Pages

Sunday, September 26, 2010

ဒီတခါတယုတ်ပြီးမြန်မာပြည်ကိုနှိပ်စပ်ရန်အလည့် ကြသူမှာ



    အိန္ဒိယနိုင်ငံ၏ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေး လုပ်ငန်းများ အတွက် ရခိုင်ကမ်းလွန်နှင့် ကုန်းတွင်း သဘာဝဓာတ်ငွေ့မြေများမှ သဘာဝဓာတ်ငွေ့ ပို့လွှတ်ရောင်းချရန် မြန်မာ-အိန္ဒိယနှစ်နိုင်ငံ စီစဉ် ဆောင်ရွက်လျက် ရှိသည်ဟု သတင်း ရရှိသည်။
    ၂၀၁၀ပြည့်နှစ် စက်တင်ဘာလ ၁၄ ရက်နေ့က အိန္ဒိယနိုင်ငံမှ အဆင့်မြင့် စီးပွားရေးကိုယ်စားလှယ်များနှင့် မြန်မာနိုင်ငံစွမ်းအင်ဝန်ကြီးဌာနမှ တာဝန်ရှိသူများ နေပြည်တော်တွင် တွေ့ဆုံမှုများ၊ ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ခဲ့ရာ မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ စွမ်းအင်ကဏ္ဍ ပူးပေါင်းဆောင်ရွက် ရေးဆိုင်ရာ ကိစ္စများကို ထည့်သွင်း ဆွေးနွေးညှိနှိုင်းခဲ့ကြောင်း သိရသည်။

    မြန်မာနိုင်ငံ ရခိုင်ကမ်းလွန် ဒေသရှိ ရွှေသဘာဝဓာတ်ငွေ့မြေနှင့် ရခိုင်ကုန်းတွင်းပိုင်း သဘာဝဓာတ်ငွေ့လုပ်ကွက်များမှ သဘာဝဓာတ်ငွေ့များကို အိန္ဒိယနိုင်ငံ အရှေ့မြောက် ဒေသပြည်နယ်များရှိ လျှပ်စစ်ဓာတ် အားထုတ်လုပ်ရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန် အိန္ဒိယနိုင်ငံသို့ ပို့ လွှတ်နိုင်ရေးအတွက် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံညှိနှိုင်းစီစဉ်မှုများ ပြုလုပ်ခဲ့ သည်ဟု သိရသည်။

    ယင်းကဲ့သို့ ရခိုင်ကမ်းလွန်ရှိ ရွှေသဘာဝဓာတ်ငွေ့မြေမှ သဘာဝဓာတ်ငွေ့ ပြည်ပသို့ ပို့လွှတ်ရောင်းချမှုကို ၂၀၁၃ ခုနှစ်တွင် စတင်နိုင်မည်ဖြစ်ပြီး လက်ရှိတွင် ရခိုင်ကမ်းလွန်လုပ်ကွက်၌ တောင်ကိုရီးယား နိုင်ငံမှ ဒေ၀ူးကုမ္ပဏီ၊ အိန္ဒိယနိုင်ငံမှ ONGC Videsh လီမိတက်၊ GAIL လီမိတက်နှင့် တောင်ကိုရီးယားနိုင်ငံ မှ ကိုးရီးယားဂက်စ် ကော်ပိုရေးရှင်းတို့ စာချုပ်ချုပ်ဆို ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

    ရခိုင်ကမ်းလွန်ဒေသရှိ ရွှေ သဘာဝဓာတ်ငွေ့မြေမှ သဘာဝ ဓာတ်ငွေ့ရောင်းချရန်  တရုတ်နိုင်ငံ နှင့်လည်း ပြည်ပပို့သဘာဝဓာတ်ငွေ့ ရောင်းချရေးနှင့် ၀ယ်ယူရေးစာချုပ် ကို ၂၀၀၈ ခုနှစ်က လက်မှတ်ရေး ထိုးထားပြီးဖြစ်ကြောင်းသိရသည်။

    ကုန်းတွင်းပိုင်းတွင် ရေနံနှင့် သဘာဝဓာတ်ငွေ့မြေများအဖြစ် လုပ်ကွက် ၄၇ ကွက်၊ မုတ္တမကမ်းလွန် ပင်လယ်ပြင်၊ တနင်္သာရီကမ်းလွန် ပင်လယ်ပြင်နှင့် ရခိုင်ကမ်းလွန်ပင်လယ် ပြင်စသည့် မြန်မာ့ရေပြင်ပိုင်နက် လုပ်ကွက် ၂၆ ကွက်၊ ကမ်းလွန်ရေ နက်ပိုင်းလုပ်ကွက် ၁၈ ကွက်တို့တွင် နိုင်ငံခြားကုမ္ပဏီများနှင့်အကျိုးတူ ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

    ကုန်းတွင်းပိုင်းဒေသ သဘာဝ ဓာတ်ငွေ့ နယ်မြေသစ်များ အပါအ၀င် ကုန်းတွင်းရေနံမြေနှင့် သဘာဝဓာတ် ငွေ့မြေတို့မှနေ့စဉ် သဘာဝဓာတ်ငွေ့ ကုဗပေသန်း ၁၀၀ ကျော်၊ ကမ်းလွန်မှ နေ့စဉ် ကုဗပေသန်းပေါင်း ၁၀၀၀ ကျော်ထုတ်လုပ်ပေးလျက် ရှိသည်။