Pages

Wednesday, May 19, 2010

ထိုင်းနိုင်ငံ တ၀ှမ်းသို့ ဆန္ဒပြမှု၊ ပစ်ခတ်မှု၊ မငြိမ်သက်မှု၊ လုယက်မှု ၊မီးရှို့ မှု ၊ဖောက်ထွင်းမှု၊လုယက်မှု ၊ပြန်လှန်ပစ်ခတ်မှု များ ကူးစက်


မြို့ ပြပျောက်ကြား စစ်များ ဆက်လက်ဖြစ်ပွား

Post Options
ဒီမိုကရေစီ လိုလားသူ တစ်ဦး ကို လူမဆန်စွာဖမ်းဆီးထားစဉ် Photo ..CNN

ဆန္ဒပြသူများကို ဖမ်းဆီးထားစဉ် လူအခွင့်အရေးချိုးဖောက် မှုများရှိသည် ဟု ဆိုသည်(AP Photo/ Manish Swarup)
ညမထွက်ရ အမိန့် ထုတ်ပြန်ပြီး နောက် ဆန္ဒပြသူများက ပသူနမ် တွင် ကားတာယာများ နှင့် မော်တော်ကားများ ကို မီးရှို ထားသောကြောင့် ကောင်းကင်ယံ သို့ မီးခိုးများ တက်လာစဉ် ။ဘန်ကောက် မြို့ တွင်
လုယက်မှု များ၊မီးရှို့ ဖျက်ဆီးမှု များကြောင့် အခြေအနေ မှာ ပို၍ ဆိုးဝါးလျှက် ရှိသည်။
ထိုင်းစစ်တပ် ရဲ့ တိုက်ခိုက်မှု တွေ ကို ပြန်လည် ခုခံရင်း အနီဝတ် UDD အင်အားစုတွေ မီးရှိုခဲ့တဲ့ ဘန်ကောက်
မြို့ လည် က Central World ရှော့ပင်း ပလာဇာကြီး ရဲ့ အစိတ် အပိုင်း အချို့ ဟာ ည ၁၂ ခန် မှာ ပြိုကျသွားခဲ့ပါတယ် ။နေ့ လည်က UDD အဖွဲ့ ဝင်တွေ ၀င်ရောက်ပြီး မီးရှို့ ခဲ့တဲ့ အတွက် Central World ပလာဇာ ဟာ ခြောက် နာရီ လောက် မီးစွဲ လောင် တာ ခံရပြီး နောက် ပြိုကျ သွားတာဖြစ်ပါတယ်။
အရှေ့ တောင် အာရှမှ ဒုတိယ အကြီး ဆုံးဖြစ်တဲ့ Central World Shopping Mall ဟာ မြန်မာ နိုင်ငံ က
နေ ဘန်ကောက် ကို ဈေးဝယ် ထွက် ကြသူ တွေ အများ ဆုံး သွားကြတဲ့ နေရာ လည်းဖြစ်ပါတယ်။နိုင်ငံခြား သတင်းထောက် တွေ ကို စကားပြန် လုပ်ပေးတဲ့ ဘန်ကောက်နေ ထိုင်း အမျိုး သမီး Nice ကတော့ UDD တွေ ရဲ့  အမာခံ စခန်း လုံမဏီပန်းခြံ ကို ထိုင်း စစ်တပ်က သိမ်းလိုက်ပြီး ခေါင်းဆောင် တွေ အဖမ်းခံရတော့ အားလုံးပြီးသွား မယ် မှတ်တာ အခု မှ ပို ဆိုး လာတယ် လို့  Freedom News Group ကို ပြောပါတယ်။
Central World Shopping Plaza မီးလောင်နေစဉ် Photo ..Reuters
ဆန္ဒပြသူတွေ ဟာ လုံမဏီ ၀ါးတာ ယာ စခန်း ကို ၎င်း တို့ စွန့် ခွာတော့ ထိုင်း စတော့ အိပ်ချိန်း အပါအ၀င်
ခွန်ထိုင်း ဘဏ် အပါအ၀င် အခြား ဘဏ် လေးခု ၊ရုပ်ရှင်ရုံ နဲ့ လျှပ် စစ် မီးပေးရေး အဖွဲ့ တွေ ကို မီးရှို့ ခဲ့တာ
ဖြစ်ပါတယ်။
မီးစွဲလောင် နေတဲ့ စင်ထရယ် ဝေါ အဆောက် အဦး ကို မီးသတ် ကားတွေ နဲ့ ငြိမ်းသတ် ခဲ့ပေမယ် အဆောက
အဦရဲ့ အစိတ် အပိုင်း တစ်ချို့ ကို သာ ငြိမ်းသတ် နိုင်ခဲ့ပါတယ်။
ယနေ့ ည ဘန်ကောက် မြို့ ဟာ ပစ်ခတ်မှု တွေ ၊လုယက် မှု တွေ အပြည့် ဖြစ်နေပြီး ညမထွက် ရ အမိန့် ကြောင် ဘန်ကောက် မြို့ သားတွေ ဟာ အကြီး အကျယ် ဒုက္ခတွေ့ နေရပါတယ်။ဘန်ကောက် မြို့ ရဲ့ လက်ရှိ အခြေအနေ ဟာ ပြောရမယ် ဆိုရင် ဥပဒေ စိုးမိုး မှု ကင်းမဲ့နေတယ်
လို့ ဆိုရမယ် လို့  ဘန်ကောက် ရှိ့ ဂျပန် သတင်း ထောက် ကိုဇိုရိုအာ က Freedom News Group ကို ပြောပါတယ်။
လုံမဏီ စခန်း ကို ၀င်ဆီးစဉ် ထိုင်း စစ်တပ်ရဲ့ ဖမ်းဆီးမှု ကို ခံရတဲ့ UDD အဖွဲ့ ဝင်တွေ ကို ထိုင်း လုံခြုံရေး အဖွဲ့ ဝင်တွေ က လူမဆန်စွာ စစ်ဆေး
မေးမြန်းမှု တွေ ရှိတယ် လို့ UDD အဖွဲ့ ဝင် တစ်ဦး က ပြောပါတယ်။
ယနေ့ ည ဘန်ကောက်မြို့ ( AP Photo/Vincent Yu)
ယနေ့ နေ့ လည်းက စပြီး ချင်း မိုင် နဲ့ ထိုင်း နိုင်ငံ မြောက် ပိုင်း မြို့ တွေ မှာ မငြိမ် မသက် မှု တွေ ဆက်လက်
ဖြစ်ပေါ်လျှက်ရှိပါတယ်။