Pages

Thursday, August 16, 2012

“ပြည်သူချစ်သော မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နှင့် နယူးယောက်မြို့နေ မြန်မာပြည်ဖွားတိုင်းရင်းသားများ တွေ့ဆုံဆွေးနွေးပွဲ ဖြစ်မြောက်ရေးအဖွဲ”့ ထုတ်ပြန်ကြေညာချက် အမှတ် (၁)



“ပြည်သူချစ်သော မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နှင့် နယူးယောက်မြို့နေ မြန်မာပြည်ဖွားတိုင်းရင်းသားများ တွေ့ဆုံဆွေးနွေးပွဲ ဖြစ်မြောက်ရေးအဖွဲ”့

ထုတ်ပြန်ကြေညာချက် အမှတ် (၁)
နေ့စွဲ။     ။ သြဂုတ်လ ၁၅ ရက်၊ ၂၀၁၂ ခုနှစ်

၁။         နယူးယောက်မြို့တွင် တွေ့ဆုံဆွေးနွေးပွဲဖြစ်မြောက်ရေးအတွက် အကြိုညှိနှိုင်းစည်းဝေးပွဲတရပ်ကို ဇူလိုင်လ ၂၈ ရက်၊ စနေနေ့ တွင် ပြုလုပ်ခဲ့သည်။ 39 Eldridge St., 4th Floor, NY 10002 တွင်ပြုလုပ်ခဲ့သောဆွေးနွေးပွဲကို အဖွဲ့အစည်းအသီးသီး နှင့် စိတ်ပါဝင်စားသူများ စုစုပေါင်း ၅၀ ကျော်ခန့်တက်ရောက်ခဲ့ကြသည်။
            အစည်းအဝေးတွင် ဒေါ်အောင်ဆန်းစုကြည်၏ အမေရိကန်ပြည်ထောင်စုခရီးစဉ် နှင့် နယူးယောက်မြို့တွင်ပြုလုပ်မည့် တွေ့ဆုံဆွေးနွေးပွဲနှင့် ပတ်သက်၍ လက်ရှိသိရှိထားသောအချက်အလက်များကို အသီးသီး တင်ပြဆွေးနွေးခဲ့ကြသည်။ တွေ့ဆုံ ဆွေးနွေးပွဲဖြစ်မြောက်ရေးအတွက် စိတ်ပါဝင်စားသူတိုင်း မိမိတို့ဆန္ဒအလျောက် ပါဝင်တာဝန်ယူနိုင်သည့် ဖြစ်မြောက်ရေးအဖွဲ့ကို ဖွဲ့စည်းရန်သဘောတူဆုံးဖြတ်ခဲ့ကြသည်။
             “ပြည်သူချစ်သော မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နှင့် နယူးယောက်မြို့နေ မြန်မာပြည်ဖွား တိုင်းရင်းသားများ တွေ့ဆုံဆွေးနွေးပွဲ ဖြစ်မြောက်ရေးအဖွဲ့” ကို စုစုပေါင်း (၄၆) ဦးဖြင့် ကနဦး ဖွဲ့စည်းခဲ့ကြသည်။
            ဖြစ်မြောက်ရေးအဖွဲ့၏ နာယကများအဖြစ် ဆရာတော် ဦးပညာဇောတနှင့် နယူးယောက်မြို့စာပေ နှင့် ယဉ်ကျေးမှုအသင်း နာယက ကဗျာဆရာကြီး မောင်စွမ်းရည်တို့ကို အားလုံး၏ဆန္ဒဖြင့်တင်မြောက်ခဲ့ကြသည်။
            ဒေါ်အောင်ဆန်းစုကြည် နှင့်တွေ့ဆုံဆွေးနွေးပွဲကို နယူးယောက်မြို့နေ မြန်မာပြည်ဖွားတိုင်းရင်းသားများ စုံစုံညီညီ တက်ရောက်နိုင်ရေးအတွက် ကြိုးစားဆောင်ရွက်သွားကြရန်နှင့် ဖြစ်မြောက်ရေးအဖွဲ့ကို စိတ်ပါဝင်စားသူများနှင့် တိုးချဲ့ ဖွဲ့စည်းသွားရန်ုသဘောတူဆုံးဖြတ်ခဲ့ကြသည်။ ဘဏ္ဍာရေးကော်မတီ ၊ သတင်းနှင့် ပြန်ကြားရေးကော်မတီ ၊ နေရာအစီအစဉ်နှင့် အခမ်းအနားပြင်ဆင်ရေးကော်မတီ တို့ကို ဖွဲ့စည်းခဲ့ကြသည်။
            ဖြစ်မြောက်ရေးအဖွဲ့၏ အစည်းအဝေးများကို အပတ်စဉ် ကျင်းပသွားရန်နှင့် စိတ်ပါဝင်စားသူများအားလုံး ပါဝင်တာဝန်ယူ ဆောင်ရွက်နိုင်ရေးအတွက် ကျယ်ကျယ်ပြန့်ပြန့် အသိပေးဖိတ်ခေါ်သွားကြရန် ဆုံးဖြတ်ခဲ့ကြသည်။

၂။         ဖြစ်မြောက်ရေးအဖွဲ့၏ ဒုတိယအကြိမ်အစည်းအဝေးကို သြဂုတ်လ ၅ရက်၊ တနင်္ဂနွေနေ့တွင် ကျင်းပခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်နှင့်ပတ်သက်၍ ထပ်မံသိရှိလာသည့်အချက်အလက်များ၊ နယူးယောက်မြို့တွင် တွေ့ဆုံ ဆွေးနွေးပွဲ ကျင်းပမည့် ခန့်မှန်းခြေနေ့ရက်၊ တက်ရောက်နိုင်သည့်ခန့်မှန်းခြေ လူဦးရေ အပေါ်မူတည်၍ ဆွေးနွေးပွဲကျင်းပမည့် နေရာ ရှာဖွေရေး၊ ကုန်ကျနိုင်သည့် စားရိတ်ကို စိတ်ပါဝင်စားသူများ ဝိုင်းဝန်းကျခံနိုင်ရေးတို့ကို ဆွေးနွေးခဲ့ကြပြီး ထပ်မံပါဝင်လာသူ များ နှင့် ဖြစ်မြောက်ရေးအဖွဲ့ကို တိုးချဲ့ဖွဲ့စည်းခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်၏ အမေရိကန်ပြည်ထောင်စုခရီးစဉ်အတွင်း မြန်မာပြည်ဖွားတိုင်းရင်းသားများ နှင့် တွေ့ဆုံ ဆွေးနွေးပွဲများဖြစ်မြောက်ရေးနှင့်ပတ်သက်၍ တာဝန်ယူထားသည့် ဒေါက်တာနီနီခင် နှင့် ဆက်သွယ်ဆောင်ရွက်ရန်အတွက် ကိုနေတင်မြင့်နှင့် ကိုအောင်ကြီးလွင် တို့ကတာဝန်ယူသွားမည်။
            ဖြစ်မြောက်ရေးအဖွဲ့၏ အစည်းအဝေးများကို အပတ်စဉ်စနေနေ့တိုင်း အောက်ပါလိပ်စာတွင် ညနေ (၄) နာရီမှ (၆) နာရီ အထိ ပြုလုပ်သွားကြရန် ဆုံးဖြတ်ခဲ့ကြသည်။
Project Reach
39-Eldridge
4th floor, NY 1002

၃။         ဖြစ်မြောက်ရေးအဖွဲ့၏ တတိယအကြိမ်အစည်းအဝေးကို သြဂုတ်လ ၁၁ရက်၊ စနေနေ့တွင် ကျင်းပခဲ့သည်။ ဘဏ္ဍာရေးကော်မတီ ၊ သတင်းနှင့် ပြန်ကြားရေးကော်မတီ ၊ နေရာအစီအစဉ်နှင့် အခမ်းအနားပြင်ဆင်ရေးကော်မတီ အသီးသီးတို့ ၏ လုပ်ဆောင်ပြီးစီးခဲ့သည့်အခြေအနေများနှင့် ဆက်လက်လုပ်ဆောင်ရန်လိုအပ်သည့် ကိစ္စများကို တိုင်ပင်ဆောင်ရွက်ခဲ့ကြသည်။
            နယူးယောက်မြို့တွင် တွေ့ဆုံဆွေးနွေးပွဲကျင်းပမည့်နေ့ရက်နှင့် အချိန်မှာအောက်ပါအတိုင်းဖြစ်သည်။ အပြောင်းအလဲရှိပါကထပ်မံကြေညာပါမည်။
ကျင်းပမည့်နေ့ရက်။           ။ စက်တင်ဘာလ ၂၂ ရက်၊ စနေနေ့၊ ၂၀၁၂ ခုနှစ်
ကျင်းပမည့်အချိန်။             ။ နံနက် ၁၀ နာရီခွဲမှ နေ့လည် ၁၂ နာရီ အထိ
ကျင်းပမည့်နေရာ။             ။ ထပ်မံကြေညာပါမည်။

“ဆက်သွယ်ရန်တာဝန်ခံများ”
သတင်းနှင့် ပြန်ကြားရေးကော်မတီတာဝန်ခံများ

ကိုနေတင်မြင့်       ဖုန်း ၃၄၇ ၉၄၄ ၇၃၄၁
မဝေဝေနိုင်          ဖုန်း ၉၁၇ ၃၆၃ ၆၈၈၂

နေရာအစီအစဉ်နှင့် အခမ်းအနားပြင်ဆင်ရေးကော်မတီ တာဝန်ခံများ
မချောအိသိမ်း       ဖုန်း ၆၄၆-၅၉၆-၃၇၁၂
မဖြူဖြူစန်း           ဖုန်း ၃၄၇-၈၈၀-၁၆၇၄


ဘဏ္ဍာရေးကော်မတီ တာဝန်ခံများ

မမြမြစိုး              ဖုန်း ၉၁၇ ၇၉၇ ၂၁၃၄
ကိုသန့်သူမျိုး        ဖုန်း ၇၁၈ ၇၃၀ ၅၆၇၃