Pages

Sunday, April 25, 2010

ဒီမိုကရေစီတရားခံသည် အကြမ်းဖက်သမားများစစ်ခွေး တွေမှ တစ်ပါး အခြားမည်သူ ရှိနိုင်

အကြမ်းဖက် ဗုံးဖောက်ခွဲမှုကြောင့် အပြစ် မဲ့ပြည်သူများ ထိခိုက် သေကြေ ဒဏ်ရာရကာ သေဆုံး ခဲ့ကြရသည်။ သင်္ကြန်ရေမှာ သွေးချင်းချင်း နီခဲ့ရသည်။ ပိတောက်နှင့် ငုဝါတို့သည်လည်း သွေးစက်တို့ စွန်းထင်း ပေလူးခဲ့သည်။ မျက်ရည်စက်များ၊ ငိြုေ<ွကးသံများ၊ နာကျင် သံများသည် ပြည်သူတို့ကို အိပ်မက်ဆိုးပမာ ထိတ်လန့်တုန်လှုပ်သွားစေခဲ့သည်။ မြန်မာတို့၏ အထွတ်အမြတ်ထားရာ နှစ်သစ်မင်္ဂလာသည် အရုပ်ဆိုး အကျည်းတန်ခဲ့သည်။ ဘယ်တုန်း ကမှ မျှော်လင့်မထားသော သင်္ကြန်တွင်း ဗုံး ပေါက်ကွဲမှုက ပြည်သူတို့ကိုသွေးမြေကျစေခဲ့ သည်။ ထိခိုက်ဒဏ်ရာ အနာတရ ရသူ တို့မှာ ဆေးရုံကုတင်ပေါ်မှ မဆင်းကြရသေး။ အဖြစ်အပျက်တို့က မယုံနိုင်လောက်စရာ။ ရန်ကုန်၊ ကန်တော်ကြီးပတ်လမ်းရှိ X2O ရေကစားမဏ္ဍပ်ရှေ့တွင် သင်္ကြန်အကြတ်နေ့(၃)နာရီက LINCOLN စီးကရက်များဝေနေ ချိန်တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့သည်ဟု မျက်မြင်သက်သေတို့က ဆိုသည်။ အချို့က ဗုံးကိုကားပေါ်မှ ပစ်သွားခဲ့သည်ဟုလည်းဆိုသည်။ ဗုံးကို X2O စင်ကိုဖောက်ခွဲရန် ရည်ရွယ်သော်လည်း ရေကစားမဏ္ဍပ်စင်ပေါ် မရောက်ဘဲ ကားလမ်းပေါ်တွင် ဗုံး(၃)လုံး ဆင့်ကဲ ဆင့်ကဲ ပေါက်ကွဲမှုကြောင့် လမ်းပေါ်မှရေကစားနေသူများ တာဝန်ထမ်းဆောင်နေသူများ၊ လမ်းလျှောက်နေသူများ ဓားစာခံဖြစ်ခဲ့ရသည်။ ဗုံးပေါက်ကွဲ သည်ဟု ကြားသည်နှင့် ပြည်သူတို့သည် တွေဝေဆုတ်ဆိုင်းခြင်းမရှိ။ ရရာကားများနှင့်ရန်ကုန်ဆေးရုံကြီးအရေးပေါ်သို့ အားချင်းသယ်ဆောင်ကာပို့ခဲ့ကြသည်။ တစ်ယောက်ပြီးတစ်ယောက် ရန်ကုန်ပြည်သူ့ ဆေးရုံကြီးအပြင် အလုပ်သမားဆေးရုံကြီးသို့ လူနာများကို သယ်ပို့ခဲ့ကြသူများလည်း ရှိခဲ့သည်။ ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ဆရာဝန်များ၊ ဆရာမများသည် အရေးပေါ်အခြေအနေနှင့်ရင်ဆိုင်ရသည့်အခါ ချက်ချင်းတုန့်ဆိုင်းခြင်းမရှိဘဲ ဒဏ်ရာရရှိသူများကို အသက်လုခဲ့ကြသည်။ တစ်ချို့လည်း ကံကောင်းသွားခဲ့ကြသည်။ တစ်ချို့လည်း ကံမကောင်းနိုင်ရှာ။ သည်အချိန်မှာ လက်ကိုင်ဖုန်းများမှတဆင့် သွေးများလိုအပ်နေ ကြောင်း ဆင့်ကဲဆင့်ကဲ အကြောင်းကြားကြရာ သွေး လှူရှင်များ ချက်ချင်းပေါ်လာသည်။ ဒဏ်ရာရနေသူ များအတွက် လိုအပ်သည့်သွေးများကို အပြေးအလွှား လာလှူကြသည်။ သက်ဆိုင်ရာမှလည်း အကြမ်းဖက် ဗုံးဖောက်ခွဲမှုတွင် အစတေးခံသွားရသူများ၏ နောက်ဆုံးခရီးကို အစအဆုံး တာဝန်ယူပေးခဲ့သလို ဆေးရုံများ ပေါ်တွင် ဆေးဝါးကုသမှုခံယူနေသူများအတွက်လည်း အစစအရာရာတာဝန်ယူ ကုသပေးခဲ့သည်။ စေတနာရှင် အလှူရှင်များလည်း ဒဏ်ရာရ လူနာများအတွက် ချက်ချင်းဆိုသလို ရောက်ရှိလာကြသည်။ အကြမ်းဖက်ဖောက်ခွဲရေးသမားများသည် ဘာအတွက် ပြည်သူ ကိုစတေးခဲ့ကြသနည်း။ ပြည်သူသည် မြေဇာပင်သာဖြစ်သည်။ အကြမ်းဖက် ဖောက်ခွဲရေးသမားများသည် ဗုံးဖောက်ခွဲမှုကြောင့် အသက်ပေးသွားရသူများ၊ ဒဏ်ရာရရှိသူများအပေါ် ဘာရန်ညှိုး ရန်စရှိဋ္ဋ၍ ခုလိုမျိုး ရိုင်းပျပက်စက်ယုတ်မာခဲ့ရသနည်း။ အကြမ်းဖက် ဖောက်ခွဲရေးသမားများ လိုချင်သည်မှာဘာလဲ။ ဒီမိုကရေစီလား။ ဒီမိုကရေစီရရှိဖို့ အကြမ်းဖက်ဖောက်ခွဲကာ ပြည်သူတွေကို စတေးနေ ကြမည်ဆိုလျှင် ဒီမိုကရေစီတရားခံသည် အကြမ်းဖက်သမားများစစ်ခွေး တွေမှ တစ်ပါး အခြားမည်သူ ရှိနိုင်ပါဦးမည်နည်း။