Pages

Tuesday, January 4, 2011

အမေရိကန်တပ်မတော်သမိုင်းတွင် မြန်မာမိန်းမလျာများ ပထမဆုံးအကြိမ် စစ်မှုထမ်းခွင့်ရလာနိုင်တော့မည်

အမေရိကန်တပ်မတော်သမိုင်းတွင် မြန်မာမိန်းမလျာများ ပထမဆုံးအကြိမ် စစ်မှုထမ်းခွင့်ရလာနိုင်တော့မည်
ဝါရှင်တန်၊ ဒီဇင်ဘာ - ၂၀

အမေရိကန်ပြည်ထောင်စုတွင် မိန်းမလျာ များအား တပ်ဖွဲ့များတွင် ပွင့်ပွင့်လင်းလင်းတာ ၀န်ထမ်းဆောင်မှုအပေါ် ပိတ်ပင်ထားသော 'မမေးနဲ့၊ မပြောနဲ့'မူဝါဒ ချမှတ်ပိတ်ပင်ထားခဲ့မှု အား ဆီးနိတ်တွင် မဲခွဲဆုံးဖြတ်ပြီးနောက် ထိုတား မြစ်ချက်အား ဖျက်သိမ်းနိုင်ခဲ့ပြီး ထိုနိုင်ငံ၏ တပ်မ တော်သမိုင်းတွင် မိန်းမလျာများ ပွင့်ပွင့်လင်းလင်း စစ်မှုထမ်းလာရန် ပထမဆုံးအကြိမ် ခွင့်ပြုပေး လာနိုင်တော့မည်ဖြစ်သည်ဟု သိရသည်။
အတိုက်အခံများကမူ ထိုတားမြစ်ချက်ပယ် ဖျက်ခြင်းသည် စစ်မြေပြင်ဆိုင်ရာ အနှောင့်အ ယှက်တစ်ခုနှင့် တပ်ဖွဲ့ဝင်များအား အန္တရာယ်ဖြစ် စေနိုင်သည့် အလားအလာရှိလာမှု ဖြစ်လာစေ မည်ဟု ပြောကြားခဲ့သည်။
ဒါဟာ ဒီဆယ်စုနှစ်ရဲ့ အရပ်ဘက်ဆိုင်ရာ အခွင့်အရေးများ သတ်မှတ်ခြင်းဆိုင်ရာ အစီအစဉ် တစ်ရပ်ဖြစ်သည်ဟု အမှုထမ်းများဆိုင်ရာဥပဒေ အကာအကွယ်ပေးရေးကွန်ရက်မှ ညွှန်ကြားရေး မှူးမစ္စတာအူဘာရီဆာဗစ်က ပြောကြားခဲ့သည်။
ယခင်သမ္မတဟောင်း ဘီကလင်တန်လက် ထက် အဆိုပါတားမြစ်ချက်မူဝါဒကြောင့် ခန့်မှန်း တပ်ဖွဲ့ဝင် ၁၃၀၀၀အား ထုတ်ပယ်ပစ်ခဲ့ရသည်။
ပြီးခဲ့သည့်စနေနေ့တွင်မူ အထက်လွှတ် တော်၌ အထက်ပါတားမြစ်ချက်အား ၆၅-၃၁ ဖြင့် မဲခွဲအနိုင်ရခဲ့ပြီးနောက် နှစ်ပေါင်းရှည်ကြာစွာ ဥပဒေရေးရာအရ အချေအတင်ဖြစ်ခဲ့သော ၁၉၉၃ခုနှစ်မူဝါဒသည် အဆုံးသတ်သွားခဲ့သည်။
ပြီးခဲ့သည့်အပတ်ကလည်း ထိုဥပဒေကြမ်း ကို အောက်လွှတ်တော်တွင် မဲခွဲဆုံးဖြတ်ခဲ့ရာ ၂၅၀-၁၇၅ဖြင့် ကျော်ဖြတ်နိုင်ခဲ့သည်။