Pages

Monday, May 3, 2010

Times Square တွင် ကားဗုံး ဖောက်ခွဲရန် အကြံအစီကို ကြိုတင် ဖော်ထုတ်နိုင်ခဲ့


အမေရိကန်နိုင်ငံ နယူးယောက်မြို့ လူစည်ကားရာဒေသဖြစ်သော Times Square တွင် တနင်္ဂနွေနေ့က ကားဗုံးဖောက်ခွဲ၍ အကြမ်းဖက် တိုက် ခိုက်ရန် ကြိုးစားမှုတစ်ခုကို သက်ဆိုင်ရာမှ အချိန်မီ ရှာဖွေ ဖော်ထုတ်နိုင်ခဲ့သည်။ ထိုနေ့က လူတစ်ဦးသည် နစ်ဆန်း SUV ကားတစ်စီးကို လူစည် ကားရာသို့ မောင်းဝင်လာပြီးလျှင် ကားကို စက်နှိုးထား၍ လူက ထွက်ခွာသွားခဲ့သည်။ ကားအတွင်းမှ မီးခိုးထွက်သည်ကို အနီးနားရှိ ဆိုင်များက တွေ့ရှိ၍ ရဲဘက်သို့ အကြောင်းကြားခဲ့သည်။ ရဲဘက်မှ စစ်ဆေးကြည့်သောအခါ ကားထဲတွင် ဗြောက်အိုးများ ၊ပရိုပိန်းဓါတ်ငွေ့နှင့် ဓါတ်ဆီပုံးများ ၊ မြေသြဇာများကို စစ်ဆေး တွေ့ရှိရသည်။ ၄င်းပစ္စည်းများမှ မီးစွဲလောင်၍ မီးခိုးများထွက်နေပြီး ရုတ်တရက် မပေါက်ကွဲဘဲ ဖြစ်နေခဲ့သည်။ အ ကယ်၍ ပေါက်ကွဲခဲ့ပါက ကားနှစ်ပိုင်း ပြတ်သွားမည် ဖြစ်ပြီး လူအများအပြား ထိခိုက် သေဆုံးဖွယ်ရာရှိသည်။ Times Square ပတ်လည်တွင် ရှိ သော လုံခြုံရေး ကင်မရာ ၈၂ လုံးမှ ရိုက်ယူထားချက်များကို စစ်ဆေး၍ တရားခံကို ဖော်ထုတ်မည် ဖြစ်သည်။ အဆိုပါကား၏ လိုင်စင်နံပါတ်မှာ အတု ဖြစ်နေသည်။ (အေအက်ဖ်ပီ)