Pages

Friday, August 27, 2010

ဗိုလ်ချုပ်မှုးကြီး သန်းရွှေ နေရာစစ်ရေးချုပ် ဖြစ်သူ ဒုဗိုလ်ချုပ်ကြီး သူရမြင့်အောင်ဆက်ခံ

ဗိုလ်ချုပ်မှုးကြီး သန်းရွှေ နှင့် ဒု ဗိုလ်ချုပ်မှုးကြီး မောင်အေး စစ်တပ် ရာထူးများမှ နှုတ်ထွက်

August 27, 2010 Freedom News Group
4
0
မဲပေးပါ
Quantcast
မြန်မာ စစ်ခေါင်းဆောင်များ သည် နိုဝင်ဘာ လ ၇ ရက် နေ့ တွင် ကျင်းပမည့် ရွေးကောက် ပွဲ တွင်
ပါဝင်ယှဉ်ပြိုင် နိုင်ရန် အတွက် ၎င်းတို့ ၏ ရာထူးအသီးသီး ကို စွန့် လွှတ် လိုက်ကြသည် ဟု
သတင်းရရှိသည်။ ဗိုလ်ချုပ်မှုးကြီးသန်း ရွှေ နှင့် ဒု ဗိုလ်ချုပ်မှုးကြီး မောင်အေးသည် ကာကွယ်ရေး ဦးစီးချုပ်
နှင့် ဒု ကာကွယ်ရေး ဦးစီးချုပ် ဆိုသည့် စစ်တပ် ရာထူးများကို စွန့် လွှတ်လိုက် သော်လည်း  တိုင်းပြည် ၏ |
အာဏာ ကို ဆက်လက် ချုပ် ကိုင်ထားဆဲဟုရန်ကုန် မှ လာသည့် အေပီ သတင်း တွင် ဖော်ပြထားသည်။
မြန်မာ စစ်ခေါင်းဆောင်များ သည် နိုဝင်ဘာ လ ၇ ရက် နေ့ တွင် ကျင်းပမည့် ရွေးကောက် ပွဲ တွင် ပါဝင်
ယှဉ်ပြိုင် နိုင်ရန် အတွက် ၎င်းတို့ ၏ ရာထူးအသီးသီး ကို စွန့် လွှတ် လိုက်ကြသည် ဟု သတင်းရရှိသည်။ ဗိုလ်ချုပ်မှုးကြီး
သန်း ရွှေ နှင့် ဒု ဗိုလ်ချုပ်မှုးကြီး မောင်အေးသည် ကာကွယ်ရေး ဦးစီးချုပ် နှင့် ဒု ကာကွယ်ရေး ဦးစီးချုပ် ဆိုသည့် စစ်တပ် ရာထူးများကို စွန့် လွှတ်လိုက် သော်လည်း  တိုင်းပြည် ၏ အာဏာ ကို ဆက်လက် ချုပ် ကိုင်ထားဆဲဟု
ရန်ကုန် မှ လာသည့် အေပီ သတင်း တွင် ဖော်ပြထားသည်။
ဗိုလ်ချုပ်မှုးကြီး သန်းရွှေ ၏ နေရာ ကို ဆက်ခံသူမှာ ယခင်က စစ်ရေးချုပ် ဖြစ်သူ ဒုဗိုလ်ချုပ်ကြီး သူရမြင့်အောင်
ဖြစ်ပြီး ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် အဖြစ် ဒုဗိုလ်ချုပ်ကြီးကိုကို က ဆက်ခံ သည် ဟု သတင်းရရှိသည်။
ကြည်းရေလေ ညှိနှိုင်းကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီး သူရရွှေမန်း မှာ လည်း အလာတူ နှုတ်ထွက် သည့် ထဲ တွင်
ပါဝင်ပြီး သူ၏ နေရာကို ယခင် စစ်ဆင်ရေးအထူးအဖွဲ့မှူး ဒုဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် က ဆက်ခံသည်။
ဗိုလ်ချုပ်မှုးကြီး သန်းရွှေ  မှာ အသက် ၇၇ နှစ် အရွယ်ရှိပြီး ဒု ဗိုလ်ချုပ်မှုးကြီး  မှာ အသက် ၇၃ နှစ် အရွယ်ရှိပြီ ဖြစ်သည် ။၎င်းတို့ နှစ်ဦး စလုံးသည့် စစ်တပ် ရာထူးနေရာ များ ကို ချုပ်ကိုင် ထားရာဉ် စစ်တပ် စည်းမျဉ်းများ ဖြစ် သည့် အသက် ကန့် သတ် ချက် ကို ကျော် လွန် နေပြီ ဖြစ်သည်။
လက်ရှိ ရာထူး နေရာ များမှ နှုတ်ထွက် သွားသည့် စစ်ခေါင်းဆောင် များသည် ၎င်းတို့ နေထိုင်ရာ နေပြည်တော် တိုင်း မဲဆန္ဒ နယ်မှ ပါဝင်ယှဉ်ပြိုင် မည့်သူများ ဖြစ်သည်။