Pages

Tuesday, September 14, 2010

ပဲခူးမြို့ ကလူတွေကနောက်တစ်ခါ ဒီလို ကိစ္စမျိုးဖြစ်ရင် တော့ သူသေ ကိုယ်သေ ပဲဟုပြော

ပြည်သူတို့ က ၎င်းတို့ ဘ၀ မလုံခြုံတော့ ဘူးဟု ခံစားနေရ၍ ပေါက်ကွဲလု နီးနီးဖြစ်နေ

September 14, 2010 freedom news group
36
7
i
မဲပေးပါ
Quantcast
ယနေ့ နေ့ လည်တွင် လှုံဆော်စာများ ဝေငှသွားသည့် နေရာ

စက်တင်ဘာလ ၄ ရက်နေ့ ညက စစ်တပ် အရာရှိ မှ အမိန့် ပေးသဖြင့်
စစ်သား များ ကပစ်သတ်၍ သေဆုံးပြီး နောက် ပဲခူးမြို့ တွင် လုံခြုံရေး တင်းကျပ်
ထားသော် လည်း နိုင်ငံရေး နှင့် လူထု အုံကြွမှု ဖြစ်ပေါ် ရေး အတွက်
လှုံဆော်စာ များ နေ့ စဉ် ဝေငှမှု ရှိသည် ဟု သတင်းရရှိသည်။
ယနေ့ နေ့ လည် ၁၂ နာရီခန့် က ပဲခူးမြို့ နာရီ စင် အနီး တွင် ကပ်ထားသည့် လှုံ
ဆော်စာများကို ပြည်သူ အများအပြား က လာရောက် ကြည့်ရှု ရာ မှ  ရဲတပ်ဖွဲ့ က
စစ်တပ် ကို အကြောင်းကြား၍ ခွာယူရသည်။
စစ်တပ်က ပစ်သတ်မှု ဖြစ်ပွားပြီး နောက်ပိုင်း တွင် ပဲခူးဒေသခံ တို့ မှာ ၎င်းတို့ အိမ်များတွင် တူမီး၊
ဒူလေး ၊မျှား၊လှံ ၊မှိန်း၊ ငှက်ကြီးတောင် စသည့် ရရာ လက် နက်များ ကို စုဆောင်းလာကြသည်။
ပဲခူးမြို့ ရွေှ့မော်ဓော ဘုရား အနီးတွင် နေသည့် မီးရထား ၀န်ထမ်းဟောင်း တစ်ဦးက မူ အဘ တို့ 
အိမ်မှာ ရှိ တဲ့ ဒူးလေး ကို ထုတ်မသုံးတာ ကြာပြီ အမဲ လဲ မပစ်တော့ ဘူးဆိုတော့ အခု တော့ဆောင်
ထားရပြီ နောက်တစ်ခါ ဒီလို  ကိစ္စမျိုးဖြစ်ရင် တော့ သူသေ ကိုယ်သေ ပဲ ဟု နာကျဉ်းစွာဖြင့်
Freedom News Group သို့ ပြောသည်။

စက်တင်ဘာ ၄ ရက် အိပ်မက်ဆိုး ကြောင့် ပဲခူးမြို့ ခံ တို့ မှာ မိမိတို့ ဘ၀ လုံခြုံမှု မရှိ ဟု ခံစား
နေရသဖြင့် အထက်တန်းပြ ဆရာမ သည် ပင်လျှင် အိပ်ထဲဉ် ဓားမြှောင် ဆောင်ထားသည် ဟု
သိရသည်။
ပဲခူးမြို့ ခံ တို့ အား စစ်တပ်မှ ဆော်ကားပြီး နောက်တွင် ရှေးဟောင်း ကိုယ်လုံ ပညာ ဂိုဏ်းများ
ဖြစ်သည့် ဥဿာရာမ နှင့် ရွှေဟင်္သာ ဂိုဏ်းများ မှာ ပြည်သူကို ကာကွယ်စောင့် ရှောက်ရန် အတွက်
ပြန်လည် ဖွဲ့ စည်း လိုက်သည် ဟု သိရသည်။
နိုဝင်ဘာ လ ၇ ရက်နေ့ တွင် ကျင်းပမည့် ရွေးကောက်ပွဲတွင် ပဲခူး ဒေသခံ အများစု မှာ မဲပေး
ကြမည် မဟုတ် သည့် ပြင် ၎င်းတို့ ၏ ဆန္ဒ ကို လည်း ထုတ်ဖော်မည် ဟု သိရသည်။