Pages

Monday, October 25, 2010

အင်္ဂါဂြိုဟ်နှင့် ဗုဒ္ဓဟူးဂြိုဟ် နှစ်ကြိမ်ပူး၍စစ်ခွေးတို့ အလံသစ်တင်ပြီးရတရာခြေပေမဲ့ မအောင်မြင်နိုင်




Share

   ဂြိုဟ်ပတ် လမ်းကြောင်းအတွင်း ဗုဒ္ဓဟူးဂြိုဟ် အသွားနှုန်းနှေးမှုကြောင့် အင်္ဂါဂြိုဟ်နှင့် ဗုဒ္ဓဟူးဂြိုဟ် ယခုနှစ် နှောင်းပိုင်းအတွင်း နှစ်ကြိမ်ပူးယှဉ်မည် ဖြစ်ကြောင့် နက္ခတ်သိပံ္ပအဖွဲ့မှ စုံစမ်း သိရှိရပါသည်။
အဆိုပါဂြိုဟ်နှစ်လုံးသည် ပုံမှန်အားဖြင့် တစ်နှစ်လျှင်တစ်ကြိမ်သာ ပူးယှဉ်လေ့ရှိသော်လည်း ယခုနှစ် တွင် ဗုဒ္ဓဟူးဂြိုဟ် ယင်းကဲ့သို့ဖောက်ပြန်မှုကြောင့် နိုဝင်ဘာလ ၂၁ ရက် နေ့တွင် တစ်ကြိမ်နှင့် ဒီဇင်ဘာလ ၁၄ ရက်နေ့တို့တွင် တစ်ကြိမ်စီပူး ယှဉ်ရန်ရှိခြင်းဖြစ်ကြောင်း သိရသည်။
   "ဒီဂြိုဟ်နှစ်လုံးက တစ်နှစ်ကို တစ်ကြိမ်သာ ပူးလေ့ရှိပေမယ့် ဗုဒ္ဓဟူးဂြိုဟ်အနေနဲ့ သူ့ဂြိုဟ်ပတ်လမ်းကြောင်းမှာ အသွားနှုန်းနှေးပြီး ဖောက်ပြန်နေတယ်ဆိုရင် အဲဒီနှစ်တွေမှာ နောက်တစ်ကြိမ်ထပ်ပြီး ဖြစ်ပေါ်တတ်ပါတယ်။ ဗုဒ္ဓဟူးဂြိုဟ်က သာမန်အားဖြင့် နေမင်းနဲ့ အနီးဆုံးဂြိုဟ် ဖြစ်တဲ့အတွက် မမြင်တွေ့နိုင်ပါဘူး။ နေမင်းရဲ့ဘေးမှာရှိတဲ့ဂြိုဟ်ပတ်လမ်း ကြောင်းပေါ်မှာရှိနေမှသာ ကမ္ဘာကနေ ကြည့်ရင် ကြယ်ပွင့်အနေနဲ့မြင် တွေ့ရမှာပါ။ ဒါကြောင့် အခုဖြစ်ပေါ်မယ့် ဖြစ်စဉ်နှစ်ခုလုံးမှာတော့ ဗုဒ္ဓဟူးဂြိုဟ်က နေမင်းရဲ့ဘေးပတ်လမ်းကြောင်းမှာ ရှိနေမှာဖြစ်တဲ့အတွက် ကမ္ဘာကနေကြည့်ရင် ကြယ်ပွင့်အနေနဲ့ မြင်တွေ့ရနိုင်ပါတယ်။ အင်္ဂါဂြိုဟ်ကတော့ နေမင်းရဲ့အဝေးမှာ ရှိတဲ့အတွက် ကြယ်ပွင့်အနီသေး ပုံသဏ္ဌာန်အနေနဲ့ပဲ မြင်တွေ့နိုင်ပါတယ်"ဟု နက္ခတ်သိပံ္ပအဖွဲ့မှ ဦးဇေယျာကိုက ဆိုပါသည်။
    နိုဝင်ဘာလ ၂၁ ရက်နေ့တွင် ဖြစ်ပေါ်မည့်ဂြိုဟ် ပူးယှဉ်မှုသည် ဗြိစ္ဆာရာသီခွင်တွင် ပူးယှဉ်မည်ဖြစ်ပြီး အဆိုပါနေ့ ၆ နာရီ ၄၉ မိနစ်တွင် အနောက်လောင်ဂျီတွဒ် ၁၇၀ ဒီဂရီ ၀န်းကျင်နှင့်တောင်လတ္တီတွဒ် ၂၃ ဒီဂရီဝန်းကျင်၌ တောင်ပစိဖိတ် သမုဒ္ဒရာအတွင်းရှိ ဆန်မိုကျွန်းစုအနီးတွင် ဖြစ်ပေါ်မည်ဖြစ်ကြောင်း သိရသည်။
    ယင်းဖြစ်စဉ်ကာလ၌ ဗုဒ္ဓဟူးဂြိုဟ်သည် ကမ္ဘာနှင်မိုင်သန်းပေါင်း ၁၃.၁၂သန်း၊ အင်္ဂါဂြိုဟ်သည် ကမ္ဘာ နှင့် ၂၂၁ မိုင်ကွာဝေးကာရှိနေမည် ဖြစ်ကြောင်းသိရသည်။ ယင်းဖြစ် စဉ်၏အကျိုးဆက်အနေဖြင့် ၎င်းဖြစ်စဉ်ဖြစ်ပေါ်ပြီး နှစ်ပတ်အတွင်း တောင်ပစိဖိတ် သမုဒ္ဒရာအတွင်းနှင့် မက္ကဆီကို အောက်ပိုင်းနိုင်ငံအချို့တို့ တွင် သဘာဝပတ်ဝန်းကျင်နှင့် ပတ်သက်သည့် ကိစ္စရပ်များ ဖြစ်ပေါ်နိုင် ကြောင်း သိရသည်။
ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် ဖြစ်ပေါ်မည့် ဒုတိယဖြစ်စဉ်တွင်မူ ဗုဒ္ဓဟူးဂြိုဟ်သည် ဂြိုဟ်ပတ်လမ်းကြောင်းအတွင်း အသွားနှုန်းနှေး၍ ဖောက်ပြန်နေကာ ကမ္ဘာနှင့်အနီးဆုံး ဆုံမှတ်သို့ ရောက်ရှိနေပြီး ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် ကမ္ဘာနှင့်အနီးဆုံး ဆုံမှတ်သို့ ရောက်ရှိမည်ဖြစ်ကြောင်း သိရသည်။
    ယင်းဂြိုဟ်နှစ်လုံး ပူးယှဉ်သည့် အကျိုးဆက်အနေဖြင့် ဖြစ်စဉ်ဖြစ်ပေါ်ပြီး နှစ်ပတ်အတွင်း အိန္ဒိယသမုဒ္ဒရာ အတွင်းနှင့် သြစတြေးလျ၊ အင်ဒိုနီး ရှား၊ မလေးရှား၊ ဖိလစ်ပိုင်နိုင်ငံတို့တွင် ရာသီဥတုအခြေအနေ ပြောင်း လဲမှုဖြစ်ပေါ်နိုင်ပြီး မိန်လဂ်၊ သိဟ်လဂ်၊ မကာရလဂ် ပိုင်ရှင်များသည်လည်း ဂြိုဟ်ပူးပြီး တစ်လအတွင်း စီးပွားတက်ကာ ငွေကြေးကံကောင်းနိုင်ကြောင်း သိရှိရပါသည်။