Pages

Thursday, December 2, 2010

တတိယ ပင်လုံညီလာခံတွင် တိုင်းရင်းသား ကိစ္စများ ဆွေးနွေး

လောလောလတ်လတ် ၂၀၁၀ ရွေးကောက်ပွဲ အရွေးချယ်ခံ တိုင်းရင်းသား ပါတီများက - တတိယ လမ်းကြောင်း ဟု သူတို့ကိုယ်တိုင် အမည်ပေးထားသည့် တတိယ ပင်လုံ ညီလာခံကို အပင်များအောက် လုံခြုံသော တစ်နေရာတွင် ကျင်းပခဲ့ပြီး ထို ညီလာခံသို့ ပြည်ထောင်စု လွှတ်တော် အရွေးချယ်ခံ တိုင်းရင်းသား အားလုံးဖြစ်သည့် ကိုယ်စားလှယ် ၇၄ ဦး တက်ရောက်ကြကြောင်း သတင်းရရှိသည်။


မည်သည့် ကိစ္စများကို ဆွေးနွေးကြပါသလဲ ဟု မေးမြန်းရာ-
"၁၉၇၄ အခြေခံဥပဒေ ပုဒ်မ ၂၉ (င)နဲ့ ပုဒ်မ ၃၁ တို့မှာ- "ပြည်နယ် နှင့် တိုင်း" ဆိုပီးတော့ တိုင်းရင်းသား ပြည်နယ်တွေကို ရှေ့မှာထားတာခံရတယ်။
အခု ၂၀၀၈ ခုနှစ်၊ မြန်မာပြည်နိုင်ငံ ကုန်းမြေကြီး ဖွဲ့စည်းပုံ အခြေခံဥပဒေ (ပုဒ်မ ၉-က/ခ နှင့် ၄၉)တွေမှာတော့ တိုင်းတွေကို "တိုင်းဒေသနယ်မြေဧရိယာကြီး" လို့  အကြီးကြီး  ဖော်ပြထားတာ တွေ့တယ်ဗျ။ ကျွန်တော်တို့ တိုင်းရင်းသားတွေ နေထိုင်ရာကိုတော့
"ပြည်နယ်ကလေး" ဆိုပီးတော့ သေးသေးလေး လုပ်ထားတာ ခံရတယ်ဗျ။ ပြီးတော့ နောက်မှာ အထားခံရပါတယ်ဗျ။ ကျွန်တော်တို့က အဲဒါကို လုံးဝ မကျေနပ်ပါဘူး ခင်ဗျာ...
ကျွန်တော်တို့ လိုလားတဲ့ အခြေခံ ဥပဒေ ပြင်ဆင်ရေး ဆိုတာ အဲဒါ ပါပဲခင်ဗျာ၊ နာမည် အခေါ်အဝေါ် အသုံးအနှုန်း ပြင်ဆင်ရေး ဖြစ်ပါတယ်၊ တစ်ခြား ဘာရည်ရွယ်ချက် အထွေအထူးမှ မရှိပါဘူးခင်ဗျာ၊ အခုလို ဆွေးနွေးတယ် ဆိုတာကလဲ လွှတ်တော်ထဲမှာ အခန့်မသင့်ရင် ထောင်ဒဏ် နှစ်နှစ် ကျခံနိုင်တာမို့လို့ စောစောစီးစီး ဆွေးနွေးထားတာ ဖြစ်ပါတယ်"
ဟု ရွေးကောက်ပွဲ အနိုင်ရ တိုင်းရင်းသား ခေါင်းဆောင် တစ်ဦးက ဖြေကြားသွားခဲ့ပါကြောင်း။

(ပြည်တွင်း သတင်းထောက် သတင်းပေးပို့သည်)

http://burmastrangenews.blogspot.com/မှကူးယူပါသည်