Facebook လူမှုကွန်ရက် ၀က်ဘ်ဆိုက်တွင် ပရိသတ်အများဆုံး ရရှိထားသည့်သူများ စာရင်းထွက်ပေါ် |
နာမည်ကျော်လူမှုကွန်ရက် ၀က်ဘ်ဆိုက်ဖြစ်သော Facebook တွင် ပရိသတ်အများဆုံးရရှိထား သော အနုပညာရှင်များကို ထုတ်ပြန် ကြေညာခဲ့ကြောင်း သိရှိရပါသည်။ အဆိုပါထုတ်ပြန် ကြေညာမှုအရပေါ့ပ် အဆိုကျော် ဘရစ်တနီစပီးယား၏ နေရာကို ရယူခဲ့သည့် ပေါ့ပ်အဆိုတော် လေဒီဂါဂါက အမေရိကန်သမ္မတ ဘားရတ်အိုဘားမားထက် ပရိသတ်အများဆုံး ရရှိခဲ့ကြောင်းသိရသည်။ ထို့အပြင် လေဒီဂါဂါသည် Facebook တွင် ပရိသတ် ၁၀ သန်းရရှိ ခဲ့သည့် ပထမဦးဆုံးသော အနုပညာရှင်ဖြစ်လာခဲ့ပါသည်။ လေဒီဂါဂါ သည် အိုဘားမားကိုသာမက ပေါ့ပ် ဘုရင်ဖြစ်သည့် မိုက်ကယ်ဂျက်ဆင် ရရှိခဲ့သော ပရိသတ်အရေအတွက်ကို လည်း ကျော်လွန်ရရှိခဲ့သည်။
ဗြိတိန်အခြေစိုက် Famecount မှ ကောက်ယူရရှိခဲ့သော Facebook တွင် လေဒီဂါဂါက ပရိသတ် ၁၀ သန်း ၇ သိန်းကျော်ဖြင့် နံပါတ်တစ်၊ ဗင်ဒီဇယ်လ်က ၁၀ သန်း ၁ သိန်း ကျော်ဖြင့် နံ ပါတ်နှစ်၊ အိုဘားမားက ပရိသတ်၉သန်းကျော်ဖြင့် နံပါတ်သုံး၊ မီဂန်ဖောက်စ်က ပရိသတ် ၈ သန်း ကျော်ဖြင့်နံပါတ်လေး၊ ဟုခ်ျလော ရင့်က ပရိသတ် ၇ သန်းကျော်ဖြင့် နံပါတ်ငါး၊ Linkin Parkု အဖွဲ့က ပရိသတ် ၇ သန်းကျော်ဖြင့်နံပါတ် ခြောက်၊ လိုင်ဝိန်းနီက ပရိသတ် ၆ သန်းကျော်ဖြင့် နံပါတ်ခုနှစ်၊ ရော် နယ်လ်ဒိုက ပရိသတ် ၆ သန်းကျော် ဖြင့်နံပါတ်ရှစ်၊ ဂျက်စတင်ဘိုင်ဗာက ပရိသတ် ၆ သန်းကျော်ဖြင့် နံပါတ် ကိုး၊ တေလာဆွစ်က ပရိသတ် ၆ သန်းကျော်ဖြင့် နံပါတ် ၁၀ နေရာ တွင် ရှိနေပါသည်။