Pages

Saturday, May 8, 2010

အာရှ နှင့် ပိစိဖိတ် ရေး ရာ အမေရိကန် ဒုလက်ထောက် နိုင်ငံခြားရေး ၀န်ကြီးကတ်ကမ်းဘဲလ်ကခရီးစဉ် အတွင်း စစ်အုပ်စု ကဒေါ်အောင်ဆန်းစုကြည် နှင့် တွေ့ ခွင့် မပေးလျှင် သူ ၏ မြန်မာ နိုင်ငံ သို့ သွားမည် မဟုတ်

စစ်အုပ်စု ကတွေ့ ခွင့် ပေးလျှင် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် အတိုက်အခံ ခေါင်းဆောင် များ နှင့် တွေ့ မည်

May 8, 2010 Freedom News Group
0
0
မဲပေးပါ
Quantcast

WASHINGTON (AFP) –အာရှ နှင့် ပိစိဖိတ် ရေး ရာ အမေရိကန် ဒုလက်ထောက် နိုင်ငံခြားရေး ၀န်ကြီး
မြန်မာ နိုင်ငံ သို့ လာရောက် သည့် အခါ စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည် နှင့် တွေ့ ဆုံခွင့် ပေးလျှင် တွေ့  ဆုံ မည်ဖြစ်ကြောင်း အကြီးတန်း အမေရိကန် အစိုးရ အရာရှိ တစ်ဦးက
ယနေ့  AFP သတင်းဌာန ကို ပြော ကြားလိုက်သည်။

မြန်မာ နိုင်ငံ သို့ လာရောက် ရန်စီစဉ် ထားသည့်  ကတ်ကမ်းဘဲလ် ၏ ခရီး စဉ် သည် သူ ၏
ဒုတိယမြောက် ခရီးစဉ် ဖြစ်သည်။
အမေရိကန် သမ္မတ အဖြစ် ဒီမိုကရတ် ပါတီ ခေါင်းဆောင် အိုဘားမား အာဏာရယူချိန် မှ စပြီး မြန်မာ နိုင်ငံနှင့် ပတ်သက်၍ သူ ၏ အစိုးရ အဖွဲ့ သဘောထားများ ကို ပြောင်း လဲ ခဲ့သည်။

အစိုးရ မူဝါဒအပြောင်း အလဲ များ နှင့် ပတ်သက်ပြီး ကတ်ကမ်းဘဲလ် ကို စေလွှတ်ပြီး မြန်မာ စစ်အစိုးရ နှင့် ဆွေးနွေးစေသော် လည်း ပြောင်း လဲ မှု တစ် စုံတစ်ရာ ဖြစ် ပေါ်လာ ခြင်း နှင့် တိုးတက်
ဖြစ်ထွန်း လာမှု များ တွေ့ မြင်ရမှု မရှိ  ဟု နိုင်ငံရေး လှုပ်ရှားသူများက ဆို သည်။
သူ၏ ခရီးစဉ် အတွင်း စစ်အုပ်စု ကဒေါ်အောင်ဆန်းစုကြည် နှင့် တွေ့ ခွင့် မပေးလျှင် သူ ၏ မြန်မာ နိုင်ငံ သို့ သွားမည် မဟုတ် ဟု နိုင်ငံခြားရေး ၀န်ကြီးဌာန မှ သတင်း ထုတ်ပြန်သည်။

၂၀၀၉ ခုနှစ် နိုဝင်ဘာ လ ကတ်ကမ်း ဘဲလ် လာရောက် လည် ပတ် ပြီးချိန် မှ စ၍ စစ်အစိုးရသည်  အတိုက်အခံ နိုင်ငံရေး လှုပ်ရှား သူ တစ်ရာ ထက် မနည်း ကို ထပ်မံ ဖမ်းဆီးခဲ့သည်။

ယခု နှစ် မတ်လ အတွင်း ထုတ်ဝေခဲ့သည့်  ၎င်း တို့ ၏ တရားမျှတ မှု မရှိသည့် ရွေးကောက်ပွဲ  ဥပဒေ ကြောင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် မှာ လည်း ရွေးကောက်ပွဲ ကို သပိတ် မှောက် ခဲ့ပြီး ပါတီ
၏ တရားဝင် တည်ရှိ မှု လည်း ပျက်ပြယ်ခဲ့ရသည်။