Pages

Saturday, April 17, 2010

ဒေါ်အောင်ဆန်းစုကြည် နှင့် နိုင်ငံရေးအကျဉ်းသား များ လွတ်မြောက်စေရန် ငါးလွှတ်ဆုတောင်း

တင်ကျော်ကျော်စိုး
၁၃၇၁ ခုနှစ် မြန်မာ နှစ်ဆန်းတစ်ရက် ကဆုန်လဆန်း ၅ ရက်နေ့  ၂၀၁၀ ခုနှစ် ဧပြီလ ၁၇ ရက် ညနေ ၅ နာရီ ၄၈ မိနစ်တွင် နှစ်သစ် သို့ ကူးပြောင်းမည် ဖြစ်သည်။


ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး ယနေ့ မနက် ငါးလွှတ် ဆုတောင်းပြုနေသူများ
ဓာတ်ပုံ-ရိုက်တာ
နှစ်ဆန်းတစ်ရက်နေ့ မနက်ပိုင်းရန်ကုန် မြို့ အင်လျှားကန် တွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ် အဖွဲ့ ဝင်များ နှင့် ပြည်သူများက ငါးလွှတ်ဆုတောင်းပွဲများကျင်းပကြပြီး မြန်မာ့ ဒီမိုကရေစီ
ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ပါစေ ဟု ကျွေးကျော် ဆုတောင်း ခဲ့ကြသည်။
 

မြန်မာ နှစ်သစ်သို့ ကူးပြောင်းမည့် နှစ်ဆန်း တစ်ရက်နေ့ နံနက်ပိုင်း တွင်း ရန်ကုန်မြို့ တစ်လျှောက် ရဲကားများ လှည့်ပတ်နေသော် လည်း လူငယ် အချို့ က သုံးမရ တဲ့ကောင်တွေ ၊ လခ ယူထားပြီး
ဆောက်သုံးမကျတဲ့ ကောင်တွေ စသည် ဖြင့် ပေါ်ပေါ်ထင်ထင် ဆဲ ရေးတိုင်း ထွားမှု များရှိသည်
ဟု သိရသည်။
အမျိုးသား ဒီမိုကရေစီအဖွဲ့ ချုပ် အဖွဲ့ဝင်များ၏ တိုင်းပြည် အေးချမ်းစေကြောင်း နှင့် နိုင်ငံရေး အကျဉ်းသား များ လွတ်မြောက်စေကြောင်း ငါးလွှတ်ဆုတောင်း
ဓာတ်ပုံ-ရိုက်တာ
အချို့ ရပ်ကွက်များတွင် ပရိတ် တရားပွဲ များ ကို သက်ဆိုင်ရာ ရပ်ကွက် နှင့် ရယက ရုံးများက ဦးစီးကျင်းပသည် ကို လက်မခံဘဲ ရပ်ကွက်သူ ရပ်ကွက်သားများက မိမိ
တို့ ကိုယ်တိုင်ကျင်းပသည်။ရေကျော် ရပ်ကွက်ရှိ အိမ်ရှင် မတစ်ဦးက ကျွန်မ ပရိတ် အိုး ကို
ရ၀တ ရုံးမှာ သွားထားပြီး တရားမနာတော့ ဘူး ဒီ xxx(*%  တွေ နဲ့ နောက်ဘ၀ မဆုံချင်ဘူး ဟု ပြောသည်။
နှစ်ဆန်းတစ်ရက်နေ့ က အမျိုးသား ဒီမို ကရေစီအဖွဲ့ ချုပ်ရုံးတွင် ချိတ်ဆွဲ ထားသည် ဒေါ်အောင်ဆန်းစုကြည် ဓာတ်ပုံအား သပြေခက်ဖြင့် ရေပက် ဆော့ကစားနေသည့် အဖွဲ့ ချုပ် အမျိုးသမီး အဖွဲ့ ဝင်များ 

ကျောက်ကုန်းကျောင်းကြီး တိုက်မှ သံဃာတော်တစ်ပါးကမူ စစ်တပ် နဲ့ ရဲ စခန်းတွေ ကို ပရိတ် တရား တော် လိုက်မနာပေး
ဘူး ဟု Freedom News Group သို့ မိန့် တော်မူသည်။
သင်္ကြန် အကြတ်နေ့ က ရန်ကုန်မြို့ ကန်ပတ်လမ်းရှိ X2O ရေကစား မဏ္ဍပ် တွင် ဗုံးသုံးလုံး ပေါက်ကွဲရာမှ လူ ၂၄ ဦးသေဆုံးပြီး
၁၇၀ ကျော် ဒဏ်ရာရရှိခဲ့သည်။
နှစ်ဆန်းတစ်ရက်နေ့ မနက် ပိုင်းတွင် ရွှေတိဂုံ စေတီ၊ဆူးလေစေတီ ၊ဗိုလ်တထောင် စေတီ ၊မယ်လမု စေတီ နှင့် မိုးကောင်းစေတီ
တို့ တွင် ကုသိုလ်ပြု ဥပုတ် သီလ စောင့်တည် သူများ ရှိပြီး အလှုဒါန ပြုကြသူများလည်းရှိသည်။
ယနေ့ ညနေ တွင် ရန်ကုန် မြို့ ရပ်ကွက်တိုင်း ဉ် နအဖ စစ်အစိုးရ အား သံပုံးတီး၍ တောထုတ်မည် ဟု သိရသည်။
နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး အတွက် ငါးလွှတ်ဆုတောင်း ဓာတ်ပုံ-ရိုက်ာတာ