Pages

Saturday, July 31, 2010

မြောက်ကိုရီးယား၏ ခြိမ်းခြောက်မှုများ ရှိနေသော်လည်း အမေရိကန်-တောင်ကိုရီးယား လေးရက်ကြာ စစ်ရေးလေ့ကျင့်မှု အောင်မြင်စွာ ပြုလုပ်


PDF Print E-mail
F-22 Raptor Stealth
 အက်ဖ်-၁၆ တိုက်လေယာဉ်အား ဝေဟင်တွင် ဆီဖြည့်လေယာဉ်ဖြင့် ဆီဖြည့်ပေးနေစဉ်

USS George Washington
 ယူအက်စ်အက်စ်ဂျော့ဝါရှင်တန် လေယာဉ်တင် သင်္ဘောပေါ်မှ သင်္ဘောသားများ
Japan Sea
         မြောက်ကိုရီးယားက နျူလက်နက် အသုံးပြုကာကွယ်ပိုင်ခွင့်ကို အသုံးချသွားမည်ဟု ခြိမ်းခြောက်ခဲ့သော်လည်း အမေရိကန်-တောင်ကိုရီးယား လေးရက်ကြာ ပူးတွဲစစ်ရေး လေ့ကျင့်မှုကို အောင်မြင်စွာ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
        တတိယမြောက်နေ့အဖြစ် ဇူလိုင်လ ၂၇ ရက်နေ့တွင် မြောက်ကိုရီးယားမှ ရေကြောင်း ထိုးစစ်ဆင်လာနိုင်မှုကို ကာကွယ်သည့် လေ့ကျင့်မှုများ ဆက်လက်ပြုလုပ်ခဲ့သည်။ တောင်ကိုးရီးယား စစ်သင်္ဘောတစ်စင်းကို မြောက်ကိုရီးယား ရေငုပ်သင်္ဘောက တော်ပီဒိုဖြင့် ပစ်ခတ်ခဲ့မှုကို တုံ့ပြန်သည့်အနေဖြင့် စစ်ရေးလေ့ကျင့်မှုကို ဆောင်ရွက်ခဲ့ခြင်းဖြစ်ကာ ခြိမ်းခြောက်မှုကို လျစ်လျူရှုခဲ့ခြင်း ဖြစ်သည်။
        အမေရိကန် လေယာဉ်တင်သင်္ဘော ယူအက်စ်အက်စ်ဂျော့ဝါရှင်တန် အပါအ၀င် သင်္ဘော ၂၀ ခန့်၊ F-22 Raptor Stalth တိုက်လေယာဉ်လေးစင်း အပါအ၀င် တိုက်လေယာဉ် အစီး ၂၀၀ နှင့် စစ်သည် ၈၀၀၀ ခန့်သည် နှစ်များစွာအတွင်း အကြီးဆုံး စစ်ရေးလေ့ကျင့်မှုတွင် ပါဝင်ခဲ့ကြသည်။ ဇူလိုင်လ ၂၇ ရက်နေ့ လေ့ကျင့်မှုသည် တိတ်တဆိတ်ဝင်ရောက်လာနိုင်သည့် ရေငုပ်သင်္ဘောများ၊ တစ်ပိုင်းမြုပ် မြန်နှုန်းမြင့် စက်လှေများ၊ ရေကြောင်းထိုးစစ် အထူးတပ်ဖွဲ့များအား ဖျက်ဆီးနိုင်ရန် ရည်ရွယ် ထားကြောင်း တောင်ကိုရီးယား စစ်ဦးစီးချုပ်၏ ပြောခွင့်ရပုဂ္ဂိုလ်တစ်ဦးက အေအက်ဖ်ပီသို့ ပြောကြားခဲ့သည်။ သင်္ဘောနှင့်လေယာဉ်ဖျက် စစ်ရေးလေ့ကျင့်မှုများကိုလည်း ပြုလုပ်ခဲ့ပြီး တိုက်လေယာဉ်များသည် ရေပြင်နှင့်မြေပြင်သို့ ဒုံးကျည်ဖြင့် ပစ်ခတ်မှုများပါ စမ်းသပ်လုပ်ဆောင်ခဲ့ကြသည်။
        ဇူလိုင်လ ၂၅ ရက်နေ့က အရှေ့ပင်လယ်(ဂျပန်ပင်လယ်)တွင် စတင်ခဲ့သည့် လေးရက်ကြာ စစ်ရေးလေ့ကျင့်မှုသည် ဆက်တိုက်ပြုလုပ်သွားမည့် လေ့ကျင့်မှုများ၏ အစသာဖြစ်သည်။
        လူ ၄၆ ဦး သေဆုံးစေခဲ့သည့် တောင်ကိုရီးယား စစ်သင်္ဘော နစ်မြုပ်မှုအတွက် တာဝန်မရှိကြောင်း မြောက်ကိုရီးယားက ငြင်းဆိုထားသည်။ ဇူလိုင် ၂၄ ရက်နေ့တွင် မြောက်ကိုရီးယား အမျိုးသားကာကွယ်ရေး ကော်မ ရှင်က နျူလက်နက်သုံး ကာကွယ်ပိုင်ခွင့်ဖြင့် တားဆီးသွားမည် ဖြစ်ကြောင်း သတိပေးထားသည်။