Pages

Saturday, August 7, 2010

ဆန်ဖရန်စစ္စကို ဘေဧရိယာရှိCity of Berkeley မှဦးဆောင်ကာ၈၈၈၈ နေ့ အထိမ်းအမှတ် ကျင်းပ




အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ် ၊ဆန်ဖရန်စစ္စကို ဘေဧရိယာ၊ ဘာကလေမြို့တွင် City of Berkeley မှဦးဆောင်ကာပြည်ထောင်စုမြန်မာနိုင်ငံ ကြယ်ငါးလုံး အလံတော်နှင့် ကျောင်းသားသမဂ္ဂ အလံတော်တို့ကို Berkeley City Hall ရှေ့၌  August လ (၆)ရက်နေ့ နံနက် ၈နာရီ ၈မိနစ်တွင် ခန့်ခန့်ညားညား လွှင့်ထူခဲ့ကြပါသည်။
City of Berkeley မှ ၁၉၈၈ခုနှစ် ပြည်သူ့ဒီမိုကရေစီအရေးတော်ပုံကြီးတွင် အသက်ပေးစွန့်လွှတ်ခဲ့ကြသော ရဟန်းရှင်လူ၊ကျောင်းသားပြည်သူအပေါင်တို့အား ထိုက်ထိုက်တန်တန် ဂုဏ်ပြုသောအားဖြင့် (၈)လေးလုံး ဒီမိုကရေစီအရေးတော်ပုံနေ့သို့ ရောက်ရှိတိုင်း ၊Burma Day အဖြင့် တရားဝင် အသိအမှတ်ပြုကာ နှစ်စဉ်နှစ်တိုင်း ၎င်း အလံတင် အခမ်းအနားပွဲကို ကျင်းပခဲ့ပါသည်။
၎င်း အလံတင် အခမ်းအနားပွဲသို့ ဆန်ဖရန်စစ္စကို ဘေးဧရိယာရှိ မြန်မာ့ဒီမိုကရေစီ အဖွဲ့အစည်းများ၊ လူမှုရေးအဖွဲ့အစည်းများ၊ မြန်မာ့ကျောင်းသားလူငယ်များ၊ အမေရိကန်နိုင်ငံသားများနှင့် မြန်မာပြည်သားများက တတ်ရောက် ပံ့ပိုး အားပေးခဲ့ကြပါသည်။

                                        August လ(၆)ရက်နေ့တွင် ကျင်းပသော ၎င်းအလံတင်အခမ်းအနားပွဲကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ) အမေရိကန်ဌာနခွဲမှ အဖွဲ့ဝင်များ နှင့် ဆန်ဖရန်စစ္စကို ဘေးဧရိယာ အခြေစိုက် Burmese American Democratic Alliance ၊ Burmese American Women's Alliance၊ Moemaka Media၊ Burma Democratic Concern၊ Thone Yaung Chal(USA)၊ Chin Youth Organization of Bay Area California၊ Buddhist Peace Fellowship နှင့် Clear View Project တို့မှ ပံ့ပိုးကူညီ ပေးခဲ့ကြပါသည်။
     အခမ်းအနားကို နံနက် (ရ)နာရီခွဲတွင် စတင်ခဲ့ပြီး နိုင်ငံတော်အလံနှင့် ကျောင်းသားသမဂ္ဂအလံတော်တို့ကို နံနက်(၈)နာရီ (၈)မိနစ်တွင် လွှင့်ထူခဲ့ကြပါ
သည်။ အခမ်းအနားကို နံနက် (၉)နာရီတွင် အောင်မြင်စွာပြီးဆုံးခဲ့ပါသည်။ ၎င်းအခမ်းအနားကို မြန်မာ့ဒီမိုကရေစီအင်းအားစုများနှင့် အမေရိကန်နိုင်ငံသားများ ၁၀၀ နီးပါး တတ်ရောက်ကြောင်း သတင်းရရှိပါသည်။

     အခမ်းအနားပြီးဆုံးပြီးနောက် အခမ်းအနားသို့ တတ်ရောက်လာကျသော အဖွဲ့အစည်းများမှ အဖွဲ့ဝင်များက ၁၉၈၈ခုနှစ် ဒီမိုကရေစီအရေးတော်ပုံကြီး တွင် ကျဆုံးသွားကြသော ရဟန်းရှင်လူ၊ ကျောင်းသားပြည်သူ အပေါင်းတို့အား ရည်စူး၍ ရဟန်းသံဃာတော် အရှင်သူမြတ်တို့ကို နေ့ဆွမ်းဆပ်ကပ်
လျှူဒါန်းခြင်း၊ တရားနာ အမျှအတန်းပေးဝေခြင်း နှင့် တတ်ရောက်လာကြသော သူများအား အုန်းနို့ခေါက်ဆွဲဖြင့် ဧည့်ခံကျွေးမွေးခြင်းတို့ကို    San Francisco Bay Area, Oakland မြို့ (၂၃)လမ်း တွင် ဆက်လက်ကျင်းပခဲ့ကြပါသည်။