Pages

Saturday, February 26, 2011

ကဒါဖီ ရဲ့သား PhD ဘွဲ့ ကိုစာတမ်း ခိုးကူးပြီးရယူထားကြောင်း တွေ့ရှိ

E-mail Print PDF

လစ်ဗျားခေါင်းဆောင် ကဒါဖီ ရဲ့ သားဖြစ်သူ ဆေးဖ် အယ်လ် အစ္စလာမ် မှာ LSE လို့ နာမည်ကြီးတဲ့ London School of Economics တက္ကသိုလ်မှ PhD ဒေါက်တာဘွဲ့ ရရှိခဲ့သူဖြစ်သည်။
PhD ဘွဲ့များရဲ့ သဘောမှာ အလွတ်ကျက် အာဂုံဆောင်ရတဲ့ တိပဋိကဘွဲ့မျိုးနှင့် ကွာခြားသည်။ မည်သူ တစ်ဦးတစ်ယောက် မှ မတွေ့ရှိသေးတဲ့ ကိုယ်ပိုင် အယူအဆတစ်ခုကို သုတေသနပြု တင်ပြနိုင်ခြင်းကြောင့်သာ ရရှိသော ဘွဲ့ ဖြစ်သည်။ PhD ဘွဲ့အတွက် ၄ နှစ် ၅ နှစ် ၁၀ နှစ် စသဖြင့် အချိန်ယူ ဘ၀နှစ်ပြီး သုတေသန လုပ်ကြရသည်။
PhD ဘွဲ့ယူ စာတမ်းများမှာ စာမျက်နှာ ရာချီပြီး ရေးသားထားတာလည်း ဖြစ်နိုင်သလို တစ်မျက်နှာထဲလည်း ဖြစ်နိုင်သည်။ ဥပမာ နိုဘယ်ဆုရ ဘောဂဗေဒပညာရှင် ပေါ်လ် ဆင်မျူရယ်လ်ဆင်ရဲ့ စာတမ်းမှာ တစ်မျက်နှာသာ ရှိသည်ဟု နာမည်ကြီး သည်။ အရေးကြီးတာက စာတမ်းပြုစုသူမှ အသစ်တွေ့ရှိချက် စစ်စစ်ကို တင်ပြဆွေးနွေးနိုင်ဖို့သာ ဖြစ်သည်။ ဒါကြောင့် လည်း PhD ဘွဲ့ နောက်တွင် ဘယ်တက္ကသိုလ်က ရတာလဲ ဆိုတာ ကြည့်ကြခြင်း ဖြစ်သည်။
ယခု အဏာရှင် ကဒါဖီ ရဲ့သား အာဏာရှင်လေးရဲ့ PhD စာတမ်းမှာ သူကိုယ်တိုင် ပြုစုတာပဲလား အငှားရှဲဒိုး (ghost writer) နဲ့ ရေးခိုင်းတာလားဆိုတဲ့ ပြဿနာ ပေါ်လာသည်။ အာဏာရှင်စိတ်ရှိသူနဲ့ PhD ဘာမှ ပတ်သက်စရာ မရှိတဲ့အတွက် ပညာရေး နောက်ကြောင်း ပြန်လိုက်သူတို့က လိုက်သည်။ သူ့စာတမ်းတွင် ခိုးချထားတာတွေ တပုံတပင် တွေ့ကြရသည်ဟု The Economist ဂျာနယ်က ဖွင့်ချလိုက်သည်။ ဒီအတွက် နာမည်ကြီး LSE တက္ကသိုလ်နဲ့ ကဒါဖီ ရဲ့သား စာတမ်းကို ကြီးကြပ်ပေးခဲ့သူ၊ စာစစ် ဘုတ်အဖွဲ့တို့မှာပါ သိက္ခာကျစရာများ ဖြစ်လာခဲ့သည်။ တာဝန်မဲ့မှုများ ဖြစ်လာသည်။
ကဒါဖီ သား ဆေးဖ် အယ်လ် အစ္စလာမ် ရဲ့ ဘွဲ့ယူစာတမ်းတွင် အမေရိကန် စီးပွားရေးပညာရှင် Matthew Bishop ရဲ့ Essential economics: an A-Z guide စာအုပ်ကို  ကိုးကားမှု မဟုတ်ဘဲ ၀ါကျအလိုက် အပိုဒ်လိုက် ခိုးကူးထားမှုကို တွေ့ရှိရသည်ဟု ဆိုသည်။
မောက္ခ နိုင်ငံတကာပညာရေး Source: The Economist