Pages

Thursday, August 12, 2010

ထိုင်းနိုင်ငံနေ ထူးချွန်မြန်မာ့ကလေးငယ်လေး။



မြန်မာပြည် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးတွေ ရဖို့ အတွက် ၈၈ လူငယ်မျိုးဆက် အများစုဟာ နည်းပေါင်းစုံနဲ့ အနစ်နာခံ ပေးဆပ်ခဲ့ကြပြီး အကျဉ်းထောင်တွေထဲမှာ၊ နိုင်ငံရေးအဖွဲ့အစည်းတွေထဲမှာ၊
တောတောင်တွေထဲမှာ နှင့် နယ်စပ်ဒေသတွေမှာ နည်းပေါင်းစုံဖြင့် လှုပ်ရှားရုန်းကန်ရင်း စစ်အာဏာရှင်
တွေကို ဆက်လက်တိုက်ပွဲ ၀င်နေကြပါတယ်။
      အဲဒီလို လူငယ်မျိုးဆက်တွေဟာ မြန်မာပြည်သူလူထု အကျိုးစီးပွားအတွက် စစ်အာဏာရှင်
တွေကို ရင်ဆိုင်ရင်း၊ မိမိတို့ရဲ့ နိုင်ငံရေးယုံကြည်ချက်တွေကြောင့် ဖမ်းဆီးထောင်ကျ ခံခဲ့ရတာတွေလည်း မနည်းတော့ပါဘူး။ အကျဉ်းထောင်တွေ ထဲမှာလည်း ဆယ်စုနှစ် တစ်ခုကျော်မျှ မိမိဘ၀တွေကို ပေးဆပ်ခဲ့ကြရပါတယ်။ အဲဒီလို နိုင်ငံရေးအကျဉ်းသားဟောင်း လူငယ်မျိုးဆက်တွေဟာလည်း
နယ်စပ်ဒေသတွေကို ရောက်လာကြပြီး မိမိတို့တတ်နိုင်တဲ့ နည်းလမ်းတွေနဲ့ စစ်အာဏာရှင်တွေကို
ဆက်လက်တိုက်ပွဲ ၀င်နေကြပါတယ်။ မိမိတို့ရဲ့ နိုင်ငံမဟုတ်တဲ့ အခြားနိုင်ငံဒေသတစ်ခုမှာ မိမိတို့ရဲ့
ဘ၀တွေကို နည်းလမ်းပေါင်းစုံနဲ့ ရင်ဆိုင်ဖြတ်ကျော် နေခဲ့ရပါတယ်။
                                                                                                                                   သူတို့တွေနဲ့အတူ သူတို့တွေ မွေးဖွားလာတဲ့ သားသမီးတွေဟာလည်း သူများနိုင်ငံတွေမှာ
ဘဲ မွေးဖွားကြီးပြင်းလာခဲ့ရပါတယ်။ အဲဒီ ကလေးသူငယ်တွေဟာ ဘာသာစကားမတူတဲ့ သူများနိုင်ငံတွေ
မှာပဲ အခြေခံပညာကျောင်းတွေကို တတ်ရောက်သင်ကြားနေကြပါတယ်။
         ထူးခြားနေတာကတော့ မြန်မာကလေးငယ်တွေအများစုဟာ သူများနိုင်ငံရဲ့ စာသင်ကျောင်းတွေ
မှာလည်း ထူးချွန်ထက်မြက်မှုတွေ ရှိနေခဲ့ကြပါတယ်။
   ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက နိုင်ငံရေးအကျဉ်းသားဟောင်းများ ဖြစ်ပြီး ၈၈လူငယ်မျိုးဆက်
တွေဖြစ်ကြတဲ့ ကိုယဉ်ထွေး(BPU)နှင့် မအိရွှေဇင်ညွန့်(NLD)တို့ရဲ့ သမီးငယ်လေး အသက်(၄)နှစ်အရွယ် မစုထိတာ ဟာ ထိုင်းနိုင်ငံ၊ တက်ခရိုင်၊ မဲဆောက်မြို့ ထိုင်းအခြေခံပညာကျောင်းရဲ့ အနုဘန်းဆောင်
အခန်းအားလုံးမှာ ကျင်းပပြုလုပ်တဲ့ ပန်းချီပြိုင်ပွဲမှာ ပထမရရှိခဲ့ပါတယ်။
       အဲဒီမြန်မာကလေးငယ်လေးရဲ့ သူဘ၀အတွက် ပထမဦးဆုံးအောင်မြင်မှုကို ကျွန်တော်တို့အားလုံးက
မိဘတွေနဲ့ထပ်တူ ၀မ်းသာပိတိဖြစ်ရပါကြောင်း တင်ပြလိုက်ရပါတယ်။
 သတင်း။Baymyanmar