Pages

Friday, August 6, 2010

တရုတ်ရေနံယိုဖိတ်မှုမှာ ကမ္ဘာ့သမိုင်းတွင် အဆိုးရွားဆုံး ရေနံယိုဖိတ်မှု၌ ပါဝင်နိုင်ကြောင်း ဂရင်းပိစ်က ထုတ်ပြန်ဒါပေမဲ့ ကိုယုတ်တို့ ကတော့ နဲနဲလေးပါဆိုပြီး ယုတ်ယုတ်တို့ ညာနေ



 
 တာလီယန်ဆိပ်ကမ်း အပြင်ဘက်ရေပြင်တွင် ယိုဖိတ်နေသောရေနံများကို အလုပ်သမားများက ခပ်ယူနေစဉ်
        တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်းတွင် ဖြစ်ပွားခဲ့သော ရေနံယိုဖိတ်မှုသည် အစိုးရက ထုတ်ပြန်ခဲ့သည့် ပမာဏထက် အဆ ၆၀ ခန့်ပိုမို ကြီးမားနိုင်ပြီး ကမ္ဘာ့အဆိုးရွားဆုံး ရေနံယိုဖိတ်မှုများတွင် တစ်ခုအပါအ၀င် ဖြစ်နိုင်ကြောင်း သဘာဝပတ်ဝန်းကျင်အရေး လှုပ်ရှားသည့် Green Peace က ဇူလိုင် ၃၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။
        ဇူလိုင် ၁၆ ရက်တွင် တာလီယန်ဆိပ်ကမ်းရှိ ဆီသိုလှောင်စခန်း၌ ပိုက်လိုင်းနှစ်ခု ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီးနောက် ရေနံစည် ၄၃၅၀၀၀ မှ ၆၅၀၀၀၀(တန်ချိန် ၆၀၀၀၀ မှ ၉၀၀၀၀) ခန့်သည် မြစ်ဝါမြစ်ထဲသို့ စီးဆင်း သွားနိုင်ကြောင်း Greenpeace က ထုတ်ပြန်ခဲ့သည်။ အစိုးရက တရားဝင်ထုတ်ပြန်မှုအရမူ တန်ချိန် ၁၅၀၀ ခန့်သာ ယိုဖိတ်ခဲ့သည်ဟု ကြေညာခဲ့သည်။
        ယင်းဖြစ်စဉ်မှာ သမိုင်းတစ်လျှောက် ဖြစ်ပွားခဲ့သော ဆိုးရွားသော ရေနံယိုဖိတ်မှု ဖြစ်စဉ် ၃၀ အနက် တစ်ခုဖြစ်လာကြောင်း အလာစကာ တက္ကသိုလ်မှ အဏ္ဏ၀ါထိန်းသိမ်းရေးပညာရှင်နှင့် Greenpeace အကြံ ပေးတစ်ဦးဖြစ်သူ ရစ်ချတ်စတိန်းနာက ပြောကြားခဲ့သည်။ ၎င်းတို့၏ ခန့်မှန်းတွက်ချက်မှုသည်သာ မှန်ကန်ပါက ၁၉၈၉ ခုနှစ်တွင် အလာစကာပြည်နယ်၌ ဖြစ်ပွားခဲ့သော Exxon Valdez ရေနံယိုဖိတ်မှုထက် ပိုမိုဆိုးရွားနိုင်သည်ဟု ၎င်းက ပြောကြားခဲ့သည်။