Pages

Monday, September 13, 2010

ဆန်ဖရန်မှာ အောက်တိုဘာ ၂၄ မှာ ထပ်မံပြုလုပ်မဲ့ ၀ိုင်းစုပ်သန်းရွှေစတိတ်ရှိုး


 



ကိုယ့်ကျောင်းသားတွေ သွေးမြေကျခဲ့တဲ့ အရေးတော်ပုံတွေကို အရုဏ်ဦးမှာဖူးသည်ကြာ ဆိုသောဇတ်ကားမှာ မဟုတ်မမှန် လုပ်ကြံမှုတွေ နဲ့ ပြောဆိုပြီးသရုပ်ဆောင် နေသော မြန်မာသရုပ်ဆောင်ပျက် များကိုအားပေးအားမြှောက် ပြုလုပ်နေသော ၊တကိုယ်ကောင်းဆန်သော ၊စိတ်ဓာတ် အပြည့်အဝ ရှိနေကြသော ပြည်ပအားကိုးပုဆိန်ရိုး ဆိုသူများအတွက် နောက်ထပ်စတိတ်ရှိုးပွဲ တစ်ပွဲ အား ကြေငြာ ပေးလိုက်ပါသည်.။

့မြန်မာပြည်သူက ကျွေး မြန်မာပြည်သူက အားပေးပြီး မြန်မာပြည်သူတွေရဲ့ထမင်းကိုစားပြီး မြန်မာပြည်သူတွေ ထင်ယောင်ထင်မှားပြုလုပ်နေသောမြန်မာသရုပ်ဆောင်ပျက်များ၏သရုပ်ဆောင်မှုများကိုပီပြင်စွာသရုပ်ဆောင်
ထားသော အထူးသဖြင့် ထိုဇတ်ကားတွင် ကလျာမျိုးချစ် အဖြစ်ပါဝင်သရုပ်ဆောင်ခဲ့သော ဝိုင်းစုခိုင်သိန်းဆိုသော သရုပ်ဆောင်အားလုံးဝလုံးဝ ရွံရှာမိခဲ့ပါတယ်။အာဏာပိုင်တွေကတော့ မြန်မာပြည်သူတွေရဲ့ ငွေကြေးတွေကိုအလွှဲသုံးစားပြုလုပ်နေပြီး ယခုလို အသက်ငယ်ငယ် မြန်မာသရုပ်ဆောင်အမျိုးသမီးများအား စပွန်ဆာ ပေးပြီးဟောတစ်ယောက် ဟောတစ်ယောက်ဆိုပြီး တွဲချင်တိုင်းတွဲ၊ကဲချင်တိုင်းကဲ၊အပြိုင်ကဲပြီး အင်တာနက်စာမျက်နှာများတွင်လည်း ယိုသူမရှက် မြင်သူရှက်၊ အများပြည်သူတွေမြင်တွေနေကြဖြစ်ပါသည်။

ဝိုင်းစုခိုင်သိန်းဆိုသော သရုပ်ဆောင်မှာ မြန်မာသမိုင်း အားတကယ်ဘဲ မသိတာလား၊ဒါမှမဟုတ် အာဏာပိုင်များဆီက စပွန်ဆာ မရရှိမှကြောက်ပြီး မသိချင်ယောင်ဆောင်နေတာလားဆိုတာကိုတော့ သူကိုယ်တိုင်သာသိမှာဖြစ်ပါသည်.။ထို့အတွက်ကြောင့် ပြည်ပသို့ရောက်ရှိနေချိန်တွင် ပြည်ပမှာ ရှိသောမြန်မာ သမိုင်း နဲ့ပါတ်သက်သော ၈၈၈၈ လုံးအရေးတော်ပုံကြီး၏ ဗွီဒီယိုဖိုင်များ နှင့် သံဃာတော်အရေးအခင်းမှ ဗွီယိုဖိုင်များအားစစ်အာဏာရှင်တွေဟာဘယ်လောက်ရက်စက်စွာ ကျောင်းသားလူငယ်များ ၊မြန်မာပြည်သူများ၊ သံဃာတော်များကို သတ်ဖြတ်ထားသောသမိုင်းမှတ်တမ်းများကို လွတ်လပ်စွာကြည့်ရှုပြီး ခံစားနားလည် ပေးစေချင်ပါသည်.။ထိုဇတ်ကား ၏ဇတ်ဝင်ခန်းတွေမှာလို မေးနေသည့် မေးခွန်းများအား ကိုယ်တိုင်မျက်စေ့ဖြင့် လေ့လာ သွားသင့်ပါသည်.။

ပြည်ပ သို့ရောက်ရှိနေချိန်တွင် အမျိုးသားများအပေါ် မပေါ်တပေါ်တွေဝတ်ပြ၊ သီချင်းတွေဆိုပြ၊ ရောနှော မှုများပြုလုပ်နေပြီး စပွန်ဆာ ရှာနေမည့်အစား ကိုယ့်ကမြန်မာသရုပ်ဆောင်အမျိုးသမီးတစ်ဦးဖြစ်သောကြောင့် မြန်မာ့ သမိုင်း အားသေချာ လေ့လာသင့်ပါသည်။ဝိုင်းစုခိုင်းသိန်းဆိုသော မြန်မာအမျိုးသမီးသရုပ်ဆောင်အား မနာလိုချင် အလျှင်မရှိသလို မစာနာလို့ပြောနေချင်းလည်းအလျှင်မရှိပါ.။သူ၏ထိုဇတ်ကားတွင် ပြောဆိုခဲ့သော စကားများမှာလည်း မြန်မာအရေးတော်ပုံများတွင် သွေးမြေကျပြီး သေဆုံးသွားခဲ့သော မြန်မာပြည်သူများ၊ ကျောင်းသားလူငယ်များ၊ သံဃာတော်များ နှင့် ယနေ့အချိန်ထိ စစ်အာဏာရှင်တွေ မတရားအကျဉ်းချထားသော မြန်မာနိုင်ငံအတွင်းရှိစစ်အာဏာပိုင်တွေရဲ့အကျဉ်းထောင်ထဲမှကျောင်းသားလူငယ်များ၊မြန်မာပြည်သူများ၊သံဃာ တော်များအား သူမအနေနဲ့ အရင် ကိုယ်ချင်း စာနာသင့် ပါသည်.။

အာရုံဦးမှာဖူးသည်ကြာ ဇတ်ကားတွင် ပါဝင်ခဲ့ သောသရုပ်ဆောင်များအားလုံး အားအပြတ်အသတ်ကို ရွံ့ရှာမိပါကြောင်း....။

မြတ်လေးငုံ