ယနေ့ ၁၉.၆.၂၀၁၀ ရက်နေ့တွင်ကျရောက်သော မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ (၆၅)နှစ်ပြည့် မွေးနေ့အခမ်းအနားပွဲကို အမေရိကန်ပြည်ထောင်စု၊ကယ်လီဖိုး
၎င်း မွေးနေ့ အခမ်းအနားကြီးကို ဆန်ဖရန်စစ္စကိုမြို့မှ အခြေစိုက်တဲ့ မြန်မာ အမေရိကန် အမျိုးသမီးများ အဖွဲ့ကြီးက ဦးဆောင်ကျင်းပခဲ့တာ ဖြစ်ပါတယ်။
ဒီအခမ်းအနားပွဲကို မြန်မာ့အရေးလှုပ်ရှားတတ်ကြွသူ အမေရိကန်နိုင်ငံသားများ၊ လူအခွင့်အရေး အဖွဲ့အစည်းများမှ လူပုဂ္ဂိုလ်များ၊ မြန်မာ့ဒီမိုကရေစီအင်အား
စုများ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်များနှင့် မြန်မာပြည်သားများ စုစုပေါင်းအင်းအား (၁၀၀)ကျော်ခန့် တတ်ရောက်ခဲ့ကြပါတယ်။
၎င်းအခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည် လူ့အခွင့်ရေးဆု ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူငယ်ခေါင်းဆောင်တစ်ဦးလည်းဖြစ် HIV/AIDS
ရောဂါဝေဒနာရှင်များကို ပြုစုစောင်ရှောက်ပေးနေတဲ့ မဖြူဖြူသင်းကို ပေးအပ်ခဲ့ပါတယ်။
အခမ်းအနားမှာ မြန်မာ့ ကလေးငယ်များရဲ့ မြန်မာ့ကဗျာ ရွတ်ဆိုပွဲများလည်း ပါဝင်ခဲ့ကြပါတယ်။ အခမ်းအနား ပထမပိုင်းအပြီးမှတော့ တတ်ရောက်လာ
ကြသူများကို နေ့လည်စာနဲ့ ကျွေးမွေးဧည့်ခံခဲ့ပါတယ်။ အခမ်းအနားပွဲကို မနက်(၁၁)နာရီ မှစတင်ကျင်းပခဲ့တာ ညနေ(၅)နာရီမှာ အဆုံးသတ်ခဲ့ကြပါတယ်။