Pages

Wednesday, August 25, 2010

အီရန်နိုင်ငံ၏ ပထမဆုံး မောင်းသူမဲ့ ဗုံးကြဲလေယာဉ် စမ်းသပ်ပျံသန်း


Karar
        အီရန်နိုင်ငံ၏ ပြည်တွင်းလုပ် ပထမဆုံး မောင်းသူမဲ့ လေယာဉ်အား သြဂုတ်လ ၂၂ ရက်နေ့တွင် စမ်းသပ်ပျံသန်းခဲ့ကြောင်း အစိုးရ ရုပ်သံဌာန က ထုတ်လွှင့်ပြသခဲ့သည်။
        Karar (တိုက်ခိုက်ရေးသမား)ဟု အမည်ပေးထားသော ခရီးဝေးပျံနိုင်သော မောင်းသူမဲ့ လေယာဉ်သည် အကွာအဝေးမိုင် ၆၂၀ အထိ ပျံသန်းနိုင်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာန၏ ပြောကြားချက်အား FARS သတင်းဌာနက ဖော်ပြခဲ့သည်။
        ''အီရန်နိုင်ငံရဲ့ ပထမဆုံး မောင်းသူမဲ့ လေယာဉ်ဟာ ကယ်တင်ရှင် သံတော်ဆင့်နဲ့ လူအဖွဲ့အစည်းရဲ့ ပြယုဂ်တစ်ဖြစ်သလို ရန်သူတွေအတွက် သေမင်းတမန်လည်း ဖြစ်ပါတယ်''ဟု ယင်းလေယာဉ် ထုတ်ဖော်ပြသပွဲ အခမ်းအနားတွင် အမာဒီနီဂျက်က ပြောကြားခဲ့သည်။ ယခုမောင်းသူမဲ့ ဗုံးကြဲလေယာဉ်သည် ဒုံးခွင်းဒုံး ကျည်လေးစင်းအား သယ်ဆောင်နိုင်ပြီး ပေါင် ၂၅၀ စီ အလေးချိန်ရှိသော ဗုံးနှစ်လုံး သို့မဟုတ် ပစ်မှတ်ကို တိကျစွာ ချိန်ရွယ်ပစ်ခတ်နိုင်သည့် ပေါင်၅၀၀ အလေးချိန်ရှိသော ဒုံးကျည်တစ်စင်းအား သယ်ဆောင်သွားနိုင်ကြောင်း သိရသည်။
        ယင်းမောင်းသူမဲ့ လေယာဉ်ပျံအား ထုတ်ဖော်ပြသခဲ့ပြီးနောက် ဆက်လက်၍ တတိယမျိုးဆက် Fateh-110 ဒုံးကျည်များကိုလည်း စမ်းသပ်သွားဖွယ်ရှိကြောင်း သိရသည်။