Pages

Monday, February 21, 2011

ဖွတ်ပါတီနှစ်ချမ်းကွဲတာမြင်တွေ့ကြရတော့မည်။

              Facebook news
by Aung Min on Monday, February 21, 2011 at 5:57pm

နေပြည်တော်မှလာသော သတင်းတပုဒ်အရ စက်မှု(၁)ဝန်ကြီးဦးအောင်သောင်းေ
ခါင်းဆောင်ပြီး ရဲချုပ်ခင်ရီ၊ မြို့တော်ဝန်အောင်သိန်းလင်း နှင့်အခြား သိန်းစိန်အစိုးရအဖွဲ့သစ်တွင် အဓိကနေရာမရရှိကြသော ကြံ့ဖွတ်အမတ်များသည် သိန်စိန်အစိုးရအား ထောက်ခံခြင်းမရှိဘဲ အခြင်းခြင်း စကားများရန်ဖြစ်ကြကာ။ ဦးအောင်သောင်းက မိမိသည် ကြံ့ဖွတ်အဖွဲ့ကြီးအား အသက်နှင့်ရင်း၍တည်ဆောက်ခဲ့ပြီး အစိုးရသစ်တွင် မိမိအား ချန်လှပ်ထားခြင်းမှာ လုံးဝလက်ခံနိုင်စရာအကြောင်းမရှိကြောင်း ထို့ကြောင့် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ အားမိမိဆက်လက်ဦးဆောင်နိုင်အောင်ကြိုးစားမည်ဟု ၄င်းနှင့်နီးစပ်သော အသိုင်းအဝိုင်းအားပြောကြားခဲ့ပါတယ်။ ထိုသတင်းကိုအခြေခံပြီး နေပြည်တော်ဝန်ထမ်းအသိုင်းအဝိုင်းတွင် ဦးအောင်သောင်းမှဦးဆောင်၍ ကြံ့ဖွတ်ပါတီ(မူလ) အမည်ဖြင့် ယ္ခုရှိပြီးသားကြံ့ဖွတ်ပါတီမှ ခွဲထွက်ခါ ကြံ့ဖွတ်ပါတီအတွင်းမှ ၄င်းအားထောက်ခံသူများနှင့် ကြံ့ဖွတ်ပါတီအမည်နှင့်ပင် ပါတီခွဲထောင်ပြီး လွတ်တော်တွင်းအတိုက်အခံများနှင့် မဟာမိတ်ဖွဲကာ သိန်းစိန်အစိုးရကို ဖယ်ရှားပြီး ၄င်းဦးဆောင်သည့် အစိုးရအဖွဲ့ကို ဖွဲ့စည်းမည်ဟု နေပြည်တော်တွင် သတင်းများထွက်ပေါ်လျှက်ရှိကြောင်းသိရပါတယ်။