Pages

Monday, December 20, 2010

မြန်မာနိုင်ငံ၏ လက်ရှိ ဓာတ်အားလိုအပ်ချက် ပမာဏမှာ ၁၅၅၅ ဒသမ ၂၅ မဂ္ဂါဝပ် ဖြစ်ကြောင်းနှင့် ဓာတ်အားပေးစက်ရုံ ၃၁ ရုံမှ ၃၀၄၅ မဂ္ဂါဝပ် ထုတ်လုပ် နိုင်ပြီ ဖြစ်ကြောင်း သိရကျန်တဲ့ ၁၄၉ ၀ မီဂါဝပ်ကဘယ်လို ခြေထောက်ပေါက်ပြီးဘယ်ရောက်နေ


Share
မြန်မာနိုင်ငံ၏ လက်ရှိ ဓာတ်အားစနစ်တွင် လျှပ်စစ်ဓာတ်အား အပြည့်အ၀ ပေးနိုင်ရန် လိုအပ်ချက် ပမာဏမှာ ၁၅၅၅ ဒသမ ၂၅ မဂ္ဂါဝပ် ဖြစ်ကြောင်းနှင့် ပြည်ထောင်စု တစ်ဝန်းလုံးရှိ ဓာတ်အားပေးစက်ရုံ ၃၁ ရုံမှ ၃၀၄၅ မဂ္ဂါဝပ် ထုတ်လုပ် နိုင်ပြီ ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် လျှပ်စစ်ဓာတ်အား သုံးစွဲသူများအတွက် လျှပ်စစ်ဓာတ်အား အပြည့်အ၀ပေးနိုင်ရန် လိုအပ်ချက်ပမာဏမှာ ၁၅၅၅ ဒသမ ၂၅ မဂ္ဂါဝပ် ဖြစ်သည်ဟု သိရပြီး ရန်ကုန်တိုင်း ဒေသကြီးအတွက် လိုအပ်ချက်ပမာဏမှာ ပြည်နယ်နှင့် တိုင်း ဒေသကြီး အသီးသီးအနက် အများဆုံးဖြစ်ကာ လိုအပ်ချက်ပမာဏမှာ ၆၆၆ ဒသမ ၇၈ မဂ္ဂါဝပ် ဖြစ်သည်ဟု သိရသည်။

မြန်မာနိုင်ငံတွင် ရေအားလျှပ်စစ် စီမံကိန်းများ တည်ဆောက်ရန် ဖြစ်နိုင်စွမ်း ရှိသည့် ရေအရင်းအမြစ် ၃၀၀ ကျော် ရှိကြောင်း သိရသည်။ယင်း အရင်းအမြစ်များမှ ရရှိနိုင်သော လျှပ်စစ် စက်တပ်ဆင်အားမှာ စုစုပေါင်း မဂ္ဂါဝပ် ၄၆၀၀၀ ကျော် ဖြစ်သည်ဟု သိရ
''ပြည်ထောင်စု တစ်ဝန်းလုံးတွင် ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံ ၁၅ ရုံ၊ ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံ တစ်ရုံနှင့် သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံ ၁၅ ရုံ၊ စုစုပေါင်း ဓာတ်အားပေး စက်ရုံ ၃၁ ရုံမှ စုစုပေါင်း စက်တပ်ဆင်အား ၃၀၄၅ မဂ္ဂါဝပ် ထုတ်လုပ်နိုင်ပြီ ဖြစ်ကြောင်း'' နိုင်ငံတော် ၀န်ကြီးချုပ် ဦးသိန်းစိန်က ရဲရွာ ရေအားလျှပ်စစ် စီမံကိန်း၏ RCC ကွန်ကရစ်တမံနှင့် ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံ ဖွင့်ပွဲအခမ်းအနား အမှာစကားတွင် ထည့်သွင်း ပြောကြားခဲ့သည်။
လက်ရှိတွင် နိုင်ငံတော်က တည်ဆောက်လျက်ရှိသော ရေအားလျှပ်စစ် စီမံကိန်း ၁၆ ခု ရှိပြီး ၂၀၁၀- ၂၀၁၁ ခုနှစ်အတွင်း လေးခု၊ ၂၀၁၁ ခုနှစ်အတွင်း ငါးခု၊ ၂၀၁၂ ခုနှစ် အတွင်း သုံးခု၊ ၂၀၁၅ ခုနှစ်အတွင်း တစ်ခုနှင့် ၂၀၁၅ ခုနှစ်နောက်ပိုင်း ပြီး စီးမည့် စီမံကိန်းသုံးခုတို့ ရှိကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် ရေအားလျှပ်စစ် စီမံကိန်းများ တည်ဆောက်ရန် ဖြစ်နိုင်စွမ်း ရှိသည့် ရေအရင်းအမြစ် ၃၀၀ ကျော် ရှိကြောင်း သိရသည်။ယင်း အရင်းအမြစ်များမှ ရရှိနိုင်သော လျှပ်စစ် စက်တပ်ဆင်အားမှာ စုစုပေါင်း မဂ္ဂါဝပ် ၄၆၀၀၀ ကျော် ဖြစ်သည်ဟု သိရသည်။
အဆိုပါ တည်ဆောက်ရန် ဖြစ်နိုင်စွမ်းရှိသည့် ရေအရင်းအမြစ်များမှာ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ တနင်္သာရီတိုင်း ဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီး၊ မကွေးတိုင်း ဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီး၊ မွန် ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ရှမ်းပြည်နယ်(မြောက်ပိုင်း) တို့တွင် ဖြစ်ကြောင်း သိရသည်။
အဆိုပါ ရေအရင်းအမြစ်များကို အခြေခံ၍ စီမံကိန်းများ အကောင်အထည် ဖော်နိုင်သည့် အရေအတွက်မှာ ၉၀ ကျော်ရှိပြီး ယင်းစီမံကိန်းများမှ စက်တပ်ဆင်အား မဂ္ဂါဝပ် ၄၆၀၀၀ ကျော် ထုတ်ယူရရှိနိုင်မည် ဖြစ်သည်ဟု သိရသည်။
လျှပ်စစ်ဓာတ်အား သုံးစွဲသူများအတွက် လျှပ်စစ်ဓာတ်အား အပြည့်အ၀ ပေးနိုင်ရန် လိုအပ်ချက်ပမာဏ
စဉ် ဓာတ်အားသုံးစွဲမှု ရန်ကုန် မန္တလေး ကျန်ပြည်နယ်/တိုင်း စုစုပေါင်း(မဂ္ဂါဝပ်)
၁။ အများပြည်သူသုံးစွဲမှု ၂၉၄ .၅၅ ၄၈ .၁၆ ၃၅၇ .၄၈ ၇၀၀ .၁၉
၂။ နိုင်ငံပိုင်စက်ရုံအလုပ်ရုံများ ၇၄ .၂၂ ၁၂ .၇၀ ၂၁၂ .၅၆ ၂၉၉ .၄၈
၃။ စက်မှုဇုန်များ ၁၂၃ .၃၆ ၂၅ .၇၂ ၂၂ .၁၀ ၁၇၁ .၁၈
၎။ လျပ်စစ်မြစ်ရေတင်လုပ်ငန်းများ ၃ .၃၈ ၇ .၁၀ ၂၅ .၀၀ ၃၅ .၄၈
၅။ ပုဂ္ဂလိကပိုင်စက်ရုံများ ၆၂ .၀၀ ၁၉ .၁၉ ၂၅ .၈၀ ၁၀၆ .၉၉
၆။ ဆေးရုံ/ကျောင်း/ရုံးဌာနများ ၁၀၉ .၂၇ ၂၈ .၇၇ ၁၀၃ .၈၉ ၂၄၁ .၉၃

စုစုပေါင်း  ၆၆၆ .၇၈ ၁၄၁ .၆၄  ၇၄၆ .၈၃ ၁၅၅၅ .၂၅
 

Comments 

 
+5 #10 myatminchit 2010-12-20 13:14
Quoting ayenyeinkyaw:
၃၀၄၅ မီဂါဝပ်ထုတ်လု ပ်နိုင်ပြီဆို တော့ကျန်တဲ့ ၁၄၉ ၀ မီဂါဝပ်ကဘယ်လို ခြေထောက်ပေါက်ပြီးထွက်သွားတာလဲဗျ။EMGရဲ့ဆောင်းပါးကရှေ့နောက်မညီ ဘူးဖြစ်နေတယ်။၃၀ ၄၅ဆိုမြို့တော် တော်
များများမီးလင်ရ မှာပေါ့။တစ်နေရာ ထဲကွက်လင်းနေတာမ တရားပါဘူး။

ဒါက စက်တပ်ဆင် ထုတ်လုပ်အားကိုေ ပြာတယ်ထင်ပါတယ်။ ဆည်တွေမှာ ရေပြည့်နေလို့ တာဘိုင်တွေအင်အားပြည့်လည်မယ်။။ ဓါတ်ငွေ့ ဓါတ်အားပေးစက်ရုံတွေက စက်မပျက်လို့ ပိုက်မပေါက်လို့ စွမ်းအားပြည့်ထု တ်နိုင်မယ်ဆိုရင် ဒီ 3000 ကျော်က အပြည့်ထွက်မယ်ဆိုတဲ့ သဘောပဲ။ နွေရာသီမှာ ရေနည်းလို့ စက်စွမ်အားပြည့် မလည်နိုင်တော့ဘူးဆိုရင် ဓါတ်ငွေ့ ပိုက်တွေပေါက်လို့ ။ စက်တွေပျက်လို့ အားမထုတ်နိုင်တော့ဘူးဆိုရင် မလုံလောက်တော့ပဲ ခွဲတမ်းနဲ့ သွားမယ်ထင်တယ်။
 
 
+14 #9 ayenyeinkyaw 2010-12-20 10:30
၃၀၄၅ မီဂါဝပ်ထုတ်လု ပ်နိုင်ပြီဆို တော့ကျန်တဲ့ ၁၄၉ ၀ မီဂါဝပ်ကဘယ်လို ခြေထောက်ပေါက်ပြီးထွက်သွားတာလဲဗျ။EMGရဲ့ဆောင်းပါးကရှေ့နောက်မညီ ဘူးဖြစ်နေတယ်။၃၀ ၄၅ဆိုမြို့တော် တော်
များများမီးလင်ရ မှာပေါ့။တစ်နေရာ ထဲကွက်လင်းနေတာမ တရားပါဘူး။