Pages

Sunday, January 9, 2011

စစ်ခွေးတွေရဲ့ သားသမီးများ အစိုးရသစ်အောက်တွင် စစ်မှုမထမ်းမနေရ

E-mail Print PDF
မြန်မာစစ်အစိုးရရဲ့ အသက် ၁၈ နှစ်နှင့် ၄၅ နှစ်ကြားရှိ အမျိုးသား အမျိုးသမီး အားလုံး စစ်မှု မထမ်းမနေရ ဥပဒေ မူကြမ်းတစ်ခုကို ဂျပန်NHK သတင်းဌာနက ရရှိထားကြောင်း ကြေငြာလိုက်သည်။
အမျိုးသားများမှာ အသက် ၁၈နှစ်နှင့် ၄၅ နှစ်ကြားဖြစ်ပြီး၊ အမျိုးသမီးများမှာ အသက်၁၈ နှစ်နှင့် ၃၅ နှစ်ကြား ဖြစ်သည်။ စစ်တပ်ထဲ နှစ်နှစ် သို့မဟုတ် သုံးနှစ် အမှုထမ်းရမည်။ ခန္ဓာကိုယ် မစွမ်းမသန်သူများ မှလွဲလို့ အသက်ပြည့်မှီသူ အားလုံး မြို့နယ်အသီးသီးရှိ အာဏာပိုင်များထံ စာရင်းပေးသွင်း ရမည့်အကြောင်း ဖော်ပြထားသည်ဟု ဆိုသည်။ စာရင်း ပေးသွင်းဖို့ ပျက်ကွက်သူနှင့် စစ်မှုထမ်းဖို့ တိမ်းရှောင်သူများမှာ ထောင်ဒဏ် ငါးနှစ်အထက် ကျခံရမည်ဟု ဆိုသည်။
အဆိုပါ စစ်မှု မထမ်းမနေရ ဥပဒေကို မကြာမီ ကျင်းပတော့မည့် လွှတ်တော်တွင် အတည်ပြု ပြဌာန်းသွားမည် ဖြစ်ကြောင်း NHK သတင်းဌာနမှ ၂၀၁၁ ခု၊ ဇန်န၀ါရီလ ၇ ရက်၊ ဂျပန်စံတော်ချိန် ည ၇ နာရီ ၂၈ မိနစ်တွင် ထုတ်လွှင့်သွားခဲ့သည်။
သတင်း NHK (http://www.nhk.or.jp/daily/english/07_27.html )