Pages

Tuesday, October 19, 2010

“ အရုဏ်ဦးမှာ မူတဲ့ မသာ့” ရုပ်ရှင် ဇာတ်လမ်းတွင် ပါဝင် သရုပ်ဆောင်ကြသော ၀ိုင်းဆုခိုင်သိန်း နှင့် အနုပညာရှင် ၉ ဦးအား US မှ Visaပြန်ရုပ်သိမ်း လိုက်သည့် အတွက်အလွန်မကျေမနပ်ဖြစ်နေ


မြန်မာနိုင်ငံရေး သမိုင်း ဖြစ်ရပ်မှန်များကိုလိမ်ညာထားတဲ့ မြန်မာ့ အနုပညာရှင် များက မှန်ကန် ထိမိစွာ ဖော်ပြ ပေးသည့် “ အရုဏ်ဦးမှာ မူတဲ့ မသာ့” ရုပ်ရှင် ဇာတ်လမ်းတွင် ပါဝင် သရုပ်ဆောင်ကြသော ၀ိုင်းဆုခိုင်သိန်း နှင့် အနုပညာရှင် ၉ ဦးအား အမေရိကန် လူဝင်မှုကြီးကြပ်ရေးမှ ဗီဇာ ပြန်ရုပ်သိမ်း လိုက်သည့် သတင်းသည် မြန်မာနိုင်ငံ အပေါ် မလိုမုန်းထား ရှိနေသော ရေဒီယို သတင်း ဌာနများ၊ ပြည်ပရောက် ကိုယ်ကျိုးရှာ လောက်ကောင် များ၏ အင်တာနက် စာမျက်နှာ များတွင် နေ့စဉ်နဲ့အမျှ ဖော်ပြ ထုတ်လွှင့်နေသည်ကို ကြားသိနေရသည်။

မင်းမော်ကွန်း၊ ၀ိုင်းစုခိုင်သိန်း အပါအ၀င် ဘုန်းကြီးကျောင်း ရန်ပုံငွေပွဲကို လာရောက်ပေးပါဟု တောင်းဆိုမှုအရ မြန်မာအနုပညာရှင်များအနေဖြင့် အနုပညာစိတ်သန့်သန့် စေတနာသက်သက်ဖြင့် သွားရောက် ကူညီပေးခြင်းကို အမေရိကန်ရောက် နိုင်ငံရေး ခေါင်းစဉ်တပ် ငွေရှာစားနေသည့် ဒီမိုကရေစီ လူစွမ်းကောင်းများက အရုဏ်ဦးမှာ ဖူးသည့်ကြာ ရုပ်ရှင်ဇာတ်လမ်းကို အရင်းတည်ပြီး မြန်မာ အနုပညာရှင်များ၏ စေတနာနှင့် မေတ္တာများကို ချစတေး လိုက်ခြင်းပင် ဖြစ်သည်။

မင်းမော်ကွန်း၊ ရဲလေး၊ စိုးစိုး၊ မောင်မောင်လွင်၊ ပက်ထရစ်မေလာ၊ ရဲဖုန်း၊ တွတ်ကီ၊ ၀ိုင်းဆုခိုင်သိန်း၊ L ဆိုင်းဇီ၊ ရေဘက္ကာဝင်း တို့အား ဗီဇာရုပ်သိမ်းလိုက်ခြင်းသည် တကယ်တမ်း ပြန်လည်သုံးသပ်ကြည့်ပါက မည်သို့မျှ အဆီအငေါ်မတည့်သည့် လုပ်ရပ်ပင်ဖြစ်သည်။ အရုဏ်ဦးမှာ ဖူးသည့်ကြာ ဇာတ်လမ်းတွင် ၀ိုင်းစုခိုင်သိန်း တစ်ဦးသာပါဝင်သော်လည်း အခုကဲ့သို့ အမေရိကန်ရှိ မြန်မာဘုန်းတော်ကြီးကျောင်း ရန်ပုံငွေပွဲရရှိရေးအတွက် သွားရောက်ဖျော်ဖြေပေးသော အနုပညာရှင် (၉)ဦးအား ဗီဇာရုပ်သိမ်းသည် ဆိုခြင်းမှာ အကြောင်းမဲ့သက်သက် အကွက်ထွင် ခုတုံးလုပ်ခြင်းသက်သက်သာ ဖြစ်သည်။

အမေရိကန်ရောက် မြန်မာ့အရေး ဒီမိုကရေစီ လှုပ်ရှားသူများ အနေဖြင့် သတိမမူမိသော အချက်တစ်ချက်မှာ ဒီမိုကရေစီ နိုင်ငံ စစ်စစ်ကြီးပါဟု ကြွေးကြော်နေသော အမေရိကန် နိုင်ငံတွင် ဒီမိုကရေစီ နည်းလမ်းမကျ လူ့အခွင့် အရေးများကို လိုက်လံ ချိုးဖောက် နေမှုအား မြန်မာ့ ဒီမိုကရေစီရေး ကြိုးပမ်းမှုဟု ခေါင်းစဉ်တပ်နေခြင်းမှာ မပြုံးဘဲနှင့် ၀ါးလုံးကွဲ ရီစရာကောင်းသော ဟာသတစ်ပုဒ်သာ ဖြစ်ပေသည်။ ထို့အပြင် ဒီမိုကရေစီလို ပါးစပ်က တစာစာ ဟစ်ကြွေးနေသူများသည် တကယ်မြန်မာ့သမိုင်း အမှန်ကို တင်ပြထားသော အရုဏ်ဦးမှာ ဖူးသည့်ကြာ ဇာတ်လမ်းအပေါ် အနာပေါ် ဒုတ်ကျ နာနေသည်မှာလည်း ဒီမိုကရေစီ စကားလုံးကို သုံးပြီး လိမ်လည်နေသူများ ဖြစ်ကြောင်း ၀န်ခံရာသို့ ရောက်ပေသည်။ အဆိုးဆုံး အချက်မှာ ယင်းတို့ စွပ်စွဲနေသော အရုဏ်ဦးမှာ ဖူးသည့်ကြာ ဇာတ်လမ်းတွင် ပါဝင်သောကြောင့် ယခုကဲ့သို့ ဗီဇာပိတ်ပင်ရသည်ဟု ဆိုပါလျှင် အဘယ်ကြောင့် အဆိုပါ ဇာတ်ကားတွင် မပါဝင်သော အနုပညာရှင်များကို ထည့်သွင်းရပါသနည်း။ ထိုကဲ့သို့ ရောပြီး အခုကဲ့သို့ ဗီဇာ ရုပ်သိမ်းခံရသော အနုပညာရှင်များ၏ အခွင့်အရေး ဒီမိုကရေစီ နည်းလမ်းတကျ ဆုံးဖြတ်ပေးရေးကို လျစ်လျူရှု ထားကြပါသနည်။။ ယင်းအခြေအနေကို ကြည့်ခြင်းအားဖြင့် မြန်မာနိုင်ငံ အပေါ် ခေါင်းစဉ်တပ်ပြီး အပြစ်ရှာ ၀ါဒဖြန့်လိုသော အမေရိကန်နှင့် အရိုးအရင်းကိုက်ရလည်း ဒီမိုကရေစီ နည်းလမ်းကျ သည်ဟု ထင်မှတ်နေသော အသားထဲက ထွက်တဲ့ လောက်ကောင်များသည် နည်းလမ်းမျိုးစုံဖြင့် မြန်မာနိုင်ငံအစိုးရ မြန်မာပြည်သူများနှင့် မြန်မာ့အနုပညာကို သိက္ခာချနေခြင်းသာ ဖြစ်ပေသည်။ ထိုသို့ သိက္ခာချခြင်းဖြင့် ယင်းတို့၏ အကျိုးစီးပွားကို ရယူ တည်ဆောက် နေခြင်းလည်း ဖြစ်ပေသည်။

မြန်မာနိုင်ငံ သမိုင်းကြောင်းနှင့် မြန်မာနိုင်ငံ၏ ပကိဖြစ်ရပ်မှန်များ အပေါ် ပါဝင်သရုပ်ဆောင်ပေးသော အနုပညာရှင် များသည် ကိုယ့်နိုင်ငံ ကိုယ်လူမျိုးအတွက် အနုပညာ တာဝန် ကျေပြွန်ခြင်းသာ ဖြစ်သည်။ သူတစ်ပါးနိုင်ငံ သူတစ်ပါး အရေးကိစ္စအား ထိပါစော်ကားမှု အလျဉ်းမရှိခဲ့ပါ။ ထို့အကြောင်းတရားများကလည်း ဒီမိုကရေစီ နည်းလမ်းအရ မှန်ကန်သည့် နိုင်ငံရေးခံယူချက် ယုံကြည်ချက်များ အဖြစ် မှတ်ကျောက်တင် ခံနိုင်ပါသည်။ ထိုသို့ ကိုယ့်နိုင်ငံသမိုင်း ကိုယ့်နိုင်ငံသားတို့၏ နိုင်ငံရေး ရွေးခြယ်မှုအတွက် အသိပေး ဇာတ်လမ်းအပေါ် ခြယ်လှယ်ချင်တိုင်း ခြယ်လှယ်မရနိုင်သည့် အခြေအနေတစ်ရပ် ဖြစ်လာခဲ့သည်ကို ကြိတ်မနိုင် ခဲမရ အပူလုံးကြွ လာသော အမေရိကန်နှင့် နိုင်ငံရေး လုပ်စား ကြောင်သူတော် ကြွက်သခိုးများက ယခုကဲ့သို့ မြန်မာ အနုပညာရှင် များအပေါ် စိတ်ယုတ်မာဖြင့် လုပ်ဆောင်ခြင်းဖြစ်သည်။

လွန်ခဲ့သည့်နှစ်က မြန်မာနိုင်ငံနယ်စပ် တစ်ဖက်နိုင်ငံတွင် မြန်မာ့တပ်မတော်မကောင်းကြောင်း မြန်မာ့များ၏ စိတ်ဓာတ်နှင့် ယဉ်ကျေးမှုများကို ထိပါစေမည့် ရုပ်ရှင်ဇာတ်လမ်းကို အမေရိကန်ရုပ်ရှင်မင်းသားက ရမ်ဘို အမည်ဖြင့် ၀ါဒဖြန့်ရိုက်ကူးပြီး မဟုတ်မမှန် လုပ်ဇာတ်များဖြင့် ကမ္ဘာသို့ ဖြန့်ချိခဲ့သည်။ ယင်းဇာတ်လမ်းသည် မြန်မာနိုင်ငံအပေါ် လုပ်ကြံစွပ်စွဲချက်များဖြင့် မြန်မာနိုင်ငံနှင့် မြန်မာလူမျိုးများ၏ ဂုဏ်သိက္ခာကို တိုက်ရိုက် စော်ကား မော်ကား ပြုခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ရုပ်ရှင်ဇာတ်လမ်းကို အော်စကာဆု ပေးရန် စာရင်းဝင်အောင်လည်း တစ်ဖက်လှည့်ဖြင့် မြန်မာနိုင်ငံအပေါ် လုပ်ကြံ ဖန်တီးမှုများအား မီဒီယာနည်းဖြင့် တိုက်ခိုက် ခဲ့ကြသည်။

ယင်းကဲ့သို့ နိုင်ငံတစ်နိုင်ငံအပေါ် ချိုးဖောက်မှု စွပ်စွဲမှု မျိုးစုံဖြင့် အစဉ်တစ်စိုက် လုပ်ဆောင်နေမှုများသည် တကယ်ပင် ဒီမိုကရေစီ နည်းလမ်း ကျပါ၏လား။ မြန်မာ့နိုင်ငံရေး သမိုင်းကြောင်းမှန် အပေါ် မြန်မာ့အနုပညာရှင် များ၏ အနုပညာ ဖန်တီးမှုသည် ဒီမိုကရေစီကို အနှောက်အယှက် ပေးနေပါ၏လား ဆိုသည့် မေးခွန်းများကို မြန်မာ နိုင်ငံသူ နိုင်ငံသားများသာ မက လူသားအားလုံး၏ အသိဥာဏ်ဖြင့် လွယ်ကူစွာ စဉ်းစားတွေးခေါ် ဆုံးဖြတ်နိုင်ပါ ကြောင်းနှင့် အမေရိကန်နဲ့ အနောက်အင်အားကြီး နိုင်ငံများ လုပ်သမျှ မျက်လုံးစုံမှိတ် ထောက်ခံပြီး ကိုယ့်နိုင်ငံ ကိုယ့်လူမျိုး ဘာဖြစ်ဖြစ် ငွေမျက်နှာ တစ်ခုတည်းဖြင့် ထင်ရာဆိုင်းနေကြသော မျိုးဖျက် မျိုးပျက်ကောင်များအား မျိုးချစ်စိတ်ဓာတ် အပြည့်ဖြင့် တွန်လှန် တိုက်ဖျက် သွားကြပါစို့ဟု တိုက်တွန်းတင်ပြ လိုက်ရပါသည်။


မောင်မင်းချင်း( စစ်ခွေးတွေရဲ့ လိမ်နေတယ်ညာနေတယ် ကြေးမူံOnline မှ ကူးယူတင်ပြပါသည်)