Pages

Friday, March 11, 2011

၈.၉ ပမာဏရှိ မြေငလျင်ကြောင့် ဂျပန်နိုင်ငံကို ဆူနာမီ ဧရာမလှိုင်းများ ၀င်ရောက်


E-mail Print PDF

မတ်လ ၁၁ရက် သောကြာနေ့ မွန်းလွဲပိုင်း ဂျပန်နိုင်ငံ ပင်လယ်ကမ်းခြေနဲ့ မိုင် ၈၀ အကွာတွင် ၈.၉ ပြင်းအား ပမာဏရှိ ငလျင်ကြီး လှုပ်ပြီးနောက် ဂျပန်အရှေ့မြောက် ကမ်းခြေတလျှောက် ဆူနာမီ ဧရာမ ရေလှိုင်းလုံးများ
ကြောက်မက်ဖွယ် တက်လာသည်။ ငလျင်ကြောင့် ဖြစ်ပေါ်လာတဲ့ ဆုနာမီလှိုင်းများမှာ ရုရှား၊ ချီလီ၊ ပီရူး၊ ဟာဝါရီကျွန်း၊ ဂူအန် အပါအ၀င် ပိစိဖိတ် ကမ်းခြေ နိုင်ငံ ၅၈ နိုင်ငံကို ဆက်လက် ရိုက်ခတ်ဖို့ ရှိနေသည်။
ဆူနာမီလှိုင်းလုံးကြီးများနဲ့အတူ ဂျပန်နိုင်ငံ မြောက်ဖက်ရှိ ကားများ၊ အိမ်များ မျောပါသွားပြီး တိုကျိုမြို့အပါအ၀င် ဆက်သွယ်ရေးများ ပြတ်တောက်သွားပြီး လေကြောင်းများ ရပ်တန့်သွားသည်။ လက်ရှိ ၁၅ ဦး သေဆုံးပြီး လူ ၃၀ ကျော်ဒဏ်ရာရသည်ဟု NHK သတင်းဌာနမှ ဖော်ပြသည်။