Pages

Monday, January 31, 2011

အမေရိကန်ပတ်စပို့ကိုင်ထားတဲ့ အီဂျစ်များ အဝေးက အော်မနေဘဲ တိုင်းပြည်ပြန်လာပြီး ဆန္ဒပြပွဲ ၀င်နွှဲကြ

စစ်တပ်က လူထုကို လုံးဝမပစ်ဘူး၊ အစိုးရက ဆန္ဒပြသူများနဲ့ စကားပြောဖို့ကမ်းလှမ်း

E-mail Print PDF
မူဘာရခ်ကို ဆန့်ကျင်သူ အင်အားစုများမှာ အား ကောင်းလာပြီး၊ စစ်တပ်က ပထမဆုံးအကြိမ် ဆန္ဒပြသူ တွေကို မပစ်ဘူးလို့ တင်္နလာနေ့တွင် ကြေငြာလိုက်သည်။ စစ်တပ် လူထုဘက် ပါသွားတဲ့အတွက် အစိုးရက ဆန္ဒပြ
ခေါင်းဆောင်များ နဲ့ စကားပြောဖို့ ချက်ချင်း ကမ်းလှမ်းလိုက်သည်။
ယနေ့အင်္ဂါနေ့ အီဂျစ်လူထုရဲ့ သန်းချီ အရှိန်အဟုန်မြှင့် ဆန္ဒပြပွဲအစီအစဉ်ကို စစ်တပ်က မပစ်ခတ်ဘဲ ကြားနေမည်ဟု ကြေငြာပြီးနောက် ဒုတိယသမ္မတ အသစ် အိုမာ ဆူလီယန်မန်က ဆွေးနွေးဖို့ ကမ်းလှမ်းခဲ့ခြင်း ဖြစ်သည်။ သို့သော် ဆန္ဒပြသူများက မူဘာရခ် အပြီးတိုင် ဆင်းပေးရေးကို ဆက်တိုက် တောင်းဆိုသွားမည် ဖြစ်သည်။
ပြီးခဲ့တဲ့နှစ်ရက်အတွင်း အားကောင်းတဲ့ မူဆလင် ဘရားသားဟုဒ် အဖွဲ့၊ ဘာသာရေး မဟုတ်တဲ့အဖွဲ့များ၊ အခြား အတိုက်အခံများမှာ နိုဘယ်ဆုရှင် မိုဟာမဒ် အယ်လ်ဘာရာဒေး ဦးဆောင်မှုအောက်တွင် ညီညွတ်မှုရရှိပြီး ယနေ့ လူတစ်သန်း ကျော် ဆန္ဒပြပွဲကို စီစဉ်ခဲ့ခြင်း ဖြစ်သည်။
ဒုတိယသမ္မတရဲ့ မိတ်ဆွေ အငြိမ်းစား သံတမန်ကြီး မိုဟာမဒ် ရှိုခရေး က “စစ်တပ်ဟာ ရုပ်သေးမဟုတ်သလို၊ နွားလည်း မဟုတ်ဘူး။ မူဘာရခ်အပါအ၀င် ဘယ်သူ့လက်ထဲမှာမှ မရှိဘူး။ ပြည်သူ့စစ်တပ်ပဲ ဖြစ်ရမယ်။ စစ်တပ်ဟာ လူငယ်တွေနဲ့ ထိပ်တိုက်ပဋိပက္ခဖြစ်စရာ ဘာအကြောင်းမှ မရှိဘူး။ ဗိုလ်ချုပ်တွေက လူထုကို ပစ်သတ်ဖို့နဲ့ ပြည်တွင်းစစ် ဖြစ်ဖို့ထက်၊ မူဘာရခ် နှုတ်ထွက်ဖို့ပဲ တောင်းဆိုလိမ့်မယ်” ဟု The News York Times ကို ပြောဆိုခဲ့သည်။
ပြီးခဲ့တဲ့ အင်္ဂါနေ့က စတင်ခဲ့တဲ့ အီဂျစ် ဆန္ဒပြပွဲမှာ တစ်ပတ်အတွင်း အောင်ပွဲများနှင့်အတူ စနစ်တကျ ဆန္ဒပြမှု အရှိန်အဟုန် ပိုမြင့်လာသည်။ တိုင်းပြည်စီးပွားရေး ယိုယွင်းမှု၊ ဆင်းရဲမွဲတေမှု၊ အစိုးရခြစားမှုများနဲ့ အတူ မူဘာရခ် ပြုတ်ကျရေး ကို မနေ့က ကြွေးကြော်အော်ဟစ်ကြသည်။
အမေရိကန်ပတ်စပို့ကိုင်ထားတဲ့ အီဂျစ်များ အဝေးက အော်မနေဘဲ တိုင်းပြည်ပြန်လာပြီး ဆန္ဒပြပွဲ ၀င်နွှဲကြသည်။ စစ်တပ်နဲ့ လူထုမှာ တော်လှန်ရေးတွင် တစ်သားထဲ ဖြစ်သွားသည်။
Source: The New York Times