Pages

Sunday, May 23, 2010

သခင် စိုးမြင့် ဈာပန အခမ်းအနား လိုက်ပါ ပို့ ဆောင် နှုတ်ဆက်သူများဖြင့်စည်ကား


May 22, 2010 Freedom News Group 
သခင် စိုးမြင့် ၏ နောက်ဆုံးခရီး
Photo : FNG
ဗဟို အလုပ်မှုဆောင်အဖွဲ့ဝင်၊ ရန်ကုန်တိုင်း စည်းရုံးရေး ကော်မတီ ဥက္ကဌနှင့် ဗဟို လယ်သမားများ အဖွဲ့ခေါင်းဆောင် သခင် စိုးမြင့် ၏ ဈာပန အခမ်းအနားကို ယနေ့ ကျင်းပရာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ်အဖွဲ့ ဝင်များ၊ ၀ါရင့် နိုင်ငံရေး လုပ်ဖော် ကိုင်ဖက် များ ၊ကျောင်းသား ပြည်သူ အချို့ နှင့် နိုင်ငံခြား သံရုံးများ မှ သံတမန် များ လိုက်ပါ ပို့ ဆောင်ကြသည်။
တောင်ဥက္ကလာ(၄) ရပ်ကွက် ကေတုမာလာရိပ်သာ အနောက် ၃ လမ်း အမှတ် ၅(က) နေအိမ်မှ ကားများ ၉ နာရီခွဲတွင်ရေဝေးသုဿာန်သို့စတင်ထွက်ခွာသည်။ ထို့နောက် အခမ်းအနားအစီအစဉ်  ကျင်းပ ရာ အစီအစဉ် ၁ အရ မိသားစုမှ နောက်ဆုံးဂါရ၀ါပြုခြင်း အစီအစဉ် ၂ အရ တောင်ဥက္ကလာ မှ မြို့နယ်စည်းမှ အဖွဲ့ချုပ်အဖွဲ့ဝင်များမှ နောက်ဆုံးအကြိမ် ဂါရ၀ပြုခြင်း အစီအစဉ် ၃ အရ သံဝေဂ ကထာ ဖတ်ခြင်း(ဘဘ ဦးတင်ဦးမှ ဖတ်ကြားပါသည်) အစီအစဉ် ၄ အရ သခင်စိုးမြင့် ၏ အထ္ထုပ္ပတ္တိနှင့်လုပ်ဆောင်ချက်များ ဂုဏ်ရည်များကို ဖတ်ကြားခြင်း(တာမွေမြို့နယ် လွှတ်တော် ကိုယ်စားလှယ် ဦးလှသိန်းမှ ဖတ်ကြားပါသည်) အစီအစဉ် ၅ အရ သခင် စိုးမြင့်သည် တို့ဗမာ အစည်းအရုံးဝင် သခင်တစ်ဦးဖြစ်သည့်အတွက် တို့ဗမာ သီချင်းကို ကြွရောက်လာသူများကသံပြိုင် သီဆို၍ အခမ်းအနားပြီးဆုံးပါသည် (သခင်စိုးမြင့် သားမှ ဦးဆောင် သီဆို)။ထို့နောက် ကြေးစည် သခင်စိုးမြင့် ၏ ဓာတ်ပုံ လွမ်းသူပန်းခြင်း ပန်းခွေများကို သားသမီးမြေးမြစ်များ နှင့်အဖွဲ့ချုပ်အဖွဲ့ဝင်များက အစဉ်လိုက်ကိုင်ဆောင်၍ နောက်ဆုံးတွင် သခင်စိုးမြင့်၏ ခေါင်းတလားကို အဖွဲ့ချုပ် လူငယ်များက ထမ်းဆောင်၍မီးသဂြိုလ် စက်သို့ပို့ဆောင် သဂြိုလ် ပါသည်။
ရေဝေး သုသာန် တွင် ကျင်းပသည့် သခင်စိုးမြင့် ၏ ဈာပန အခမ်းအနားသို့ ထောက်လှမ်းရေး ၊ရဲ နှင့် ကြံ့ဖွံ့ အဖွဲ့ ဝင်များ မှ စောင့်ကြည့် မှု ရှိသည် ဟု ဈာပန လိုက် ပါ ပို့ ဆောင်သူ အဖွဲ့ ချုပ် အဖွဲ့ ဝင် လူငယ်တစ်ဦးကပြောသည်။သခင် စိုးမြင့်သည့် မေလ ၂၀ ရက်နေ့ အသက် ၈၇ နှစ် အရွယ်တွင် နေ အိမ် ဉ် အိပ် ပျော်နေစဉ် အတွင်း
ကွယ်လွန် သွားခြင်းဖြစ်သည်။
သခင် စိုးမြင့် ဈာပန အခမ်းအနားမှ မှတ် တမ်း ဓာတ်ပုံများ Freedom News Group Photo