမှ ဖြတ်ကျော် ၀င်ရောက်နိုင်သည်ဟု ခန့်မှန်းရပါသည်။
“မုန်တိုင်းငယ်၏ လက်ရှိ အခြေအနေမှာ လိမ္မော်ရောင်အဆင့်ရှိပြီး ရခိုင်ကမ်းရိုးတန်းဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေဟု သတ်မှတ်ပါသည်။ မုန်တိုင်းငယ်၏ အရှိန်ကြောင့် မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်း တလျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တခါတရံ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးမည်။ မိုးသက်လေပြင်း ကျရောက်စဉ် ရေပြင် မြေပြင်လေသည် တနာရီ မိုင် ၄၀ အထိ တိုက်ခိုက်နိုင်သည့်အတွက် ပင်လယ်ကမ်းနီး ကမ်းဝေး ငါးဖမ်းရေယာဉ် သင်္ဘောများ အနေဖြင့် မုန်တိုင်းအန္တရာယ်ကို ကြိုတင် ရှောင်ရှားသင့်ပါကြောင်း အကြံပြုအပ်ပါသည်။”
မိုးဇလဌာနက မြန်မာပြည်ကို ဦးတည်ခြင်း မရှိတဲ့ မုန်တိုင်းကို အ၀ါရောင်အဆင့် သတ်မှတ်ပြီး မြန်မာပြည်ကို ဦးတည်တဲ့ မုန်တိုင်းကို လိမ္မော်ရောင်အဆင့် သတ်မှတ်တာ ဖြစ်ပါတယ်။ အနီရောင် အဆင့်ကတော့ အန္တရာယ်ရှိပြီး မုန်တိုင်းဝင်လာချိန်မှာ ထုတ်ပြန်တာ ဖြစ်တယ်လို့ မိုးဇလဌာနက တာဝန်ရှိသူက ပြောပါတယ်။
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့မှာတော့ ဒေသခံ အာဏာပိုင်တွေက မုန်တိုင်းသတိပေးချက်ကို ရပ်ကွက်တွေ အတွင်းမှာ လိုက်လံကြေညာနေပြီး ရေလမ်းခရီးသွားမယ့် စက်လှေတွေလည်း အသွားအလာ ရပ်ဆိုင်းထားတယ်လို့ ကျောက်ဖြူမြို့ခံ တယောက်က ပြောပါတယ်။
“ခုလောလောဆယ်ကတော့ မြို့ပေါ်မှာ မိုက်နဲ့ လိုက်ပြီးတော့ သတိပေးနေတယ်။ ဒီ မိုးလေ၀သ ကြေညာချက်ကိုပဲ မြို့ပတ်ပြီး ကြေညာနေတယ်။ ပြည်သူလူထုတွေ သတိထားကြဖို့ပေါ့။ တချို့ ခရီးထွက်မယ့် Passenger boat တွေတောင်မှ ရပ်တန့်ထားတယ်ခင်ဗျ။”
တချို့ ရေကြောင်းခရီးစဉ်တွေ ရပ်တန့်ထားပေမဲ့ မြို့ခံ ပြည်သူတွေကတော့ ဒီလို မုန်တိုင်းတွေဟာ ကျောက်ဖြူမြို့ကို မကြာမကြာ ၀င်ရောက်တတ်တာမို့ ထူးထူးခြားခြား ပြင်ဆင်တာတော့ မရှိဘူးလို့ သူက ဆက်ပြောပါတယ်။
မိုးလေ၀သ ပညာရှင် ဦးထွန်းလွင်ရဲ့ မြန်မာနိုင်ငံ ရာသီဥတု အပြောင်းအလဲကို စောင့်ကြည့်ရေး အင်တာနက် စာမျက်နှာမှာတော့ လက်ရှိ ဖြစ်ပေါ်နေတဲ့ မုန်တိုင်းဟာ အရှေ့မြောက်ဘက်ကို ဦးတည် ရွေ့လျားနေပြီး အများဆုံး လေတိုက်နှုန်း မိုင် ၄၀ ကနေ ၄၅ မိုင်ထိ ရှိနိုင်ကြောင်းနဲ့ မုန်တိုင်းဒီရေ မဖြစ်ပေါ်နိုင်ကြောင်း ဖော်ပြထားပါတယ်။
ဒီရက်အတွင်းမှာပဲ တောင်တရုတ်ပင်လယ်မှာ အင်အားပြင်း တိုင်ဖုန်းမုန်တိုင်းတခု ဖြစ်ပေါ်နေပြီး ဒီမုန်တိုင်းရဲ့ အကျိုးဆက်အဖြစ် မြန်မာနိုင်ငံ ကမ်းရိုးတန်း ဒေသဘက်တွေမှာ မိုးများနိုင်တယ်လို့ ဦးထွန်းလွင်က ခန့်မှန်းထားပါတယ်။
လက်ရှိ ဘင်္ဂလား ပင်လယ်အော် အတွင်းမှာ ဖြစ်ပေါ်နေတဲ့ မုန်တိုင်းဟာ ဒီလအတွင်းမှာ တတိယအကြိမ် ဖြစ်ပေါ်တဲ့ မုန်တိုင်းလည်း ဖြစ်ပါတယ်။
source:voa

စစ်ခွေးတွေသုံးရောင်ခြယ်နဲ့ ပြည်သူကိုရန်တိုက်ပေး

သုံးရောင်ခြယ် ကြယ်ဖြူ နိုင်ငံတော်အလံသစ် လွှင့်ထူ

ရန်ကုန်မြို့တော်ခန်းမတွင် လွှင့်ထူထားသည့် မြန်မာနိုင်ငံ အလံသစ်။
ဓာတ်ပုံ AP
ရန်ကုန်မြို့တော်ခန်းမတွင် လွှင့်ထူထားသည့် မြန်မာနိုင်ငံ အလံသစ်။ အောက်တိုဘာ ၂၁၊ ၂၀၁၀။

ဒီနေ့ညနေ ၃ နာရီက တနိုင်ငံလုံး ဌာနဆိုင်ရာ ရုံးတွေမှာ ၂၀၀၈ ဖွဲ့စည်းပုံအရ အတည်ပြုထားတဲ့ နိုင်ငံတော်အလံ အသစ်ကို လွှင့်တင်ခဲ့ကြပြီး ဒီအကြောင်းကိုလည်း အစိုးရပိုင် ရေဒီယိုနဲ့ ရုပ်မြင်သံကြားတွေကနေ ကြေညာသွားခဲ့ပါတယ်။ အဲဒီ နိုင်ငံတော် အလံသစ်မှာ အ၀ါရောင်၊ အစိမ်းရင့်ရောင်၊ အနီရောင် ခြယ်ထားပြီး အလယ်မှာ အဖြူရောင် ကြယ်ကြီးတလုံး ပါရှိပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံဟာ အတည်ပြုရုံအဆင့်ပဲ ဖြစ်ပြီး အသက်မ၀င်သေးတော့ အခုလို လုပ်ဆောင်မှုအပေါ် နိုင်ငံရေးပါတီ တချို့က သဘောမတွေ့တာ ရှိသလို တချို့ကလည်း အလံဟောင်းကို ဖြုတ်ချပြီး အလံသစ် တင်မယ်လို့ ပြောဆိုကြပါတယ်။ အကြောင်းစုံကို ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် ကိုကျော်ထင်က တင်ပြပေးထားပါတယ်။
၃၆ နှစ်နီးပါး အသုံးပြုခဲ့တဲ့ စပါးနှံ၊ ပင်နီယံနဲ့ ကြယ်ဖြူ ၁၄ လုံးပါ ဆိုရှယ်လစ် သင်္ကေတ အလံကို ဒီနေ့ညနေ ၃ နာရီက ဖြုတ်ချလိုက်ပြီး ၂၀၀၈ ဖွဲ့စည်းပုံအရ အတည်ပြုထားတဲ့ အလံကို နိုင်ငံတ၀န်းက ဌာနဆိုင်ရာ ရုံးတွေမှာ လွှင့်တင်ခဲ့ကြတာ ဖြစ်ပါတယ်။ ဖြုတ်ချခံရတဲ့ အလံဟာ ၁၉၆၂ အာဏာသိမ်းစစ်တပ် ကျောထောက်နောက်ခံဖြစ်တဲ့ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီရဲ့ အလံ ဖြစ်ပါတယ်။
အရင် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီကနေ အမည်ပြောင်းလိုက်တဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီကတော့ ဒီနေ့လယ်ပိုင်းထိ အလံဟောင်းကို အသုံးပြုနေတုန်းလို့ ပါတီ တာဝန်ရှိသူ တယောက်က ပြောပါတယ်။
“ကျနော်တို့ ဘာမှ မလာသေးဘူးဗျ၊ ကျနော်တို့လည်း မသိသေးဘူးဗျ၊ ကျနော်တို့ကတော့ ဒီမှာ ကျနော်တို့ပါတီ ဌာနချုပ်မှာကို ဒီဟာပဲ တင်ထားတာပဲ။ ဘာမှတော့ လာပြောတာ မရှိဘူး၊ ဒီတိုင်းပဲ တင်ထားတာပဲ။ ဒါကတော့ လက်ရှိ ဒါလုပ်ပါဆို လုပ်ရမှာပေါ့ဗျာ၊ ခုတော့ ကျနော်တို့ဆီမှာ ဘာမှ မသိသေးဘူး။”
၂၀၀၈ ဖွဲ့စည်းပုံအရ ရွေးကောက်ပွဲအပြီး ရက် ၉၀ ပြည့်တဲ့ ပြည်ထောင်စုလွှတ်တော် ခေါ်တဲ့နေ့မှပဲ ဖွဲ့စည်းပုံ အာဏာသက်ရောက်မယ်လို့ ပါရှိပါတယ်။ ဒါကြောင့် အလံဟောင်းကိုပဲ ဆက်သုံးနေမယ်လို့ ပြည်ထောင်စု ဒီမိုကရေစီပါတီ အထွေထွေ အတွင်းရေးမှူး ဦးသိန်းတင်အောင်က ဆိုပါတယ်။
“ကျနော်တို့ကတော့ နိုင်ငံတော် အလံဟောင်းပဲ သုံးထားရသေးတယ်လေ။ ဘာဖြစ်လို့လဲဆိုတော့ ဒီနိုင်ငံတော် အလံသစ်က ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ အတည်ပြုရုံပဲ ရှိသေးတာကိုး။ ဖွဲ့စည်းပုံ အခြေခံဥပဒေ အာဏာတည်တော့မှ သုံးရမှာလေ။ အဲဒီတော့ ကျနော်တို့က အဟောင်းပဲ ဆက်သုံးနေသေးတာပေါ့။ အကြောင်းကြားလာရင်တော့ ဖြုတ်သင့်လည်း ဖြုတ်ရမယ်၊ မဖြုတ်ဘဲ နေရင်လည်း နေပေါ့။ ဒါကတော့ ကျနော်တို့ အလုပ်အမှုဆောင် အစည်းအဝေး ခေါ်ရဦးမှာ။”
ဒီကနေ့ အလံတင် အခမ်းအနားမှာ ဗေဒင်ယတြာ သဘောအရ အလံဟောင်းချသူတွေက အင်္ဂါသားသမီးတွေ ဖြစ်ပြီး အလံသစ် တင်မယ့်သူတွေက ဗုဒ္ဓဟူး သားသမီးတွေ ဖြစ်ရမယ်လို့ ညွှန်ကြားထားကြောင်းလည်း နေပြည်တော် စစ်အရာရှိ တယောက်ကို ကိုးကားပြီး ဧရာဝတီ အွန်လိုင်းသတင်းက ဆိုပါတယ်။
ရခိုင်ပြည်နယ် စစ်တွေမြို့မှာတော့ အလံဟောင်းကို မီးရှို့မယ့် အစီအစဉ် ပါရှိတယ်လို့ ရခိုင်တိုင်းရင်းသား တိုးတက်ရေးပါတီ တာဝန်ရှိသူ တယောက်က ပြောပါတယ်။
“တင်ထားတုန်းပဲ၊ ကျနော်တို့ဆီ ညွှန်ကြားချက် မရောက်တော့ တင်ထားတုန်းပဲ။ ဌာနဆိုင်ရာတွေ မေးကြည့်တော့ ဟုတ်တယ်တဲ့၊ ၃ နာရီမှာ သူတို့ အလံဟောင်းကိုချပြီး မီးရှို့မယ်လို့ ပြောတယ်။ ကျနော်တို့တော့ မချသေးဘူး။ ဖွဲ့စည်းပုံ အတည်ဖြစ်ပြီးမှ၊ ရွေးကောက်ပွဲပြီးမှ လက်ရှိ လက်ခံထားတဲ့ အနေအထားလေ။ အဲဒီအလံက ရွေးကောက်ပွဲပြီးမှ တရားဝင် အတည်ဖြစ်မှာ။ အဲဒါကြောင့် ကျနော်တို့ မချတာ။”

Wednesday, October 20, 2010

Eleven Media Group မှ စစ်ခွေးတွေကို မကောင်းကြောင်းပြောလာမဲ့ Comment များကို ban လုပ်

Eleven Media Group မှ စစ်ခွေးတွေကို မကောင်းကြောင်းပြောလာမဲ့ Comment များကို ban လုပ်
အသိပေးကြေညာချက် ။ ။ Eleven Media Group Web Site ရှိ comment များ၏ + / - စနစ်တွင် မသမာသူအချို့မှ သတင်းမှတ်ချက်များ၏ လမ်းကြောင်း ပြောင်းလဲစေရန် ၀င်ရောက်နှောင့်ယှက်မှုများ(Cyber Attack) ရှိနေပါသဖြင့် အဆိုပါ + / - စနစ်အား ပြန်လည်ပြင်ဆင်ပြီးသည်အထိ ခေတ္တရပ်ဆိုင်းထားမည် ဖြစ်ကြောင်း အသိပေးအပ်ပါသည်။
စစ်ခွေးတွေက သူတို့  ရဲ့ မတရားတာတွေကို ဝေဖန်လာတဲ့  comment မှာရေးတာတွေ ကိုတောင် မခံနိုင်တဲ့အတွက် Eleven Media Group မှာရှိတဲ့  Comment Section ကို Ban လုပ်လိုက်ကြောင်းသိရတယ်

အမေရိကန်ပြည်ထောင်စု၊ ၁၄ မြို့နယ်က မြန်မာကွန်ုမြူနီတီ၏ တစုတစည်းတည်းသော သဘောထားထုတ်ပြန်ပြီ

Burmese communities of United States of America from 14 cities and towns announced

"We do not Support the Burmese Military Junta and Its Cronies. We Protest and Condemn the Junta‟s 2010 Election & Pre-determined Outcome
Date 20th October, 2010 (20-10-2010)"

Please share and join hand for next action - "Global Protest Campaign against Burmese Regime's Unrepresentative Election 2010"

အမေရိကန်ပြည်ထောင်စု၊ ၁၄ မြို့နယ်က မြန်မာကွန်ုမြူနီတီ၏ တစုတစည်းတည်းသော သဘောထားထုတ်ပြန်ပြီ -
စစ်အစိုးရနှင့် အပေါင်းအပါများကို ထောက်ခံခြင်း လုံးဝမရှိ၊ စစ်အစိုးရ၏ လုပ်ကြံဖန်တီးထားသော မတရားရွေးကောက်ပွဲနဲ့ ရလဒ်များအားလုံးကို လုံးဝ လက်ခံခြင်း မရှိကြောင်း

နိုင်ငံတကာမိသားစုများနဲ့ လက်တွဲပြီး စစ်အစိုးရ၏ ၂၀၁၀ ရွေးကောက်ပွဲကို ၀ိုင်းဝန်းကန့်ကွက်ဆန္ဒပြပွဲများ ကမ္ဘာတ၀ှမ်း ဆင်နွဲကြရန် နှိုးဆော်လိုက်သည်။

2010ResolutionUSBurmeseCommunity                                                            

Tuesday, October 19, 2010

မြန်မာနိုင်ငံလုံးဆိုင်ရာအထွေထွေသပိတ်ကော်မတီမှမကြာမှီအထွေထွေသပိတ်ကြီးဆင်နွဲမည်

23-10-2010 for General Strike at Whole of Burma[1]                                                                

“ အရုဏ်ဦးမှာ မူတဲ့ မသာ့” ရုပ်ရှင် ဇာတ်လမ်းတွင် ပါဝင် သရုပ်ဆောင်ကြသော ၀ိုင်းဆုခိုင်သိန်း နှင့် အနုပညာရှင် ၉ ဦးအား US မှ Visaပြန်ရုပ်သိမ်း လိုက်သည့် အတွက်အလွန်မကျေမနပ်ဖြစ်နေ


မြန်မာနိုင်ငံရေး သမိုင်း ဖြစ်ရပ်မှန်များကိုလိမ်ညာထားတဲ့ မြန်မာ့ အနုပညာရှင် များက မှန်ကန် ထိမိစွာ ဖော်ပြ ပေးသည့် “ အရုဏ်ဦးမှာ မူတဲ့ မသာ့” ရုပ်ရှင် ဇာတ်လမ်းတွင် ပါဝင် သရုပ်ဆောင်ကြသော ၀ိုင်းဆုခိုင်သိန်း နှင့် အနုပညာရှင် ၉ ဦးအား အမေရိကန် လူဝင်မှုကြီးကြပ်ရေးမှ ဗီဇာ ပြန်ရုပ်သိမ်း လိုက်သည့် သတင်းသည် မြန်မာနိုင်ငံ အပေါ် မလိုမုန်းထား ရှိနေသော ရေဒီယို သတင်း ဌာနများ၊ ပြည်ပရောက် ကိုယ်ကျိုးရှာ လောက်ကောင် များ၏ အင်တာနက် စာမျက်နှာ များတွင် နေ့စဉ်နဲ့အမျှ ဖော်ပြ ထုတ်လွှင့်နေသည်ကို ကြားသိနေရသည်။

မင်းမော်ကွန်း၊ ၀ိုင်းစုခိုင်သိန်း အပါအ၀င် ဘုန်းကြီးကျောင်း ရန်ပုံငွေပွဲကို လာရောက်ပေးပါဟု တောင်းဆိုမှုအရ မြန်မာအနုပညာရှင်များအနေဖြင့် အနုပညာစိတ်သန့်သန့် စေတနာသက်သက်ဖြင့် သွားရောက် ကူညီပေးခြင်းကို အမေရိကန်ရောက် နိုင်ငံရေး ခေါင်းစဉ်တပ် ငွေရှာစားနေသည့် ဒီမိုကရေစီ လူစွမ်းကောင်းများက အရုဏ်ဦးမှာ ဖူးသည့်ကြာ ရုပ်ရှင်ဇာတ်လမ်းကို အရင်းတည်ပြီး မြန်မာ အနုပညာရှင်များ၏ စေတနာနှင့် မေတ္တာများကို ချစတေး လိုက်ခြင်းပင် ဖြစ်သည်။

မင်းမော်ကွန်း၊ ရဲလေး၊ စိုးစိုး၊ မောင်မောင်လွင်၊ ပက်ထရစ်မေလာ၊ ရဲဖုန်း၊ တွတ်ကီ၊ ၀ိုင်းဆုခိုင်သိန်း၊ L ဆိုင်းဇီ၊ ရေဘက္ကာဝင်း တို့အား ဗီဇာရုပ်သိမ်းလိုက်ခြင်းသည် တကယ်တမ်း ပြန်လည်သုံးသပ်ကြည့်ပါက မည်သို့မျှ အဆီအငေါ်မတည့်သည့် လုပ်ရပ်ပင်ဖြစ်သည်။ အရုဏ်ဦးမှာ ဖူးသည့်ကြာ ဇာတ်လမ်းတွင် ၀ိုင်းစုခိုင်သိန်း တစ်ဦးသာပါဝင်သော်လည်း အခုကဲ့သို့ အမေရိကန်ရှိ မြန်မာဘုန်းတော်ကြီးကျောင်း ရန်ပုံငွေပွဲရရှိရေးအတွက် သွားရောက်ဖျော်ဖြေပေးသော အနုပညာရှင် (၉)ဦးအား ဗီဇာရုပ်သိမ်းသည် ဆိုခြင်းမှာ အကြောင်းမဲ့သက်သက် အကွက်ထွင် ခုတုံးလုပ်ခြင်းသက်သက်သာ ဖြစ်သည်။

အမေရိကန်ရောက် မြန်မာ့အရေး ဒီမိုကရေစီ လှုပ်ရှားသူများ အနေဖြင့် သတိမမူမိသော အချက်တစ်ချက်မှာ ဒီမိုကရေစီ နိုင်ငံ စစ်စစ်ကြီးပါဟု ကြွေးကြော်နေသော အမေရိကန် နိုင်ငံတွင် ဒီမိုကရေစီ နည်းလမ်းမကျ လူ့အခွင့် အရေးများကို လိုက်လံ ချိုးဖောက် နေမှုအား မြန်မာ့ ဒီမိုကရေစီရေး ကြိုးပမ်းမှုဟု ခေါင်းစဉ်တပ်နေခြင်းမှာ မပြုံးဘဲနှင့် ၀ါးလုံးကွဲ ရီစရာကောင်းသော ဟာသတစ်ပုဒ်သာ ဖြစ်ပေသည်။ ထို့အပြင် ဒီမိုကရေစီလို ပါးစပ်က တစာစာ ဟစ်ကြွေးနေသူများသည် တကယ်မြန်မာ့သမိုင်း အမှန်ကို တင်ပြထားသော အရုဏ်ဦးမှာ ဖူးသည့်ကြာ ဇာတ်လမ်းအပေါ် အနာပေါ် ဒုတ်ကျ နာနေသည်မှာလည်း ဒီမိုကရေစီ စကားလုံးကို သုံးပြီး လိမ်လည်နေသူများ ဖြစ်ကြောင်း ၀န်ခံရာသို့ ရောက်ပေသည်။ အဆိုးဆုံး အချက်မှာ ယင်းတို့ စွပ်စွဲနေသော အရုဏ်ဦးမှာ ဖူးသည့်ကြာ ဇာတ်လမ်းတွင် ပါဝင်သောကြောင့် ယခုကဲ့သို့ ဗီဇာပိတ်ပင်ရသည်ဟု ဆိုပါလျှင် အဘယ်ကြောင့် အဆိုပါ ဇာတ်ကားတွင် မပါဝင်သော အနုပညာရှင်များကို ထည့်သွင်းရပါသနည်း။ ထိုကဲ့သို့ ရောပြီး အခုကဲ့သို့ ဗီဇာ ရုပ်သိမ်းခံရသော အနုပညာရှင်များ၏ အခွင့်အရေး ဒီမိုကရေစီ နည်းလမ်းတကျ ဆုံးဖြတ်ပေးရေးကို လျစ်လျူရှု ထားကြပါသနည်။။ ယင်းအခြေအနေကို ကြည့်ခြင်းအားဖြင့် မြန်မာနိုင်ငံ အပေါ် ခေါင်းစဉ်တပ်ပြီး အပြစ်ရှာ ၀ါဒဖြန့်လိုသော အမေရိကန်နှင့် အရိုးအရင်းကိုက်ရလည်း ဒီမိုကရေစီ နည်းလမ်းကျ သည်ဟု ထင်မှတ်နေသော အသားထဲက ထွက်တဲ့ လောက်ကောင်များသည် နည်းလမ်းမျိုးစုံဖြင့် မြန်မာနိုင်ငံအစိုးရ မြန်မာပြည်သူများနှင့် မြန်မာ့အနုပညာကို သိက္ခာချနေခြင်းသာ ဖြစ်ပေသည်။ ထိုသို့ သိက္ခာချခြင်းဖြင့် ယင်းတို့၏ အကျိုးစီးပွားကို ရယူ တည်ဆောက် နေခြင်းလည်း ဖြစ်ပေသည်။

မြန်မာနိုင်ငံ သမိုင်းကြောင်းနှင့် မြန်မာနိုင်ငံ၏ ပကိဖြစ်ရပ်မှန်များ အပေါ် ပါဝင်သရုပ်ဆောင်ပေးသော အနုပညာရှင် များသည် ကိုယ့်နိုင်ငံ ကိုယ်လူမျိုးအတွက် အနုပညာ တာဝန် ကျေပြွန်ခြင်းသာ ဖြစ်သည်။ သူတစ်ပါးနိုင်ငံ သူတစ်ပါး အရေးကိစ္စအား ထိပါစော်ကားမှု အလျဉ်းမရှိခဲ့ပါ။ ထို့အကြောင်းတရားများကလည်း ဒီမိုကရေစီ နည်းလမ်းအရ မှန်ကန်သည့် နိုင်ငံရေးခံယူချက် ယုံကြည်ချက်များ အဖြစ် မှတ်ကျောက်တင် ခံနိုင်ပါသည်။ ထိုသို့ ကိုယ့်နိုင်ငံသမိုင်း ကိုယ့်နိုင်ငံသားတို့၏ နိုင်ငံရေး ရွေးခြယ်မှုအတွက် အသိပေး ဇာတ်လမ်းအပေါ် ခြယ်လှယ်ချင်တိုင်း ခြယ်လှယ်မရနိုင်သည့် အခြေအနေတစ်ရပ် ဖြစ်လာခဲ့သည်ကို ကြိတ်မနိုင် ခဲမရ အပူလုံးကြွ လာသော အမေရိကန်နှင့် နိုင်ငံရေး လုပ်စား ကြောင်သူတော် ကြွက်သခိုးများက ယခုကဲ့သို့ မြန်မာ အနုပညာရှင် များအပေါ် စိတ်ယုတ်မာဖြင့် လုပ်ဆောင်ခြင်းဖြစ်သည်။

လွန်ခဲ့သည့်နှစ်က မြန်မာနိုင်ငံနယ်စပ် တစ်ဖက်နိုင်ငံတွင် မြန်မာ့တပ်မတော်မကောင်းကြောင်း မြန်မာ့များ၏ စိတ်ဓာတ်နှင့် ယဉ်ကျေးမှုများကို ထိပါစေမည့် ရုပ်ရှင်ဇာတ်လမ်းကို အမေရိကန်ရုပ်ရှင်မင်းသားက ရမ်ဘို အမည်ဖြင့် ၀ါဒဖြန့်ရိုက်ကူးပြီး မဟုတ်မမှန် လုပ်ဇာတ်များဖြင့် ကမ္ဘာသို့ ဖြန့်ချိခဲ့သည်။ ယင်းဇာတ်လမ်းသည် မြန်မာနိုင်ငံအပေါ် လုပ်ကြံစွပ်စွဲချက်များဖြင့် မြန်မာနိုင်ငံနှင့် မြန်မာလူမျိုးများ၏ ဂုဏ်သိက္ခာကို တိုက်ရိုက် စော်ကား မော်ကား ပြုခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ရုပ်ရှင်ဇာတ်လမ်းကို အော်စကာဆု ပေးရန် စာရင်းဝင်အောင်လည်း တစ်ဖက်လှည့်ဖြင့် မြန်မာနိုင်ငံအပေါ် လုပ်ကြံ ဖန်တီးမှုများအား မီဒီယာနည်းဖြင့် တိုက်ခိုက် ခဲ့ကြသည်။

ယင်းကဲ့သို့ နိုင်ငံတစ်နိုင်ငံအပေါ် ချိုးဖောက်မှု စွပ်စွဲမှု မျိုးစုံဖြင့် အစဉ်တစ်စိုက် လုပ်ဆောင်နေမှုများသည် တကယ်ပင် ဒီမိုကရေစီ နည်းလမ်း ကျပါ၏လား။ မြန်မာ့နိုင်ငံရေး သမိုင်းကြောင်းမှန် အပေါ် မြန်မာ့အနုပညာရှင် များ၏ အနုပညာ ဖန်တီးမှုသည် ဒီမိုကရေစီကို အနှောက်အယှက် ပေးနေပါ၏လား ဆိုသည့် မေးခွန်းများကို မြန်မာ နိုင်ငံသူ နိုင်ငံသားများသာ မက လူသားအားလုံး၏ အသိဥာဏ်ဖြင့် လွယ်ကူစွာ စဉ်းစားတွေးခေါ် ဆုံးဖြတ်နိုင်ပါ ကြောင်းနှင့် အမေရိကန်နဲ့ အနောက်အင်အားကြီး နိုင်ငံများ လုပ်သမျှ မျက်လုံးစုံမှိတ် ထောက်ခံပြီး ကိုယ့်နိုင်ငံ ကိုယ့်လူမျိုး ဘာဖြစ်ဖြစ် ငွေမျက်နှာ တစ်ခုတည်းဖြင့် ထင်ရာဆိုင်းနေကြသော မျိုးဖျက် မျိုးပျက်ကောင်များအား မျိုးချစ်စိတ်ဓာတ် အပြည့်ဖြင့် တွန်လှန် တိုက်ဖျက် သွားကြပါစို့ဟု တိုက်တွန်းတင်ပြ လိုက်ရပါသည်။


မောင်မင်းချင်း( စစ်ခွေးတွေရဲ့ လိမ်နေတယ်ညာနေတယ် ကြေးမူံOnline မှ ကူးယူတင်ပြပါသည်)

မောင်းသူမဲ့ကား ထုတ်ဖို့ Google ကုမ္ပဏီ စမ်းသပ်


လူတွေမလိုဘဲ ကားတွေကို စက်နှိုးနိုင်၊ မောင်းနိုင်၊ ရပ်နိုင်အောင် Google ကုမ္ပဏီကြီးက စမ်းသပ်နေပါတယ်။ စမ်းသပ်ထားတဲ့ ကား ၇ စီးကို အင်ဂျင်နီယာတွေက မိုင် ၁၄၀,၀၀၀ နီးပါး စမ်းသပ် မောင်းနှင်ပြီးသွားပြီလို့ Google က ပြောပါတယ်။
အကွေ့အကောက်တွေ များလွန်းလို့ နာမည်ကြီးတဲ့ ဆန်ဖရန်စစ္စကိုမြို့က လွမ်ဘာ့ဒ် (Lombard) လမ်း အပါအဝင် ကယ်လီဖိုးနီးယား ပြည်နယ်ထဲက လမ်းတွေ တော်တော်များများမှာ ကားတွေကို စမ်းသပ် မောင်းနှင်ခဲ့ကြပါတယ်။
လမ်းပေါ်က တခြားကားတွေ ဘယ်နားရှိလဲ သိနိုင်အောင် စမ်းသပ်မော်တော်ကားတွေမှာ Video camera တွေ၊ radar sensor တွေ၊ အကွာအဝေး ခန့်မှန်းတဲ့ laser range finder တွေကို တပ်ဆင်ထားသလို သွားမယ့်လမ်းခရီးမြေပုံ အသေးစိတ်ကိုလည်း ထည့်သွင်း တပ်ဆင်ထားပါတယ်။
ဒီကားတွေဟာ လမ်းပေါ်က ကားအခြေအနေအပေါ် လိုက်ပြီး မြန်မြန်ဆန်ဆန် ထိထိရောက်ရောက် တုံ့ပြန်နိုင်တဲ့အတွက် လူတွေမောင်းတာထက်တောင် ပိုပြီး လုံခြုံစိတ်ချရတယ်လို့ Google က ပြောပါတယ်။
ဒါပေမဲ့ လူမောင်းစရာ မလိုတဲ့ ကားစမ်းမောင်းတဲ့ ခရီးတွေမှာ လိုအပ်ရင် ဝင်ထိန်းမောင်းနိုင်ဖို့ လူတွေလည်း လိုက်ပါသွားခဲ့ပါတယ်။

Monday, October 18, 2010

ယခုအချိန်တွင်နိုင်ငံဟာဖွတ်နိုင်ငံအနေနဲ့ စတင်ခဲ့ သလိုအနာဂတ်မှာလဲလဒနိုင်ငံဖြစ်စေရမည်ဟု ကြံဖွတ်ကပြော

ကိုမင်းကိုနိုင်ရဲ့၄၈နှစ်မြောက်မွေးနေ့ ဓာတ်ပုံသတင်းများ










ခွေးကောက်ပွဲကော်မရှင်မှ မဲရုံပရ၀ဏ်အတွင်း ဓာတ်ပုံနှင့် ဗီဒီယိုရိုက်ကူးခွင့်များအာ: ရိုက်ခွင့်မပေးသော်လည်း အမှားခြတ်သည့် မဲပေးသူများကို ဒုတ်ဖြင့်ရိုက်ခွင့်ရှိသည်လို့ နောက်ဆုံးသတင်းရ ရှိ


U Thein Soe
        နေပြည်တော်ရှိ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရုံးတွင် ဆန္ဒမဲပေးမှုသရုပ်ပြခြင်းအခမ်းအနားကို အောက်တိုဘာလ ၁၈ ရက်နေ့က ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။
        အဆိုပါအခမ်းအနားသို့ သံရုံးများမှတာဝန်ရှိသူများ၊ နိုင်ငံခြားသတင်းထောက်များ၊ ပြည်တွင်းဂျာနယ်နှင့် မဂ္ဂဇင်များမှသတင်းထောက်များ၊ NGO အဖွဲ့အစည်းများနှင့် အခြားဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။ ယင်းအခမ်းအနားတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက အဖွင့်မိန့်ခွန်းပြောကြာခဲ့ပြီး  နိုဝင်ဘာလ ၇ ရက်နေ့တွင် ပြုလုပ်မည့် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲနှင့် ပတ်သက်၍ ကြိုတင်ပြင်ဆင်မှု လုပ်ငန်းများကို ရှင်းလင်းတင်ပြသွားခဲ့ကြောင်း သိရသည်။
        တင်ပြရှင်းလင်းမှုအပြီးတွင် နိုင်ငံခြားသတင်းထောက်များနှင့် ပြည်တွင်းဂျာနယ်မဂ္ဂဇင်းများမှ သတင်းထောက်များမှ ရွေးကောက်ပွဲနှင့်ပတ်သက်သည့် သိရှိလိုသည့် မေးခွန်းများကိုမေးမြန်းခဲ့ရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌက ပြန်လည်ဖြေကြားခဲ့ကြောင်းသိရသည်။ ယင်းသို့ဖြေကြားရာတွင် လာမည့်နိုဝင်ဘာလ၇ရက်နေ့ ရွေးကောက်ပွဲတွင် မဲရုံပရ၀ဏ်များအတွင်း ဓာတ်ပုံရိုက်ကူးခွင့်နှင့် ဗီဒီယိုရိုက်ကူးခွင့်ပြုမည်မဟုတ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌဦးသိန်းစိုးက ပြောကြားခဲ့သည်။ "မဲပေးရမဲ့ရက်မှာ မဲရုံပရ၀ဏ်အတွင်း အများပြည်သူလွတ်လပ်စွာ ဆန္ဒမဲပေးနိုင်ဖို့အတွက် မဲရုံထဲမှာ ဓာတ်ပုံရိုက်ကူးခွင့်နဲ့ ဗီဒီယိုရိုက်ကူးတာတွေကို ခွင့်ပြုမှာမဟုတ်ပါဘူး။ သတင်းထောက်တွေအနေနဲ့ မဲရုံထဲမှာ သတင်းယူခွင့်ရှိမရှိဆိုတာ ရွေးကောက်ပွဲဥပဒေထဲမှာ ပါဝင်တဲ့အတွက် အဲဒီထဲမှာဖတ်ကြည့်နိုင်ပါတယ်"ဟု ၄င်းကပြောကြားခဲ့သည်။

အလုပ်သမားဝန်ကြီးလည်းဖြစ် ဆက်သွယ်ရေးဝန်ကြီးလည်းဖြစ်တဲ့ ဦးအောင်ကြည်ကို ကားမှတ်တိုင်မှာ ညာချနေ

ကျုပ်ကတော့ လွှတ်တော်ထဲမရောက်ခင် ကားမှတ်တိုင်မှာပါ ညာချမှာပဲ


မင်္ဂလာတောင်ညွန့်မြို့နယ် ကြံ့ဖွံ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ဝင်အရွေးခံမယ့် အလုပ်သမားဝန်ကြီးလည်းဖြစ် ဆက်သွယ်ရေးဝန်ကြီးလည်းဖြစ်တဲ့ ဦးအောင်ကြည်ကို ကားမှတ်တိုင်မှာ ညာချနေတာ တွေ့ရပါတယ်။ ဝန်ကြီးတွေခမျာ ကြံ့ဖွံ့မှာ ဝင်အရွေးခံတော့မယ်ဆိုမှပဲ ကားမှတ်တိုင်မှာ အချိတ်ခံရ၊ ဓာတ်တိုင်မှာ အကပ်ခံရနဲ့ ... သနားစရာ။ ဦးအောင်ကြည်ရဲ့ မဲဆွယ်ဆိုင်းဘုတ်တခုမှာတော့ “ဒီလမ်းပေါ်မှာ လွန်ခဲ့တဲ့ နှစ် ၆၀ ကတည်းက ပြည်သူလူထုနဲ့ တသားတည်း ရှိခဲ့တာဘယ်သူလဲ” ဆိုပြီး မေးခွန်းဆန်ဆန် ရေးထားပါတယ်။ သူကိုယ်တိုင်မသိလို့ လူတွေကို မေးထားတာထင်ပါရဲ့။ အဲဒီဆိုင်းဘုတ်ကို ကြည့်ပြီး လူတွေက “ဘယ်သိမှာလဲ” လို့ ပြန်ဖြေမယ်ထင်တယ်။ တကယ်ဆို မေးသင့်တာက “ဒီလမ်းပေါ်မှာ လွန်ခဲ့တဲ့ နှစ် ၆၀ လောက်ကတည်းက လူထုကို နှိပ်စက်ခဲ့တာ ဘယ်သူလဲ” လို့ မေးရမှာ။ အဲဒါဆို လူတွေက တန်းခနဲ ဖြေနိုင်ကြမှာပေါ့။

  The Irrawaddy Blog မှကူးယူတင်ပြပါသည်  

ဗိုလ်ချုပ်မှူးကြီး သန်းရွှေရူးကြောင်ကြောင်ဖြစ်သွားပြီ

ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ ရူးကြောင်ကြောင် မြို့တော်



ဗိုလ်ချုပ်မှူးကြီး သန်းရွှေက သူ့ရဲ့ မြို့တော်သစ် နေပြည်တော်ကြီး လှပတင့်တယ်ဖို့ မြို့တော်ကို ဖြတ်သန်းစီးတဲ့ ချောင်းကြီးတခု ဖောက်လုပ်နေတယ်လို့ အပတ်စဉ်ထုတ် Flower News ဂျာနယ်က သတင်းဖော်ပြလိုက်ပါတယ်။

အင်္ဂလန်နိုင်ငံ လန်ဒန်မြို့လယ်ခေါင်ကို ဖြတ်သန်းစီးနေတဲ့ သိန်းမြစ်လိုမျိုး နေပြည်တော်ကို ဖြတ်သန်းစီးဆင်းတဲ့ ချောင်းကြီးတခုကို ဖောက်လုပ်တာလို့ အဲဒီသတင်းက ဆိုတယ်။

အနောက်ပဲခူးရိုးမက မြစ်ဖျားခံလာတဲ့ ငလိုက်ချောင်းကို ပြုပြင်ပြီး နေပြည်တော်မြို့တော်အထိ အရောက် ချောင်းကြီးတခုဖောက်လုပ်မှာ ဖြစ်တဲ့အကြောင်း၊ ဒီချောင်းထဲမှာ အပျော်စီးသင်္ဘောတွေ၊ လှေတွေနဲ့ စီးပြီး
နေပြည်တော်အလှကို ခံစားနိုင်မှာဖြစ်တယ်လို့ ဆိုပါတယ်။

Sunday, October 17, 2010

နယူးယောက်မြို့ က မြန်မာ့အရေးရံပုံငွေပွဲနဲ့  ဆွေးနွေးပွဲ


၁၇၊ ၁၀၊ ၂၀၁၀

ထိုင်း-မြန်မာနယ်စပ်မှာ ရောဂါရှိနေတဲ့ မြန်မာကလေး လေးယောက်ရဲ့  အသက် ကယ်ဆယ်ရေး အတွက် ရံပုံငွေရှာပွဲနဲ့  မြန်မာ့အရေးဆွေးနွေးပွဲတစ်ရပ်ကို နယူးယောက်မြို့ မှာ နှစ်ရက်ဆက်တိုက် ကျင်းပခဲ့ပါတယ်။ Free Burma Alliance နဲ့  Network 355 လို့  ခေါ်တဲ့ အဖွဲ့ တွေက ကြီးမှူးကျင်းပရာမှာ ရံပုံငွေပွဲကို လူတစ်ရာကျော် တက်ရောက်အားပေးခဲ့ပြီး မြန်မာ့အရေးဆွေးနွေးပွဲကိုတော့ လူ ၅၀ နီးပါးခန့်  တက်ရောက်ခဲ့ ကြပါတယ်။ 

အောက်တိုဘာ ၁၆ ရက်နေ့ က စတင်ကျင်းပခဲ့တဲ့ ရံပုံငွေပွဲကို နယူးယောက်ကမြန်မာတချို့  တက်ရောက်အားပေးခဲ့ပြီး အများစုကတော့ အမေရိကန်နဲ့ အခြားနိုင်ငံသားတွေတက်ရောက်ခဲ့ ကြပါတယ်။ မြန်မာပန်းချီကားအပါအ၀င် အနုပညာ ပစ္စည်းတချို့ ကို လေလံတင်ရောင်းချခဲ့တဲ့ အစီအစဉ်၊ စေတနာနဲ့  တင်ဆက်ခဲ့တဲ့ ဂျပန်အနုပညာရှင်တွေကလည်း တယောတီး၊ အုပ်စုဖွဲ့  ကပြမှုအစီအစဉ်၊ မြန်မာ့အရေး ဗွီဒီယိုပြတဲ့အစီအစဉ်တွေနဲ့  တကွ ညနေစာနဲ့ လည်း ဧည့်ခံခဲ့ပါတယ်။

အောက်တိုဘာ ၁၇ ရက်နေ့ မှာတော့ မြန်မာ့အရေးဆွေးနွေးပွဲကို လူအခွင့်အရေး နဲ့  အမေရိကန်အစိုးရရဲ့ မြန်မာ့ဒီမိုကရေစီအရေးလုပ်ဆောင်ချက်အခြေအနေ ဆိုပြီး ရှုထောင့် နှစ်ခုကနေ ဆွေးနွေးခဲ့ရာမှာတော့ မြန်မာ့အရေး လုပ်ဆောင်နေသူတချို့  ထဲထဲဝင်ဝင် ဆွေးနွေးခဲ့ကြပါတယ်။

လူအခွင့်အရေး ခေါင်းစဉ်နဲ့  ပတ်သက်တဲ့ဆွေးနွေးပွဲမှာတော့ မြန်မာပြည်သူတွေ ခံစားနေရတဲ့ ဒုက္ခအခြေအနေတွေကို အပြန်အလှန် အချက်အလက်ပေါင်းများစွာတွေနဲ့  တင်ပြခဲ့ကြပါတယ်။ ဒီအပြင် ကုလသမဂ္ဂက Commission of Inquiry ကိစ္စနဲ့  လုပ်ဆောင်ရာမှာ အားနည်းချက်တွေကိုလည်း ထောက်ပြခဲ့ကြပါတယ်။ တက်ရောက်တဲ့ ဧည့်သည်တွေကလည်း မေးခွန်းတွေ ပြန်လည်မေးခဲ့ကြပြီး မြန်မာ့အရေးကို ဒီထက်မက ပိုလုပ်ပေးကြဖို့  ပြောဆိုခဲ့ကြပါတယ်။

မြန်မာ့ဒီမိုကရေစီအရေးနဲ့  ပတ်သက်လို့ အမေရိကန်အစိုးရရဲ့ ရပ်တည်ချက်ကိုဆွေးနွေးရာမှာ မြန်မာ့အရေးလုပ်ဆောင်သူအမေရိကန်နိုင်ငံသားတချို့ က သူတို့ ကိုယ်နှိုက် အမေရိကန်အစိုးရလုပ်ဆောင်နေတဲ့ အနေအထားတွေကို အားမရကြောင်း၊ ဒီထက်ပိုပြီး လုပ်ဆောင်ဖို့ လိုနေသေးကြောင်း၊ ဒုတိယကမ္ဘာစစ်တုန်းက ဂျာမနီနိုင်ငံက နာဇီဟစ်တလာ ကိုတောင် တိုက်ခဲ့ပြီး ဂျူးလူမျိုးတွေ လွတ်မြောက်အောင် ဆောင်ရွက်ပေးခဲ့ကြောင်း၊ အမေရိကန်အစိုးရကိုယ်တိုင်ပြဌာန်းထားတဲ့ မြန်မာ့အရေးနဲ့ ပတ်သက်တဲ့ ဥပဒေတွေအရ ဒီမိုကရေစီတိုက်ပွဲဝင်နေတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်အပါအ၀င် ဒီမိုကရက်တစ်အဖွဲ့  အစည်းတွေကို အားပေးသွားမယ်လို့ ပြောထားပြီး တကယ်တမ်းလက်တွေ့ မှာတော့ အားမရကြောင်း၊ ဒီနေ့  နအဖထဲမှာလည်း စည်းလုံးညီညွတ်မှုတွေမရှိတဲ့အပြင် သွေးကွဲနေကြပြီဖြစ်ကြောင်း၊ ဗိုလ်ချုပ်မောင်အေးရဲ့ အခြေအနေတောင် မကောင်းဘူးဘဲ အကျယ်ချုပ်တောင်ကျနေတယ်လို့ ကြားရကြောင်း၊ အမေရိကန်အစိုးရကဒီထက်ပိုပြီး ပြင်းပြင်းထန်ထန် လုပ်ဆောင်ပြီး ထောက်ပံ့လာမယ်ဆိုရင် မြန်မာ့ဒီမိုကရေစီ လှုပ်ရှားမှု ပိုမိုအားကောင်းလာနိုင်ကြောင်း ပွင့်ပွင့်လင်းလင်းနဲ့  အခြေတင် ဆွေးနွေးသွားတာ တွေ့ ရ ပါတယ်။

ဒုတိယနေ့  ဆွေးနွေးပွဲမှာတော့ Amnesty International, National League for Democracy – Liberated Area (USA), Free Burma Alliance, Heroes Serving Humanity, Dictator Watch, Free Burma Rangers နဲ့  Burma Point အဖွဲ့ တို့ ရဲ့  ကိုယ်စားလှယ်တွေ အပြင် တသီးပုဂ္ဂလတချို့  တက်ရောက်ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါတယ်။

ဝေနှင်းပွင့်သုန် မြန်မာပြည်အတွက်အမြင့်မှ ခုန်ချပြ၊

ဝေနှင်းပွင့်သုန် ပေ ၁၆၀ အမြင့်မှ ခုန်ချ၊
ဒေါ်လာ တသောင်းကျော်ရ
ဓာတ်ပုံသတင်း
အောက်တိုဘာ ၁၇၊ ၂၀၁၀ အကျဉ်းကျ နိုင်ငံရေးသမား ကိုမြအေး၏ သမီး ဝေနှင်းပွင့်သုန်က ပေ ၁၆၀ အမြင့်မှ ကြိုးတန်းလန်းဖြင့် ခုန်ချခြင်းဖြင့် ရန်ပုံငွေ ရှာခဲ့ရာ ပေါင် ၈၀၀၀ ၀န်းကျင် (ဒေါ်လာ ၁၃,ဝဝဝ ခန့် သို့မဟုတ် ကျပ် သိန်း ၁၀၀ ကျော်) ရခဲ့သည်ဟု သူ ပါဝင် လှုပ်ရှားသည့် Burma Campaign UK က FaceBook တွင် ရေးထားသည်။ (ဓာတ်ပုံများ - BCUK FaceBook)
ယမန်နေ့က လန်ဒန်မြို့တွင် ထိုသို့ စွန့်စားပြီး ရန်ပုံငွေ ရှာခဲ့ခြင်း ဖြစ်သည်။ ရန်ပုံငွေမှာ သူ၏ အဖွဲ့ နှင့် အကျဉ်းသားဟောင်းတို့ အတွက် ဖြစ်ကြောင်း “So far almost eight thousand pounds raised for former political prisoners and Burma Campaign UK” ဟု FaceBook တွင် ရေးထားသည်။ “အမြင့်ခုန်ရခြင်းကို အတွေ့အကြုံမရှိ၊ စိုးရွံ့သော်လည်း ထောင် ၆၅ နှစ် ကျခံနေရသူ ဖခင် ကိုမြအေး၊ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် ၂၁၀၀ မကသော နိုင်ငံရေးအကျဉ်းသားများ ရင်ဆိုင်နေရသည့် အခြေအနေနှင့် နှိုင်းယှဉ်၍ မရကြောင်း” http://www.bmycharity.com/V2/jumpforfreedom တွင် ဝေနှင်းက ကြိုတင် ရေးသားထားသည်။ အဖွဲ့အတွက် ရန်ပုံငွေ ရှာခြင်းဖြင့် အဖွဲ့က အကျဉ်းသားအားလုံး လွတ်မြောက်ရေးအတွက် လှုံ့ဆော်နိုင်မည်ဖြစ်သောကြောင့် ရန်ပုံငွေထည့်ခြင်းဖြင့် ထောက်ခံကြရန် ဆော်သြခဲ့သည်။
  မိုးမခမှကူးယူတင်ပြပါသည်