Pages

Monday, August 2, 2010

နိုင်ငံကျော် လူသတ်သူတောင်းစားကြီး သန်းရွှေနှင့် ဇနီး အိန္ဒိယသမ္မတနိုင်ငံ မှ ကုတို့ ခUS$ သန်း၅၀ကျော်တောင်းခံပြီးမြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိ


PDF Print E-mail
နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် ဇနီးဒေါ်ကြိုင်ကြိုင်တို့အား နယူးဒေလီမြို့Rashtrapati Bhavan
ရှိ သမ္မတနန်းတော်၌ အိန္ဒိယသမ္မတနိုင်ငံ သမ္မတ မစ္စစ်ပါရာတီဘာဒေဗီ ဆင်းပတေးလ်က ရင်းနှီးခင်မင်စွာ ကြိုဆိုနှုတ်ဆက်စဉ်
        နိုင်ငံတော် အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် ဇနီး ဒေါ်ကြိုင်ကြိုင်တို့သည် အိန္ဒိယသမ္မတ နိုင်ငံချစ်ကြည်ရေးခရီးမှ မြန်မာနိုင်ငံ နေပြည်တော်သို့ ဇူလိုင်လ ၂၉ ရက် နေ့က ပြန်လည်ရောက်ရှိလာခဲ့ကြောင်း သတင်းဖော်ပြချက်များအရ သိရသည်။
        အိန္ဒိယသမ္မတနိုင်ငံ သမ္မတ မစ္စစ်ပါရာတီဘာဒေဗီ ဆင်းပတေးလ်၏ ဖိတ်ကြားချက်အရ သွားရောက်သော ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ ငါးရက်တာခရီးစဉ်အတွင်း အိန္ဒိယသမ္မတနိုင်ငံနှင့် သဘောတူညီချက် ငါးရပ်ကို လက်မှတ်ရေးထိုးနိုင်ခဲ့ပြီး နှစ်နိုင်ငံ လုံခြုံရေးတပ်ဖွဲ့များကြား အကြမ်းဖက်မှုတိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရန်လည်း သဘောတူညီခဲ့ကြကြောင်း သိရသည်။
       အိန္ဒိယ သမ္မတနိုင်ငံသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ မြန်မာနိုင်ငံအပေါ် လွှမ်းမိုးမှု ကြီးထွားလာမှုအပေါ် တန်ပြန်ဆောင်ရွက်သည့်အနေဖြင့် နိုင်ငံတော်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို ခမ်းနားစွာ ကြိုဆိုခဲ့ကြောင်း သတင်း ဖော်ပြချက်များအရ သိရသည်။
        ဗိုလ်ချုပ်မှူးကြီးသန်းရွှေသည် အိန္ဒိယသမ္မတနိုင်ငံ သမ္မတ မစ္စစ်ပါရာတီ ဘာဒေဗီဆင်းပတေးလ်၊ ဒုတိယသမ္မတ ဟာမစ်အန်ဆာရီ၊ ၀န်ကြီးချုပ် ဒေါက်တာ မန်မိုဟန်ဆင်း၊ ပြည်ပရေးရာဝန်ကြီး အက်စ်အမ်ခရစ်ရှနာ တို့နှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
        ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် ဇနီးဒေါ်ကြိုင်ကြိုင်တို့သည် အိန္ဒိယနိုင်ငံ ဗုဒ္ဓဂယာရှိ မဟာဗောဓိစေတီတော်သို့လည်း ဇူလိုင်လ ၂၆ ရက်နေ့က သွားရောက်ဖူးမြော်ခဲ့သည်။ မြန်မာချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့သည် မြန်မာနိုင်ငံ နေပြည်တော်မှ အိန္ဒိယသမ္မတနိုင်ငံသို့ ဇူလိုင်လ ၂၅ ရက်နေ့က ထွက်ခွာခဲ့သည်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် အိန္ဒိယနိုင်ငံသို့ ၂၀၀၄ ခုနှစ် အောက်တိုဘာလက သွားရောက်ခဲ့ဖူးသည်။
လက်မှတ်ရေးထိုးခဲ့သော သဘောတူညီချက်များ
၁။ ပြစ်မှုဆိုင်ရာကိစ္စရပ်များတွင် အပြန်အလှန်အကူအညီပေးရေး သဘောတူ စာချုပ်
၂။ အသေးစားဖွံ့ဖြိုး တိုးတက်ရေးစီမံကိန်းများ အကောင်အထည်ဖော်ရေး အတွက် အိန္ဒိယ၏ကူညီထောက်ပံ့မှုဆိုင်ရာ နားလည်မှုစာချွန်လွှာ
၃။ သတင်းနှင့်ပြန်ကြားရေး ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာ
၎။ သိပ္ပံနှင့်နည်းပညာ ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်
၅။ မြန်မာနိုင်ငံ ပုဂံရှိ အာနန္ဒာဘုရား ပြုပြင်ထိန်းသိမ်းရေးဆိုင်ရာ နားလည်မှု စာချွန်လွှာ