Pages

Saturday, November 13, 2010

ဒေါ်အောင်ဆန်းစုကြည် လူထုပရိသတ်နှင့် တိုက်ရိုက် စကားပြော



နေအိမ်တွင် ၁၆နှစ်နီးပါးခန့် အကျယ်ချုပ်ဖြင့် ထိန်းသိမ်းခံခဲ့ရသူဖြစ်ပြီး မကြာသေးခင်ကာလကမှ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန် ငြင်းဆန်ခဲ့ခြင်းကြောင့် တရားဝင်ပါတီအဖြစ်မှ ရပ်စဲခံခဲ့ရသည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ အထွေထွေ အတွင်းရေးမှူးချုပ် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ညနေ ၅နာရီခွဲခန့်တွင်  တက္ကသိုလ်ရိပ်သာလမ်း ခြံအမှတ် ၅၄ရှိ ၄င်း၏နေအိမ်ခြံဝင်းရှေ့တွင် ၄င်းလွတ်မြောက်လာမှုကို စောင့်စားနေကြသည့် များပြားလှသော လူထုပရိသတ်ကို ဗေဒါရောင် အင်္ကျီဝတ်ဆင်ပြီး နှင်းဆီပန်းအနီ ပန်ဆင်ကာ မိန့်ခွန်းပြောကြားနေကြောင်း The Voice Weekly သတင်းထောက်က အဆိုပါနေရာမှ တိုက်ရိုက်သတင်းပေးပို့သည်။
နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်ပြီဟု တရားဝင် သတင်းထွက်ပေါ်နေသော်လည်း ညနေ ၆ နာရီ ၁၀ မိနစ်အချိန် နောက်ဆုံးရရှိသော သတင်းများနှင့် The Voice Weekly သတင်းထောက်တို့၏တိုက်ရိုက်သတင်းပေးပို့ချက်အရ ဒေါ်အောင်ဆန်းစုကြည်သည် လူထုပရိသတ်အား မိန့်ခွန်းပြောကြားအပြီး ၎င်း၏နေအိမ်အတွင်းသို့ ပြန်လည်ဝင်ရောက်သွားကြောင်း သိရရသည်။