Pages

Tuesday, August 17, 2010

မြန်မာ စစ်တပ် အတွင်း ကလောနှာချုပ်များ အုပ်စု ဟူ ၍ ပေါ်ပေါက်


August 17, 2010 Freedom News Group
3
0
မဲပေးပါ
Quantcast

ကလောမြို့ ရှိ ဗိုလ်မှုးချုပ် မောင်မောင် အေး ၏ အိမ်
မြန်မာ စစ်တပ် အတွင်း ရှမ်းပြည် နယ် တွင် တာဝန် ထမ်းဆောင် ဖူးသည့်  ဗိုလ်ချုပ် များ ဂိုဏ်းကို
ကလော အုပ်စု ဟု ခေါ် ကြသည် ဟု နေပြည်တော် ဟိုတယ်ဇုန် မှ မန်နေဂျာ တစ်ဦး က ပြောသည်။
ကလော အုပ်စု ဆိုတာ ကလောမှ မြေရှိ အိမ် ရှိ တဲ့ သူ တွေ ကို ခေါ်တာ ဟု သူက Freedom News Group သို့ ပြောသည်။
ရာသီဥတု သာယာ ကောင်းမွန်ပြီး လုံခြုံ စိတ်ချရသည့် နယ်မြေဖြစ်သည့် ပြင် စစ်ဗိုလ်ချုပ်များ အတွက်
နေပြည်တော် မှ ဆိုလျှင် သွား လာရ လွယ်ကူ သောကြောင့် တောင် ပေါ်မြို့ ဖြစ်သည့် ကလော မြို့ ဉ်
လာရောက်အပန်း ဖြေကြ သည် ဟု သိရသည်။ ကလော မြို့ တွင်   မြေဈေး များ တက်လာပြီး ဗိုလ်ချုပ်
များ အိမ် နှင့် မလွတ်ကင်း သည့် ခြံများ ဆိုလျှင် မြို့ ပြင် သို့ ပြောင်းရွှေ့ ပေးရသည် ဟု သိရသည်။
လက်ရှိ ကလော အုပ်စု တွင် နိုင်ငံခြားရေး ၀န်ကြီး ဦးဥာဏ်ဝင်း ၊ သီဟသူရ တင်အောင်မြင့်ဦး ၊ဗိုလ်ချုပ် ခင်ဇော် ၊ ဗိုလ်ချုပ် ကျော်ဖြိုး ၊ဒု – ဗိုလ်ချုပ်မှုးကြီး မောင် အေး နှင့် ဗိုလ်မှုး ချုပ် မောင်မောင် အေး တို့ က ဟောနန်း ကြီး များ သဖွယ် ဆောက် လုပ် ထား သည် ဟု သတင်းရရှိသည်။
ဗိုလ်ချုပ်မှုးကြီး သန်းရွှေ သည် ရန်ကုန် ၊ပုသိမ် (ချောင်းသာ) ၊နေပြည် တော် အပါအ၀င် ရတနာပုံ မြို့ သစ်
ဉ် ခမ်းနားသော အိမ်များ ဆောက် လုပ် ထားသည်ရှမ်းပြည်နယ် တောင် ပိုင်း ကလော တွင် အိမ်ရှိ သည့် ဗိုလ်ချုပ် များ သည် ရံဖန် ရံခါ ထို အိမ်များ သို့  သွား ရောက် အပန်းဖြေတတ် သည် ။ ထိုသို့ အပန်းဖြေရာ တွင် မိသား စု နှင့် အပန်းဖြေသူများ ရှိ သကဲ့ သို့ ရန်ကုန် မှာ မော်ဒယ် တစ်ချို့  နှင့် အပန်းဖြေသူ များ လည်း ရှိသည် ဟု အလှဖန်တီးရှင် တစ်ဦး က ပြောသည်။
ဗိုလ်ချုပ် တစ်ဦး ၏ အိမ်တွင် အိမ်စောင့် လုပ်သည့် အောင်ပန်း မြို့ သား တစ်ဦးက မင်းသမီး တွေ လား မသိဘူး လာတယ် တစ်ခါတစ်လေ ဗိုလ်ချုပ် ——  က ပြောတယ် ။သူတို့ လာတည်း မယ် လိုလေးသေး မရှိ ပြင်ဆင်ထား ဆိုရင် အရက်က အစ သွားတိုက် ဆေး အဆုံး အကုန် လုပ်ပေး ထားရတယ် ဟု ဆိုသည်။
အချို့ ဗိုလ်ချုပ် များ က ၎င်းတို့ ၏ ဇနီးများ မသိအောင် က မူ ကလော တွင် အိမ်ဆောက် လုပ်ထား ပြီး
စစ်ဆင်ရေး အတွက် သွား ဖို့ ရှိ သည် ၊  ကျောင်းဆင်း ဟောင်း များ မိတ်ဆုံ ပွဲ ရှိ သည် ဟု အကြောင်းပြ
ကာ မော်ဒယ်(လ) များ နှင့် ချိန်း ဆို ပျော်ပါးသည် ။