Pages

Saturday, November 27, 2010

ကုလ အထူးသံ ဒေါ်အောင်ဆန်းစုကြည် အား လာရောက်တွေ့ဆုံ သူလဲ ဂမ်ဘာရီလိုပဲလက်ဆောင်ရတဲ့ပတ္တမြားတွေယူပြီးပြန် မယ်

ကုလသမဂ္ဂ ကိုယ်စားလှယ် ဗီဂျေးနမ်ဘီရာ မြန်မာနိုင်ငံသို့ ရောက်ရှိလာ PDF Print E-mail
Share
ကုလသမဂ္ဂ ကိုယ်စားလှယ် ဗီဂျေးနမ်ဘီရာသည် မြန်မာနိုင်ငံသို့ နိုဝင်ဘာလ ၂၇ ရက်နေ့ နံနက်ပိုင်းက လေကြောင်းခရီးဖြင့် ရောက်ရှိလာခဲ့ကြောင်း သတင်းရရှိပါသည်။
၎င်းသည် မြန်မာနိုင်ငံတွင် သုံးရက်ကြာ နေထိုင်ကာ အစိုးရတာဝန်ရှိသူများ၊ နိုင်ငံရေးပါတီများ အပါအ၀င် မကြာသေးမီက နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်တို့နှင့် တွေ့ဆုံရန် ရောက်ရှိလာခဲ့ခြင်း ဖြစ်ကြောင်း သတင်းဖော်ပြချက်များ အရ သိရသည်။
၂၀၀၇ ခုနှစ် ဇန်န၀ါရီလမှစပြီး ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း၏ Chief of Staff ဖြစ်လာသူ  ဗီဂျေးနမ်ဘီရာသည် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန်၏ အထူးအကြံပေး အရာရှိအဖြစ်လည်း ဆောင်ရွက်ခဲ့ဖူးသည်။
အိန္ဒိယလူမျိုး ဗီဂျေးနမ်ဘီရာသည် ၀ါရင့်သံတမန်တစ်ဦး ဖြစ်ပြီး မြန်မာ့အရေး ဆွေးနွေးရန် မြန်မာ့အိမ်နီးချင်းနိုင်ငံများ ဖြစ်သည့် အိန္ဒိယ၊ တရုတ်နှင့် စင်ကာပူ နိုင်ငံများသို့ မကြာသေးမီက သွားရောက်ခဲ့သေးသည်။
ကုလသမဂ္ဂသည် မြန်မာအစိုးရနှင့် သဘောထား ကွဲလွဲသူများကြား ဆွေးနွေးမှုများ ဖြစ်မြောက်လာစေရန် ကြိုးပမ်းမှုများ ရှိခဲ့သည်။ သို့သော် ကြိုးပမ်းမှုများမှာ ထင်သလောက် မအောင်မြင်ခဲ့ပေ။