Pages

Thursday, May 27, 2010

ဆန်ဖရန်စစ္စကို ဘေးဧရိယာမြန်မာများက ၉၀ ရွေးကောက်ပွဲနဲ့ အနိုင်ရ အင်န်အယ်ဒီကို ထောက်ခံဆန္ဒပြ

Burmese in SF bay show support to 1990 Election won NLD and protest against 2010 Junta's election Print E-mail
Thursday, 27 May 2010
 ဆန်ဖရန်စစ္စကို ဘေးဧရိယာမြန်မာများက ၉၀ ရွေးကောက်ပွဲနဲ့ အနိုင်ရ အင်န်အယ်ဒီကို ထောက်ခံဆန္ဒပြ
မိုးမခအထောက်တော် ၀၀၂
မေ ၂၈၊ ၂၀၁၀
ယမန်နေ့နေ့ခင်း ၁၁ နာရီက ၁ နာရီအထိ ဆန်ဖရန်စစ္စကို မြို့လယ်ရှိ ဗဟိုအစိုးရရုံးအဆောက်အအုံရှေ့တွင် မြန်မာတို့ စုဝေးကြပြီး ဆန်ဖရန်စစ္စကိုမြို့တော်က သတ်မှတ်လိုက်သော ဗမာဒီမိုကရေစီနေ့ အထိမ်းအမှတ်ကို ထောက်ခံခြင်းနှင့် ၂၀၁၀ စစ်အစိုးရ ရွေးကောက်ပွဲကို ကန့်ကွက်ဆန့်ကျင်ခြင်း ဆန္ဒပြပွဲ ပြုလုပ်ခဲ့ကြသည်။

 
          မေလ ၂၇ မှာ လွန်ခဲ့သည် အနှစ် ၂၀ ၁၉၉၀ ခုနှစ် ပါတီစုံရွေးကောက်ပွဲ ကျင်းပသည့် နှစ်ပတ်လည်နေ့ရက် ဖြစ်ပြီး ထိုနေ့တွင် ဒီမိုကရေစီရေးတိုက်ပွဲဝင် နိုင်ငံရေးပါတီဖြစ်သည့် အင်န်အယ်ဒီပါတီက မဲအများစုံဖြင့် အနိုင်ရရှိခဲ့သည်။ ထိုအချိန်ကတည်းက အာဏာသိမ်း စစ်တပ်က တိုင်းပြည်အာဏာကို မလွှဲဘဲ အတိုက်အခံဒီမိုကရေစီအင်အားစုများကို ဖိနှိပ် ဖမ်းဆီး သတ်ဖြတ်နေခဲ့သည်မှာ ယခုအချိန် အနှစ် ၂၀ တိုင်ခဲ့ပြီ ဖြစ်သည်။ ယခုအချိန်တွင် စစ်အစိုးရက ၎င်းတို့စိတ်တိုင်းကျ ရေးဆွဲထားသော ၂၀၀၈ အခြေခံဥပဒေနှင့် စစ်တပ်၏ အုပ်ထိမ်းမှုကို အတည်ပြုမည့်  ၂၀၁၀ ရွေးကောက်ပွဲကို ကျင်းပအတည်ပြုရန် ဆောင်ရွက်နေရာ အင်န်အယ်ဒီပါတီက ၂၀၁၀ ရွေးကောက်ပွဲကို မ၀င်ဘဲ သပိတ်မှောက်ထားကြောင်း မတ် ၂၉ ကတည်းက ကြေညာထားပြီး ဖြစ်သည်။
 
          နိုင်ငံတကာသို့ ရောက်ရှိနေကြသော မြန်မာမိသားစုများ၊ ဒီမိုကရေစီရေးအဖွဲ့အစည်းများက စစ်အစိုးရ၏ ရွေးကောက်ပွဲကို ဆန့်ကျင်သပိတ်မှောက်ကြောင်းနှင့် ၉၀ ရွေးကောက်ပွဲအနိုင်ရ အင်န်အယ်ဒီပါတီ၏ လက်ရှိဦးဆောင်မှုကို ထောက်ခံကြောင်း ယမန်နေ့ မေ ၂၇ တွင် ထုတ်ဖော်ပြသကြရာ - ဆန်ဖရန်စစ္စကိုဘေးဧရိယာရောက် မြန်မာများလည်း ပါဝင် ဆန္ဒပြကြခြင်း ဖြစ်သည်။
          ဆန္ဒပြပွဲသို့ မြန်မာကျောင်းသားလူငယ်များ၊ ဘေးဧရိယာအခြေစိုက် BADA အဖွဲ့၊ အမ်ပီယူအဖွဲ့ ကိုယ်စားပြု ကိုယ်စားလှယ်၊ မြန်မာနယ်စပ်ဒေသက တိုင်းရင်းသားများ၊ စသည့် အင်အား ၃၀ ကျော် တက်ရောက်ကြသည်ကို တွေ့ရသည်။