ယနေ့ မနက် ၈ နာရီ အချိန် တွင် မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က သံဃာတော် များ အား သင်္ကန်း ကပ်လှုရာ ၆ထပ်ကြီး၊ ဗဟန်းတောရ၊ ဗားဂရာ၊ရွှေ ဂုံ တိုင်များ မှသံဃာတော် များသာ မက ထောက်ကြံ့၊ မင်္ဂလာဒုံ နှင့် ပဲခူးကြခတ်ဝိုင်မှ သံဃာတော် များ ပါ ကြွရောက် အလှုခံတော် မူသည်။
မြို့ နယ် များ မှ သံဃာတော် များ ပင် ဧရာဝတီတိုင်း၊ပဲခူး တိုင်း၊ မန္တလေး တိုင်း နှင့် မွန် ပြည် နယ်မှ
သံဃာတော် များ ကြွရောက် အလှုခံတော် မူခဲ့ကြသည်။ မွန်ပြည် နယ် ပေါင်မြို့ မှ ကြွရောက် အလှု ခံတော် မူသည့် ဦးကောမလ က ဒကာမ ကြီး ဒေါ်
အောင်ဆန်းစုကြည် ကို တစ်ခါ မှ မမြင် ဖူးဘူး ၊ဦးဇင်းက တောနယ် မှ သီတင်း သုံးတာလေ
အခု သင်္ကန်းလှု မယ် ကြားတော့ ချက်ခြင်း တက်လာ တာ ဒကာမကြီး ဒေါ်စု ဒါန မြောက်
အောင် ဦးဇင်း ကတော့ ဆုတောင်း ပေးတယ် ဘေးရန် ကင်းကွာ ၍ လိုရာ ဆန္ဒပြီးမြောက်ပါ
စေလို့ ဟု Freedom News သို့ မိန့် သည်။
ပဲခူး နှင့် ဧရာဝတီ တိုင်းမှ သံဃာတော်များ အား သင်္ကန်း ကပ်လှူ ပူဇော်နေစဉ်