Pages

Friday, February 25, 2011

မြန်မာစစ်ခွေးတွေက လုံထိန်းတပ်တွေ ကို ကဒါဖီကိုကူညီရန်အတွက်စေလွတ်မည်

လစ်ဗျားရောက် တောင်အာရှနိုင်ငံများမှ ရွှေ့ပြောင်းလုပ်သား အများအပြားကို ပြန်လည်ခေါ်ယူရန် စီစဉ် PDF Print
AddThis Social Bookmark Button
b34822
လစ်ဗျားမှ ထွက်ခွာလာသော တူနီရှား နိုင်ငံသားများ နယ်စပ်စခန်းသို့ ဖေဖော်ဝါရီ ၂၃ ရက်နေ့က ရောက်ရှိလာကြစဉ်
လစ်ဗျားနိုင်ငံရောက် တောင်အာရှနိုင်ငံများမှ ရွှေ့ပြောင်းလုပ်သား တစ်သောင်းနီးပါးကိုတင်ရန် သက်ဆိုင်ရာနိုင်ငံများက စီစဉ်နေခဲ့သည်။ အဆိုပါ ရွှေ့ပြောင်းလုပ်သား အများစုသည် ဆောက်လုပ်ရေး လုပ်ငန်းတွင်
လုပ်ကိုင်နေသည့် ၀င်ငွေနည်း လုပ်သားများ ဖြစ်ကြသည်။
''လစ်ဗျားနိုင်ငံမှာ ရောက်နေတဲ့ အိန္ဒိယနိုင်ငံသားတွေကို ရေကြောင်းနဲ့ လေကြောင်းကနေ ကယ်တင်ဖို့ စီစဉ်ထားပါတယ်။ ဒီကယ်တင်မှုဟာ ကြီးမားတဲ့ လုပ်ငန်းစဉ်တစ်ခု ဖြစ်လာနိုင်တယ်။ လေယာဉ်(သို့မဟုတ်)သင်္ဘောအတွက် နေရာစီစဉ်ပေးမှု သာမက အဲဒီယာဉ်တွေကို လစ်ဗျားနိုင်ငံအတွင်း ၀င်ရောက်ဖို့အတွက် တာဝန်ရှိသူတွေဆီက ခွင့်ပြုချက် တောင်းခံဖို့လည်း လိုတယ်''ဟု အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး Nirupama Rao က သတင်းထောက်များကို ပြောကြားခဲ့သည်။
လစ်ဗျားနိုင်ငံတွင် နေထိုင်သည့် အိန္ဒိယနိုင်ငံသား ၁၈၀၀၀ နီးပါးရှိပြီး နိုင်ငံသား ၃၀၀၀ ခန့်သည် အကြမ်းဖက်မှုများ ဖြစ်ပွားနေသည့် Benghazi မြို့ရှိ မော်တော်ကား ကုမ္ပဏီများနှင့် ဆေးရုံများတွင် အလုပ်လုပ်နေကြောင်း
သတင်းများတွင် ဖော်ပြခဲ့သည်။
နိုင်ငံရပ်ခြားတွင် အလုပ်လုပ်နေသည့် ရွှေ့ပြောင်းလုပ်သားများထံမှ ပြန်ပို့ငွေကို မီခိုနေရသည့် ဘင်္ဂလားဒေ့ရှ် နိုင်ငံကလည်း လစ်ဗျားနိုင်ငံတွင် ရောက်ရှိနေသည့် မိမိနိုင်ငံသားများကို ကယ်တင်ရန် စုံစမ်းနေကြောင်း
ထုတ်ပြန်ခဲ့သည်။
''ကျွန်တော်တို့နဲ့ အဓိက သက်ဆိုင်တာကတော့ လစ်ဗျားနိုင်ငံမှာ ရောက်ရှိနေတဲ့ ဘင်္ဂလားဒေ့ရှ် အလုပ်သမား ခြောက်သောင်းကျော်ရဲ့ ဘေးကင်းမှု လုံခြုံရေး အတွက်ပါ''ဟု ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး Mijarul Quayes က ပြောကြားခဲ့သည်။
သီရိလင်္ကာ နိုင်ငံကလည်း မိမိတို့ နိုင်ငံသားများကို ကယ်တင်မည့် အစီအစဉ်အတွက် အကူအညီတောင်းခံရန် နိုင်ငံတကာဆိုင်ရာ ရေကြောင်းအဖွဲ့နှင့် ဆက်သွယ်ခဲ့သည်။ လစ်ဗျားတွင် တရားဝင် သွားရောက် အလုပ်လုပ်ကိုင်ရန် မှတ်ပုံတင်ထားသည့် သီရိလင်္ကာနိုင်ငံသား လုပ်သားဦးရေမှာ ၁၂၀၀ ရှိသည်။ နီပေါကလည်း လစ်ဗျားတွင် ရောက်ရှိနေသည့် နီပေါနိုင်ငံသား ၂၀၀၀ ကို ကယ်တင်ရန် စုံစမ်းနေကြောင်း သိရှိရသည်။
မှတ်ချက်၊   ၊   မြန်မာ စစ်ခွေးတွေကတော့ ဘာမှစိတ်မဝင်စားတာလား
မြန်မာစစ်ခွေးတွေက လုံထိန်းတပ်တွေ ကို ကဒါဖီကိုကူညီရန်အတွက်စေလွတ်ဘို့ စဉ်းစားနေတာလား