Pages

Tuesday, November 9, 2010

စစ်ခွေးတွေရဲ့  ကြိုတင်မဲ ၆ဝဝဝ ကျော်ကြောင့် တစညနှင့် မွန်ပါတီ မော်လမြိုင်တွင် အပြတ်အသတ် ရှုံး

တပ်မတော် ကြိုတင်မဲ ၆ဝဝဝ ကျော်ကြောင့် တစညနှင့် မွန်ပါတီ မော်လမြိုင်တွင် အပြတ်အသတ် ရှုံး

E-mail Print PDF
ရေတပ်စခန်း၊ ရေယာဉ်စု ဌာနချုပ်နှင့် အရှေ့တောင်တိုင်း စစ်ဌာနချုပ်တို့ ရှိနေသည့် မော်လမြိုင်မြို့နယ်တွင် တပ်မတော်မှ ကြိုတင်မဲ ၆ဝဝဝ ကျော် တက်လာသဖြင့် တစညနှင့် မွန်ပါတီ အပြတ်အသတ် ရှုံးခဲ့ရကြောင်း ယင်းပါတီများထံမှ စုံစမ်း သိရှိရသည်။
မော်လမြိုင်မြို့ ပြည်သူ့လွတ်တော်တွင် ကာကွယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး သူရအေးမြင့် ဝင်ရောက် ယှဉ်ပြိုင်ပြီး မော်လမြိုင်မြို့ခံ အများစုမှာ ဦးအေးမြင့် အနေဖြင့်သာ သိကြသည်။ မော်လမြိုင်တွင် အဓိက ပြိုင်ဘက်မှာ ကြံ့ခိုင်ရေးနှင့် တစည တို့ဖြစ်သည်။
ရေတပ်စခန်း၊ ရေယာဉ်စု ဌာနချုပ်မှာ မော်လမြိုင်၊ မုပွန်ရပ်တွင်ရှိပြီး အရှေ့တောင်တိုင်း စစ်ဌာနချုပ်မှာ မော်လမြိုင်၊ ရခိုင်ကုန်းရပ်တွင် ရှိသည်။
‘ဒါတောင် တပ်မိသားစု မပါသေးဘူး'ဟု တစည ပါတီဝင်တစ်ဦးက ဆိုသည်။