Pages

Wednesday, June 23, 2010

ရုရှားဂျက်တိုက်လေယာဉ်သစ်သည် အမေရိကန် F-22 တိုက်လေယာဉ်ထက် အဆင့်မြင့်ကြောင်း ရုရှား အဆင့်မြင့်ဖွတ်ပူတင်ပြောကြား

PDF Print E-mail
Share
T-50
        ရုရှား၏ ပဉ္စမမျိုးဆက် တိုက်လေယာဉ်သစ်ကို ရုရှားဝန်ကြီးချုပ် ပူတင်က သွားရောက်ကြည့်ရှုခဲ့ပြီး ယင်းလေယာဉ်သည် အမေရိကန်၏ F-22 တိုက်လေယာဉ်သစ်ထက် ပိုမိုအဆင့်မြင့်ကြောင်း ပြောကြားခဲ့သည်။(They are dreaming)
        T-50 ဟု အမည်ပေးထားသော ယင်းတိုက်လေယာဉ်သည် ၁၉၉၁ ခုနှစ် ဆိုဗီယက်ပြည်ထောင်စုပြိုလဲပြီးနောက်ပိုင်း ပထမဆုံးအကြိမ် ရုရှားလုပ် စစ်လေယာဉ်သစ်ဖြစ်သည်။မစ္စတာ ပူတင်သည် T-50 ၏ စမ်းသပ်ပျံသန်းမှုကို ကြည့်ရှုခဲ့ပြီး ''ဒီလေယာဉ် က ကျွန်တော်တို့ရဲ့ အဓိကပြိုင်ဖက် F-22 ထက်ပိုပြီး အဆင့်မြင့်မှာပါ''ဟု ပြောကြားခဲ့သည်။ ဆူခွိုင်းကုမ္ပဏီက တည်ဆောက်သော ယင်းလေယာဉ်သည် F-22 တိုက်လေယာဉ်ထက် စရိတ်သုံးဆကျော် ပိုမိုကုန်ကျပြီး နှစ် ၃၀ မှ ၃၅ နှစ်အထိ အသုံးပြုနိုင်မည်ဖြစ်ကြောင်း ပူတင်က ပြောကြားခဲ့သည်။ ရုရှားသည် T-50 တိုက်လေယာဉ်များကို အိန္ဒိယနှင့်အတူ ပူးတွဲတည်ဆောက်ရန်လည်း စီစဉ်နေသည်။ လောလောဆယ်တွင် F-22 တိုက်လေယာဉ်သည် အသုံးပြုနေသော ပဉ္စမမျိုးဆက် တိုက်စစ်လေယာဉ်ဖြစ်သည်။ ပဉ္စမမျိုးဆက် တိုက်လေယာဉ်များသည် ပျံသန်းမှု၊ လက်နက်ထိန်းချုပ်မှုစနစ်တို့တွင် ပိုမိုအဆင့်မြင့်ပြီး မြန်နှုန်းမှာလည်း အသံထက်မြန်သောနှုန်းဖြင့် သွားလာနိုင်သည်။  မျိုးဆက်သစ် ရုရှားတိုက်လေယာဉ်များကို ၂၀၁၅ ခုနှစ်တွင် အသုံးပြုနိုင်မည်ဟု ဆူခွိုင်းက ပြောကြားထားသည်။