Pages

Friday, August 27, 2010

လွှတ်တော်ကိုယ်စားလှယ်လောင်းအမည်စာရင်းတင်သွင်းခြင်းကို စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက်များအပါအ၀င် ဆောင်ရွက်နိုင်ကြောင်း ကြေညာထား

        ပြည်ထောင်စုခွေးကောက်ပွဲကော်မရှင်သည် လွှတ်တော်ကိုယ်စားလှယ်လောင်းများ အမည်စာရင်းတင်သွင်းခြင်းကို စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက်များအပါအ၀င် ဆောင်ရွက်နိုင်ကြောင်း ကြေညာချက်ကို သြဂုတ်လ၊ ၂၆ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည်။
      အဆိုပါကြေညာချက်တွင်
၁။    ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် လွှတ်တော်အသီးသီး၌ ၀င်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်သည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ အမည်စာရင်း စတင် တင်သွင်းနိုင်သည့် နေ့ရက်နှင့် အမည်စာရင်း နောက်ဆုံးတင်သွင်းရမည့် နေ့ရက်များကို ကြေညာချက်အမှတ်  ၉၀/၂၀၁၀ ဖြင့် သတ်မှတ်ကြေညာ ထားပြီးဖြစ်ကြောင်း။
၂။    လွှတ်တော်ကိုယ်စားလှယ်လောင်းများသည် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က သတ်မှတ်ကြေညာထားသော နေ့ရက်များအတွင်း လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းခြင်းကို စနေနှင့်တနင်္ဂနွေ ရုံးပိတ်ရက်များအပါအ၀င် ဆောင်ရွက်နိုင်စေရန် သက်ဆိုင်ရာကော်မရှင်အဖွဲ့ခွဲများက  ရုံးဖွင့်လှစ်ဆောင်ရွက်ပေးလျက်ရှိကြောင်း။
၃။    လွှတ်တော်ကိုယ်စားလှယ်လောင်းများအနေဖြင့် အမည်စာရင်းတင်သွင်းရာတွင်ဆောင်ရွက်ရမည့် တရားသူကြီးရှေ့မှောက်တွင် လက်မှတ်ရေးထိုးခြင်းဆောင်ရွက်နိုင်ရန်အတွက် တရားရုံးအသီးသီးကိုလည်း စနေနှင့်တနင်္ဂနွေရုံးပိတ်ရက်များတွင် သတ်မှတ်ရုံးချိန်အတွင်း ရုံးဖွင့်လှစ်ဆောင်ရွက်ပေးရန် ညှိနှိုင်းဆောင်ရွက်ထားပြီးဖြစ်ကြောင်း။
၎။    အလားတူ လွှတ်တော်ကိုယ်စားလှယ်လောင်းဝင်ခွင့် မှတ်ပုံတင်ကြေး ပေးသွင်းနိုင်ရန်အတွက်လည်း တိုင်းဒေသကြီး၊ ပြည်နယ်နှင့်ခရိုင်အဆင့် မြန်မာ့စီးပွားရေးဘဏ်များကို စနေ နှင့်တနင်္ဂနွေရုံးပိတ်ရက်များတွင် သတ်မှတ်ရုံးချိန်အတွင်း ဖွင့်လှစ်ဆောင်ရွက်ပေးရန် ညှိနှိုင်းဆောင်ရွက်ထားပြီးဖြစ်ကြောင်း။
၅။    အမည်စာရင်းတင်သွင်းကြမည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများသည် ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်က ကြေညာထားသည့် လွှတ်တော်ကိုယ်စားလှယ် လောင်းများ အမည်စာရင်းတင်သွင်းနိုင်မည့် သတ်မှတ်ကာလအတွင်း စနေနှင့်တနင်္ဂနွေရုံးပိတ်ရက်များအပါအ၀င် လွှတ်တော်ကိုယ်စားလှယ်လောင်းများ အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာလိုက်သည်ဟု ဖော်ပြပါရှိပါသည်။
        လွှတ်တော်အသီးသီး၏ မဲဆန္ဒနယ်များအတွက် လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းမှုကို သြဂုတ်လ ၁၆ ရက်နေ့မှ စတင်ခဲ့ပြီး နောက်ဆုံးနေ့ရက်မှာ သြဂုတ်လ ၃၀ ရက်နေ့ဖြစ်သည်။ ထို့ပြင် လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းလွှာများ စိစစ်မှုကို စက်တင်ဘာလ ၆ ရက်မှ ၁၀ ရက်အထိ ပြုလုပ်သွားမည်ဖြစ်ပြီး လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းလွှာများကို ရုပ်သိမ်းလိုက ရုပ်သိမ်းနိုင်သည့် နောက်ဆုံးနေ့ရက်မှာ စက်တင်ဘာလ ၃ ရက်နေ့ ဖြစ်သည်။