Pages

Monday, October 11, 2010

နအဖစစ်သားတွေ စစ်မတိုက်လိုသောကြောင့်စစ်လက်နက်ပစ္စည်းသိုလှောင်ရုံဖေါက်ခွဲ

 နအဖ လက်နက်ခဲယမ်းသိုလှောင်ရုံ မီးလောင်ပေါက်ကွဲ

E-mail Print
ယမန်နေ့မနက်ကသျှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့ စစ်လက်နက်ပစ္စည်းသိုလှောင်ရုံမီးလောင်ပေါက်ကွဲသဖြင့် ပျက်စီး ဆုံးရှုံးမှု များပြားကြောင်း ဒေသခံလူထုများ ပြောပြချက်အရသိရပါသည်။

မီးစွဲလောင်မှုကြောင့် ၈၁ မမ၊ ၁၂၀ မမ ဗုံးသီးများအပါအ၀င် လက်နက်ကြီးများသိုလှောင်ထားသော မြေအောက်ခန်းပါ ဂိုဒေါင် ၂ ရုံပြာကျကုန်သည်ဟု နယ်စပ်ရောက် မိုင်းဆတ်ဒေသခံတဦးကပြော၏။
ဗုံးပေါက်ကွဲသည့်နေရာပြမြေပုံ
“ပေါက်ကွဲပြီး မီးလောင်တာ။ လက်နက်ရုံရော ပါတ်ဝန်းကျင်က အဆောက်အအုံတွေပါ လောင်ကုန်တာ။ စစ်တပ်သတင်း အရဆိုရင်တော့ ၀ သို့မဟုတ် သျှမ်းတပ်တို့ရဲ့လက်ချက်လို့စွပ်စွဲတယ်။ ရပ်ကွက်သတင်း အရဆိုရင်တော့ စစ်တပ်ထဲက လူကဘဲ ပြန် လုပ်တာ လို့ထွက်တယ်။ အဖြစ်နိုင်ဆုံးကတော့ လျှပ်စစ်မီးဝါယာရှော့ခ် ကြောင့်လို့ ခန့်မှန်းကြ တာပေါ့” - ဟု အဆိုပါ နီးစပ်သည့် မိုင်းဆတ်ဒေသခံက ပြောပါသည်။

ထိခိုက်ရှနာ နှင့်အသေအပျောက် မရှိဟု သတင်းထွက်နေသော်လည်း မတည်မပြုနိုင်သေးသည့် သတင်းအရ ၃ ယောက် သေဆုံး ကာ ၁ ယောက်ဒဏ်ရာရသည်ဟု ဆိုသည်။

နအဖ တပ်တွင်း ပေါက်ကွဲမှုဖြစ်ပွါးသောကြောင့် ၀ (သို့မဟုတ်) SSA တပ်ဖွဲ့ လက်ချက် လုံးဝ မဖြစ်နိုင်ကြောင်း သျှမ်းပြည် နိုင်ငံရေး၊ စစ်ရေးစောင့်ကြည့်လေ့လာသူ ထိုင်းနယ်စပ်နေ အသက် ၅၀ ကျော် သျှမ်းအမျိုးသား တဦးက သုံးသပ်၏။


“အသွင်ပြောင်းရေးငြင်းဆန်တဲ့ အပစ်ရပ်တွေနဲ့  နအဖ ကြား တင်းမာနေတဲ့ အခြေအနေမှာ အခုလို လက်နက်သို လှောင်ရုံ ဗုံး ပေါက်ကွဲမှု ဖြစ်လိုက်တဲ့အပေါ် လူထုက အာရုံစိုက် နေကြတယ်။ တကယ်လို့ အခုတိုက်ကြမယ်ဟေ့ ဆိုရင်တောင်မှ တခြားက အကူအညီ တွေရမှ တိုက်နိုင်မှာ” ဟု လည်းဆက် ပြော၏။

အောက်တိုဘာ ၁၁ ရက် ယနေ့နံနက်ခင်းကဖြစ်ပွါးသော အဆိုပါ ပေါက်ကွဲမှုမှာ မိုင်းဆတ်မြို့အထွက် အနောက် တောင် ဘက် ၁ မိုင်ခန့်အကွာ၊ မိုင်းဆတ်-မိုင်းတုံကား လမ်းတောင်ဘက်ခြမ်း၊ နမ့်ဆွမ်ချောင်း မြောက်ဘက်ခြမ်း နမ့်ခုတ်နှင့် နမ့်ဆွမ်ချောင်းဆုံ အနီး ခမရ ၅၂၇ နှင့် အမြောက်တပ်အကြား၌ ဖြစ်၏။ ကျိုင်းတုံအခြေစိုက် တြိဂံစစ်တိုင်းမှူး ဗိုလ်မှူးချုပ် သန်းထွန်းဦး မိုင်းဆတ်မှ မိုင်းတုံသို့ထွက်သွားပြီးမကြာမီ ၀၇း၀၀ နာရီခန့်၌ ပေါက်ကွဲခဲ့ခြင်းဖြစ်သည်ဟု သိရသည်။