စစ်ခွေးတွေမြန်မာ့ကြယ်ငါးပွင့် သင်္ဘောလုပ်ငန်းမှ သင်္ဘောများရောင်းချရန် စီစဉ် |
မြန်မာ့ကြယ်ငါးပွင့် သင်္ဘောလုပ်ငန်းမှ သင်္ဘောများရောင်းချရန် စီစဉ်လျက်ရှိကြောင်း မြန်မာ့ကြယ်ငါးပွင့် သင်္ဘောလုပ်ငန်းနှင့် နီးစပ်သည့် အသိုင်းအ၀ိုင်းမှ စုံစမ်းသိရှိရသည်။ မြန်မာ့ကြယ်ငါးပွင့် သင်္ဘောလုပ်ငန်းတွင် နိုင်ငံတကာသွား ကုန်သေတ္တာတင်သင်္ဘော ၁၇ စင်းနှင့် ကမ်းရိုးတန်းသွား ခရီးသည်တင်သင်္ဘောကိုးစင်း စုစုပေါင်း ၂၆ စင်း ရှိရာတွင် ကမ်းရိုးတန်းသွား ခရီး သည်တင် သင်္ဘောဖြစ်သော သံလွင် နှင့်ချင်းတွင်းသင်္ဘောများကို ရောင်းချသွားရန် စီစဉ်လျက်ရှိကြောင်း သိရှိရသည်။ သံလွင်နှင့် ချင်းတွင်းသင်္ဘော များသည် ၁၉၉၉ ခုနှစ်က တရုတ်နိုင်ငံတွင် တည်ဆောက်ခဲ့သော သင်္ဘောများဖြစ်ကြောင်း သိရသည်။ အဆိုပါသင်္ဘောများကို ကမ်းရိုးတန်းသွားခရီးသည်တင် အပျော်စီး သင်္ဘောများအဖြစ် ပြေးဆွဲခဲ့ပြီး ၂၀၀၉ ခုနှစ် နှစ်ကုန်ပိုင်းက စတင်ပြေးဆွဲခဲ့သည့် ကိုကိုးကျွန်းအပျော်စီး သင်္ဘောခရီးစဉ်ကိုလည်း သံလွင်သင်္ဘောဖြင့် ပြေးဆွဲခြင်းရှိခဲ့ကြောင်း သိရသည်။ ထို့အပြင် ကမ်းရိုးတန်းသင်္ဘောများဖြစ်သော လွိုင်ကော်၊ လားရှိုး၊ ရွှေလီသင်္ဘောများ၊ နိုင်ငံတကာသွား ကုန်သေတ္တာတင်သင်္ဘောများဖြစ်သော ချင်းရွှေဟော်၊ ကျိုင်းတုံ၊ ထား ၀ယ်၊ ကိုကိုးကျွန်းနှင့် ကျောက်ဖြူ သင်္ဘောစသည်တို့ကိုလည်း ပြည်တွင်း၊ ပြည်ပသင်္ဘော ကုမ္ပဏီများထံ သို့ငှားရမ်းထားကြောင်း သိရသည်။ မြန်မာ့ကြယ်ငါးပွင့် သင်္ဘောလုပ်ငန်းသည် ပုဂ္ဂလိကပိုင်အဖြစ်သို့ ပြောင်းလဲပြီးနောက်ပိုင်းတွင် သင်္ဘောသားများ၏ လစာနှုန်းထားသစ်များကို သင်္ဘောအမျိုးအစားများ ခွဲခြားသတ်မှတ်၍ ထုတ်ပြန် ခဲ့ရာ၌ ရပ်နားထားမည့်သင်္ဘော(Laid Up Vessel) သင်္ဘောများကိုလည်း ထုတ်ပြန်ကြေညာမှုရှိခဲ့သည်။ ယင်းထုတ်ပြန်ချက်တွင် သံလွင်၊ ချင်း တွင်း၊ ဟားခါး၊ ချင်းရွှေဟော်၊ မိုင်းလား၊ ဘားအံ၊ ပုဂံနှင့် ပဲခူးသင်္ဘော များ ပါရှိခဲ့သည်။ အဆိုပါသင်္ဘောများတွင် လက်ရှိအနေအထားအရ ချင်းရွှေဟော် သင်္ဘောကို ပြည်တွင်းရှိ သင်္ဘောကုမ္ပဏီတစ်ခုမှ အိန္ဒိယခရီးစဉ်တွင် ပြေးဆွဲရန်ငှားရမ်းခဲ့ပြီး ပဲခူးသင်္ဘောမှာမူ မြန်မာ့ကြယ်ငါးပွင့်သင်္ဘော လုပ်ငန်းအတွက် ခရီးစဉ်များပြေးဆွဲ လျက်ရှိကြောင်း သိရသည်။ Laid Up Vessel ထုတ်ပြန်ချက်တွင် ပါရှိသည့် အခြားသင်္ဘောများမှာမူ ရန်ကုန်ဆိပ်ကမ်းအတွင်း ဆိုက်ကပ် ရပ်နားထားကြောင်း သိရသည်။ |